[Zawgyi] 
Ref: The New York times
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
အင်္ဂါနေ့နေ့လည်က အမေရိကန်နိုငံ San Bruno, Calif မှာရှိတဲ့ YouTube ရုံးချုပ်မှာ သေနပ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူသုံးယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ ှSan Bruno ရဲတွေကသတင်းထုတ်ပြန်ထားပါတယ်။ 
သေနပ်ပစ်ခတ်ခဲ့တဲ့ တရားခံကတော့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တစ်ရားခံဟာ မိမိကိုယ်မိမိသေနပ်ဖြင့်ထိခိုက်စေမှုနဲ့ သေဆုံးသွာခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ထင်မြင်ချက်တွေနဲ့ ဆုတောင်းစာတွေကို Twitter မှာရေးသားခဲ့ပါတယ်။ သေနပ်ထိမှန်သူ သုံးယောက်ရှိခဲ့ပြီး San Francisco မှာရှိတဲ့  Zuckerberg ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံမှပြောရေးဆိုခွင့်ရှိသူ  Breng Andrew ရဲ့ပြောကြားချက်အရ အသက် ၃၆ နှစ် အမျိုးသားတစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး အသက် ၃၂ နှစ် အမျိုးသမီးတစ်ဦးကလည်း ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့သလို အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ သိပ်အခြေအနေမဆိုးဘူးလို့သိရပါတယ်။ 
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆုတောင်းစကားတွေ၊ အားပေးစကားတွေကိုလည်း အမေရိကန်သမ္မတ Donald Trump နဲ့ Apple ရဲ့ CEO Tim Cook အပါအဝင် နာမည်ကြီးပုဂ္ဂိုလ်တော်တော်များများကလည်း Twitter မှာ Post တွေတင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲသတင်းအနေနဲ့တော့ အခုလက်ရှိမှာ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး Twitter နဲ့ အမေရိကန်ပြည်တွင်းသတင်းစာတွေမှာလည်း အရေးကြီးသတင်းအနေနဲ့ လူအများစိတ်ဝင်စားနေတဲ့ သတင်းတစ်ခုဖြစ်နေတာကြောင့် Update ရသလောက်ဆက်လက်တင်ပြနေကြပါတယ်။ 
Ref: The New York times
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။