[Zawgyi]


Blank Page



Min Than Htike (Akhayar)

www.akhayar.com

[Unicode]

YouTube Server Down သွားခဲ့တယ်လို့ သိရ

လူသုံးအများဆုံး Video Platform တစ်ခုဖြစ်တဲ့ YouTube ရဲ့ Server က Down နေတယ်လို့သိရပါတယ်။ Mobile ရော Web မှာပါ ကြည့်လို့မရဖြစ်နေတာပါ။ စဖြစ်တဲ့အချိန်ကတော့ ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၇ နာရီ မိနစ် ၂၀ လောက်ကစတယ်လို့ သိရပါတယ်။ 

Blank Page

အခုအထိ ပြန်သုံးလို့မရဖြစ်နေပြီး အခုဆိုရင် တစ်နာရီကျော်ကြာနေပါပြီ။ အခုလို ဖြစ်ပွားတာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ Twitter မှာလည်း YouTube က Tweet တစ်ခု တင်ထားခဲ့တာဖြစ်ပြီး အခုလို ဖြစ်နေတာကို ဖြေရှင်းပေးမယ်လို့လည်း ပြောထားပါတယ်။ 

အခုလို လူသုံးအများဆုံးဖြစ်တဲ့ Google ပိုင် Server တစ်ခုအနနဲ့ အချိန်အကြာကြီးသုံးမရဖြစ်တာ ရှားပါတယ်။ YouTube ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ YouTube TV မှာတော့ အခုလို ဖြစ်တတ်ပေမယ့် ဒီလောက်ကြာအောင်ဖြစ်တာကတော့ မရှိသလောက်ပါပဲ။ 

Min Than Htike (Akhayar)

www.akhayar.com