
Tom Leung





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

YouTube ဟာ လက်ရှိအချိန်မှာ Video တွေကို စိတ်ကြိုက်အများအပြား ကြည့်ရှုနိုင်တဲ့ Video Platform တစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ YouTube ကနေ Mobile Device User တွေအတွက် Feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။

Tom Leung

အခု Feature အသစ်ကတော့ “Explore” လို့ နာမည်ပေးထားတဲ့ Feature တစ်ခုဖြစ်ပြီးတော့ အဆိုပါ Feature ဟာ သီးခြား Tab တစ်ခုအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဆိုပါ Explore Tab ကို ဝင်ကြည့်လိုက်မယ်ဆိုရင် လက်ရှိကိုယ် Subscribed ပြုလုပ်ထားတဲ့ Channel တွေ၊ ကြည့်နေတဲ့ Video တွေနဲ့ ဆက်စပ်မှုရှိတဲ့ Video တွေမဟုတ်တဲ့ သီးခြား Videos တွေ၊ Channel တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အခု Feature ဟာ ဘာနဲ့သွားတူမလဲဆိုရင် Instagram ရဲ့ Explore Feature နဲ့ တူညီနေမှာဖြစ်ပါတယ်။

YouTube Explore Feature

YouTube ရဲ့ Director of Product Management နဲ့ Creator Insider Channel ရဲ့ Host တစ်ဦးဖြစ်တဲ့ Tom Leung ကတော့ YouTube ဟာ iOS Version YouTube Application ကို အသုံးပြုနေတဲ့သူတွေထဲက ၁ ရာခိုင်နှုန်းကို စတင်စမ်းသပ်မှုတွေပြုလုပ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ Tom ရဲ့ ပြောကြားချက်အရတော့ Explore ဟာ အသုံးပြုသူတွေကို မတူညီတဲ့ Topics တွေ၊ Videos တွေ နဲ့ Channels အသစ်တွေကို တွေ့ရှိစေမှာဖြစ်ပြီးတော့ လုံးဝအသစ်အဆန်းဖြစ်နေမှာမဟုတ်ဘဲနဲ့ Viewing Activity ကို မူတည်ပြီးတော့ Personalized ပြုလုပ်ထားတဲ့အတွက် အများစုအတွက် အသုံးဝင်မှာပါ။

YouTube အနေနဲ့ လက်ရှိအချိန်မှာ Home Feed အပြင် Subscribed Tab နဲ့ Trending Tab တွေကို ဝန်ဆောင်မှုပေးနေပြီးတော့ အခု Explore Tab က YouTube ရဲ့ နောက်ထပ် အရေးပါတဲ့ Feature တစ်ခုဖြစ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com