




Samsung Galaxy Note 9


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung Galaxy Note 9 စမတ်ဖုန်းကို မနေ့တုန်းက တရားဝင်ကြေညာခဲ့တုန်းက Galaxy Note 9 က YouTube ရဲ့ “YouTube Signature Device for 2019” ဆိုပြီး ကြေညာသွားတာကို သတိထားမိမှာပါ။ အဲ့ဒီလိုမျိုး YouTube Signature Device ဆိုတာက မနေ့ကမှ YouTube ကနေ ထုတ်ပြန်ခဲ့တဲ့ Video တွေကြည့်ရှုဖို့ အကောင်းဆုံးစမတ်ဖုန်းတွေရဲ့ စာရင်းပဲဖြစ်ပါတယ်။

YouTube Signature Device

YouTube ဟာ အဆိုပါ Video တွေကြည့်ရှုဖို့အတွက်အကောင်းဆုံး Signature Device တွေအတွက် YouTube Device Report ကို စမတ်ဖုန်း ၁၈ လုံးထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖုန်း ၁၈ လုံးထဲမှာ Galaxy Note 9 က ထိပ်ဆုံးရောက်ရှိနေတာဖြစ်ပြီးတော့ အဆိုပါ စမတ်ဖုန်းတွေအားလုံးက 360-degree Footage တွေ၊ HDR Support ၊ High Frame Rate ၊ 4K Decoding ၊ Next Generation Codecs နဲ့ ယုံကြည်စိတ်ချရတဲ့ DRM Performance တွေရှိနေတဲ့အတွက် အခုလိုမျိုး ရွေးချယ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ Google ရဲ့ ပြောစကားအရတော့ အခု Report ထဲမှာပါဝင်တဲ့ စမတ်ဖုန်းတိုင်းဟာ စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ Video Playback Issue တွေမရှိအောင် အတူယှဉ်တွဲလုပ်ကိုင်ပြီး ပြင်ဆင်ထားတာလို့ သိရပါတယ်။

YouTube Signature Device

အခု စမတ်ဖုန်း ၁၈ မျိုးထဲမှာ Google Pixel 2 XL ၊ HTC U12 Plus နဲ့ OnePlus 6 လိုမျိုး ဖုန်းတွေလည်း ပါဝင်ခဲ့ပြီးတော့ တစ်ခုထူးခြားတာကတော့ Apple က ထုတ်လုပ်ထားတဲ့ iPhone တစ်ခုမှ ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါက YouTube ရော Android ကိုပါ Google က ပိုင်ဆိုင်တာကြောင့်ဖြစ်နိုင်ပေမယ့် ပိုပြီး ဖြစ်နိုင်တဲ့အချက်ကတော့ Apple က YouTube အတွက် Google က Developed ပြုလုပ်ထားတဲ့ VP9 Video Codec ကို Support ပြုလုပ်ခြင်း မရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ အခုလိုမျိုး Apple က VP9 Codec ကို Support ပေးခြင်းမရှိတဲ့အတွက် Safari ကနေ YouTube ကို 4K Resolution နဲ့ ကြည့်ရှုလို့ မရသလိုမျိုးပါပဲ။

Samsung Galaxy Note 9

ဘာပဲဖြစ်ဖြစ် တကယ်လို့ Video ကြည့်ဖို့ တစ်ခုထဲအတွက် စမတ်ဖုန်းတွေကို ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခု YouTube က ထုတ်ပေးလိုက်တဲ့ Signature Device Report က အသုံးဝင်ကောင်းဝင်နိုင်မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com