လြန္ခဲ့တဲ့ ၂၀၀၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ထဲက တည္ေထာင္ခဲ့တဲ့ YouTube ဟာ အခုဆိုရင္ သက္တမ္္းအားျဖင့္ ၁၂ ေက်ာ္သက္တမ္းရွိေနျပီပဲျဖစ္ပါတယ္။ စတင္တည္ေထာင္ထဲဲက အခုအခ်ိန္အထိ Logo Design ကို ေျပာင္းလဲမႈမျပဳလုပ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ YouTube ရဲ႕ Logo ကို ေျပာင္းလဲလုိက္ျပီပဲျဖစ္ပါတယ္။

ဘာလို႔ေျပာင္းလဲခဲ့တာလဲဆုိရင္ YouTube ရဲ႕ Tube စာလံုးက ဟိုးအရင္တုန္းက Vacuum Tubes ေတြနဲ႔ ျပဳလုပ္ထားတဲ့ Television ကိုဆိုလုိတာျဖစ္ျပီး ယခင္တုန္းက Tube စာလံုးမွာ အေပၚကထပ္ထားတဲ့ အနီေရာင္က Television ပံုစံမ်ိဳးကို Television ကို ရည္ရြယ္တဲ့ Tube စာလံုးမွာထည့္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ YouTube ဟာ တစ္လကို ၾကည့္ရႈသူ ၁.၅ ဘီလီယံရွိေနျပီး ၾကည့္ရႈသူေတြအကုန္လံုးနီးပါးက Television ေတြမွာထက္ အင္တာနက္အသံုးျပဳလုိ႔ရတဲ့ Mobile Devices ေတြနဲ႔ပဲ အသံုးျပဳေနၾကတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခင္က Televison ကို ရည္ရြယ္ခဲ့တဲ့ YouTube Design နဲ႔ မသက္ဆိုင္ေတာ့တဲ့အတြက္ အခုလုိေျပာင္းလဲဖို႔ စိတ္ကူးရရွိတာလုိ႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ အခုလုိေျပာင္းလဲတာမ်ိဳးကုိ လံုးဝကြဲျပားသြားေအာင္ျပဳလုပ္ဖုိ႔ စိတ္ကူးမရွိပဲ ဒီအတိုင္း အနည္းငယ္ပိုျပီး ကြဲျပားသြားေအာင္ ျပဳလုပ္ဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ YouTube ဟာ Video Streaming Service တစ္ခုထဲမဟုတ္ပဲ YouTube Kids ၊ Gaming ၊ Red ၊ TV နဲ႔ Music Service ေတြကိုပါ ျပဳလုပ္ေနတဲ့အတြက္ အကုန္လံုးအတြက္ အဆင္ေျပျပီး ကုိယ္စားျပဳႏုိင္တဲ Logo ကို ေျပာင္းလဲဖို႔ စိတ္ကူူးခဲ့တယ္လုိ႔ ဆိုပါတယ္။ အဲ့ဒီအတြက္ အသံုးျပဳတဲ့သူေတြကလည္း သိသိသာသာမကြာသြားပဲ အလြယ္တကူ YouTube ဆုိျပီး သိေနဖုိ႔က အေရးၾကီးတဲ့အခ်က္တစ္ခုအေနနဲ႔ ထည့္သြင္းစဥ္းစားခဲ့ရတာျဖစ္ပါတယ္။

နည္းလမ္းမ်ိဳးစံုစဥ္းစားျပီးေနာက္ဆံုးမွာေတာ့ ဗီဒီယို နဲ႔ သီခ်င္းေတြမွာ အေရးပါေနဆဲ Button တစ္ခုျဖစ္တဲ့ Play Button ကို အဓိကထားခဲ့ျပီး YouTube စာလံုးရဲ႕အေရွ႕မွာေျပာင္းလဲခဲ့ပါတယ္။ ေနာက္ခံ Background ကိုေတာ့ ဗီဒီယိုတုိင္းနဲ႔ အဆင္ေျပျပီး ယခင္ပံုစံနဲ႔ ေျပာင္းလဲမႈမရွိတဲ့ပံုစံကို စဥ္းစားတဲ့အခ်ိန္မွာေတာ့ ယခင္ Tube စာလံုးကို ဖံုးအုပ္ထားတဲ့ Television ပံုစံကို ထည့္သြင္းဖုိ႔ စဥ္းစားခဲ့ၾကပါတယ္။ အေရာင္ကိုေတာ့ RGB Standard ရဲ႕ အနီေရာင္အစစ္ျဖစ္တဲ့ #FF0000 Code ကိုပဲ အသံုးျပဳခဲ့ပါတယ္။ အဲ့ဒီအတြက္ ယခု YouTube ရဲ႕ ေနာက္ဆံုး Logo Design က YouTube စာလံုးအေရွ႕မွာ Play Icon ကို Television ပံုစံ အနီေရာင္ေအာက္ခံနဲ႔ ေတြ႕ရမွာျဖစ္ပါတယ္။

