YouTube ဟာ လက္ရွိမွာ အၾကီးမားဆံုးေသာ Video Channel တစ္ခုျဖစ္ေနျပီးေတာ့ Desktop PC ကေန Web Browser ကေနပဲျဖစ္ျဖစ္၊ Android နဲ႔ iOS Device ေတြမွာ Mobile App ကေနတစ္ဆင့္ပဲျဖစ္ျဖစ္ အသံုးျပဳေနၾကတာျဖစ္ပါတယ္။

YouTube Dark Theme Web

အခုလုိမ်ိဳး YouTube ကို ၾကည့္ရႈသူမ်ားျပားလာတာနဲ႔အတူ Google ကေန မႏွစ္က စတင္ျပီးေတာ့ အသံုးျပဳသူေတြအမ်ားအျပားေတာင္းဆုိေနတဲ့ Feature အသစ္တစ္ခုကို ထည့္သြင္းေပးခဲ့ပါတယ္။ အဆိုပါ Feature ကေတာ့ Dark Mode ပဲျဖစ္ျပီးေတာ့ YouTube ကို အျမဲၾကည့္ရႈေနတဲ့သူေတြအတြက္ အေကာင္းဆံုးေသာ Feature တစ္ခုလည္းျဖစ္လာပါတယ္။

YouTube Dark Mode for iOS

Google ဟာ မႏွစ္တုန္းက စတင္ျပီး Web Browser မွာ YouTube အတြက္ Dark Mode ကို စတင္ထုတ္ေပးခဲ့ျပီးေတာ့ PC ေတြမွာ အရင္ဆံုးအသံုးျပဳလာႏုိင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ယခုႏွစ္အေစာပိုင္း မတ္လမွာ Google ကေန iOS အတြက္ YouTube Application မွာပါ Dark Mode ကို ယူေဆာင္လာေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းထဲက Google ဟာ Android App အတြက္ပါ Dark Mode ကို ရရွိေအာင္ ေဆာင္ရြက္ေနတယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ လနဲ႔ခ်ီျပီးၾကာျမင့္တဲ့အထိကို မရရွိခဲ့ပါဘူး။

အခုလုိမ်ိဳး Android Devices ေတြအတြက္ အခ်ိန္ၾကာျမင့္ေနတာက အသံုးျပဳသူေတြၾကားထဲမွာ Complain တက္စရာကိစၥတစ္ခုျဖစ္ပြားခဲ့ျပီး အထူးသျဖင့္ Android ေရာ YouTube ပါ Google က ပိုင္ဆိုင္တာျဖစ္တဲ့အတြက္ ဘာေၾကာင့္ iOS မွာ အရင္ရေနျပီး Android App မွာ ရရွိဖို႔ လနဲ႔ခ်ီၾကာေနရသလဲဆိုတာကို Forum ေတြမွာ ေမးခြန္းထုတ္ေနၾကတာျဖစ္ပါတယ္။

YouTube Dark Mode Android

ဒါေပမယ့္ အခုေနာက္ဆံုးမွာေတာ့ Reddit Forum က အသံုးျပဳသူတခ်ိဳ႕က သူတို႔ရဲ႕ Android YouTube Application မွာ Dark Mode ပါဝင္လာတာကို စတင္ေတြ႕ရွိခဲ့ၾကပါတယ္။ အဆိုပါသူေတြဟာ YouTube Application ကို ဖြင့္လုိက္တဲ့အခ်ိန္မွာ Dark Mode ကို ေျပာင္းလဲထားျပီး White Theme ကို Setting – General ကေန ျပန္လည္ေျပာင္းလဲႏုိင္တယ္ဆိုတဲ့ Prompt တစ္ခုကိုလည္း ျမင္ေတြ႕ခဲ့ရတယ္လုိ႔ ဆိုပါတယ္။

