Zawyè (Akhayar) 
www.akhayar.com
[UNICODE]
ယနေ့မနက်အစောပို်င်း ၇ နာရီဝန်းကျင်ကနေစတင်ပြီးတော့ လက်ရှိမှာ အကြီးမားဆုံး Video Streaming Service တစ်ခုဖြစ်တဲ့ YouTube က Down သွားခဲ့ပါတယ်။ ဒါကလည်း Website ကို ဝင်ရောက်လို့မရတာမျိုးမဟုတ်ဘဲ Stable မဖြစ်တာမျိုးဖြစ်နေတာပါ။
ဒီအတွက်ကို YouTube ကနေ သူ့ရဲ့ Twitter Account မှာ ယခုလိုမျိုး ဖြစ်နေတာက YouTube ၊ YouTube TV နဲ့ YouTube Music တွေအကုန်ပါဝင်တယ်လို့ အတည်ပြုပေးခဲ့ပြီးတော့ အတတ်နိုင်ဆုံးပြန်လည်ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အခုဖြစ်သွားတဲ့ Error က Server Outrage ဖြစ်သွားတာလား၊ Attack ပြုလုပ်ခံရတာလား ဆိုတာတော့ မသေချာသေးပေမယ့် လောလောဆယ်မှာ YouTube Video တွေကြည့်လို့ အဆင်မပြေသေးဘဲ Error Message ပဲ တက်နေသလို Trending ၊ Gaming စတဲ့ Section တွေကိုလည်း ဝင်ရောက်လို့မရဖြစ်နေပါတယ်။
အခုလိုမျိုး YouTube လိုမျိုး Website တစ်ခု ဒီလိုမျိုး Down သွားတာက အချိန်တော်တော်ကြာပြီးမှ ပထမဆုံးအနေနဲ့ ကြုံတွေ့ရတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။
Zawyè (Akhayar) 
www.akhayar.com