Google ဘက္ကေနလည္း အခုလုိမ်ိဳး Android YouTube App မွာ Dark Mode ရရွိလာတာကို အတည္ျပဳေပးခဲ့ျပီးေတာ့ လက္ရွိအခ်ိန္မွာ အသံုးျပဳသူတခ်ိဳ႕ကို စတင္စမ္းသပ္ေနတာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ အဲ့ဒီအတြက္ မၾကာခင္ရက္ပိုင္းအတြင္းမွာ YouTube ကို Android App ကေန အသံုးျပဳေနတဲ့သူတုိင္း Dark Mode နဲ႔ အသံုးျပဳႏုိင္ေတာ့မွာျဖစ္ပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

YouTube ဟာ လက်ရှိမှာ အကြီးမားဆုံးသော Video Channel တစ်ခုဖြစ်နေပြီးတော့ Desktop PC ကနေ Web Browser ကနေပဲဖြစ်ဖြစ်၊ Android နဲ့ iOS Device တွေမှာ Mobile App ကနေတစ်ဆင့်ပဲဖြစ်ဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။

YouTube Dark Theme Web

အခုလိုမျိုး YouTube ကို ကြည့်ရှုသူများပြားလာတာနဲ့အတူ Google ကနေ မနှစ်က စတင်ပြီးတော့ အသုံးပြုသူတွေအများအပြားတောင်းဆိုနေတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးခဲ့ပါတယ်။ အဆိုပါ Feature ကတော့ Dark Mode ပဲဖြစ်ပြီးတော့ YouTube ကို အမြဲကြည့်ရှုနေတဲ့သူတွေအတွက် အကောင်းဆုံးသော Feature တစ်ခုလည်းဖြစ်လာပါတယ်။

YouTube Dark Mode for iOS

Google ဟာ မနှစ်တုန်းက စတင်ပြီး Web Browser မှာ YouTube အတွက် Dark Mode ကို စတင်ထုတ်ပေးခဲ့ပြီးတော့ PC တွေမှာ အရင်ဆုံးအသုံးပြုလာနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ယခုနှစ်အစောပိုင်း မတ်လမှာ Google ကနေ iOS အတွက် YouTube Application မှာပါ Dark Mode ကို ယူဆောင်လာပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းထဲက Google ဟာ Android App အတွက်ပါ Dark Mode ကို ရရှိအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမယ့် လနဲ့ချီပြီးကြာမြင့်တဲ့အထိကို မရရှိခဲ့ပါဘူး။

အခုလိုမျိုး Android Devices တွေအတွက် အချိန်ကြာမြင့်နေတာက အသုံးပြုသူတွေကြားထဲမှာ Complain တက်စရာကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီး အထူးသဖြင့် Android ရော YouTube ပါ Google က ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ဘာကြောင့် iOS မှာ အရင်ရနေပြီး Android App မှာ ရရှိဖို့ လနဲ့ချီကြာနေရသလဲဆိုတာကို Forum တွေမှာ မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

YouTube Dark Mode Android

ဒါပေမယ့် အခုနောက်ဆုံးမှာတော့ Reddit Forum က အသုံးပြုသူတချို့က သူတို့ရဲ့ Android YouTube Application မှာ Dark Mode ပါဝင်လာတာကို စတင်တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါသူတွေဟာ YouTube Application ကို ဖွင့်လိုက်တဲ့အချိန်မှာ Dark Mode ကို ပြောင်းလဲထားပြီး White Theme ကို Setting – General ကနေ ပြန်လည်ပြောင်းလဲနိုင်တယ်ဆိုတဲ့ Prompt တစ်ခုကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Google ဘက်ကနေလည်း အခုလိုမျိုး Android YouTube App မှာ Dark Mode ရရှိလာတာကို အတည်ပြုပေးခဲ့ပြီးတော့ လက်ရှိအချိန်မှာ အသုံးပြုသူတချို့ကို စတင်စမ်းသပ်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် မကြာခင်ရက်ပိုင်းအတွင်းမှာ YouTube ကို Android App ကနေ အသုံးပြုနေတဲ့သူတိုင်း Dark Mode နဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com