အခုလုိေျပာင္းလဲလုိက္တဲ့ ပံုစံကို Desktop Browser မွာနဲ႔ Mobile App ေတြမွာပါ ေတြ႕ရွိရမွာျဖစ္ျပီး Mobile Application Update မွာဆိုရင္ အနည္းငယ္ပိုျပီး Material Design ပံုစံပါေျပာင္းလဲထားတာျဖစ္ပါတယ္။ YouTube ကို Desktop Browser ကေန ဝင္ေရာက္ၾကည့္ရႈမယ္ဆုိရင္လည္း www.youtube.com/new ဆိုျပီး ဝင္ေရာက္လုိက္ရင္ ေနာက္ပိုင္းမွာ YouTube က ေျပာင္းလဲသြားမယ့္ Interface အသစ္နဲ႔ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အဲ့ဒီကေန Setting မွာ Background ကို အမည္းေရာင္ေျပာင္းလဲလုိ႔ရတဲ့ Dark Theme လည္း ပါဝင္ဦးမွာျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

[Unicode]

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထဲက တည်ထောင်ခဲ့တဲ့ YouTube ဟာ အခုဆိုရင် သက်တမ်းအားဖြင့် ၁၂ ကျော်သက်တမ်းရှိနေပြီပဲဖြစ်ပါတယ်။ စတင်တည်ထောက်ထဲက အခုအချိန်အထိ Logo Design ကို ပြောင်းလဲမှုမပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ YouTube ရဲ့ Logo ကို ပြောင်းလဲလိုက်ပြီပဲဖြစ်ပါတယ်။

ဘာလို့ပြောင်းလဲခဲ့တာလဲဆိုရင် YouTube ရဲ့ Tube စာလုံးက ဟိုးအရင်တုန်းက Vacuum Tubes တွေနဲ့ ပြုလုပ်ထားတဲ့ Television ကိုဆိုလိုတာဖြစ်ပြီး ယခင်တုန်းက Tube စာလုံးမှာ အပေါ်ကထပ်ထားတဲ့ အနီရောင်က Television ပုံစံမျိုးကို Television ကို ရည်ရွယ်တဲ့ Tube စာလုံးမှာထည့်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ YouTube ဟာ တစ်လကို ကြည့်ရှုသူ ၁.၅ ဘီလီယံရှိနေပြီး ကြည့်ရှုသူတွေအကုန်လုံးနီးပါးက Television တွေမှာထက် အင်တာနက်အသုံးပြုလို့ရတဲ့ Mobile Devices တွေနဲ့ပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်က Televison ကို ရည်ရွယ်ခဲ့တဲ့ YouTube Design နဲ့ မသက်ဆိုင်တော့တဲ့အတွက် အခုလိုပြောင်းလဲဖို့ စိတ်ကူးရရှိတာလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အခုလိုပြောင်းလဲတာမျိုးကို လုံးဝကွဲပြားသွားအောင်ပြုလုပ်ဖို့ စိတ်ကူးမရှိပဲ ဒီအတိုင်း အနည်းငယ်ပိုပြီး ကွဲပြားသွားအောင် ပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ YouTube ဟာ Video Streaming Service တစ်ခုထဲမဟုတ်ပဲ YouTube Kids ၊ Gaming ၊ Red ၊ TV နဲ့ Music Service တွေကိုပါ ပြုလုပ်နေတဲ့အတွက် အကုန်လုံးအတွက် အဆင်ပြေပြီး ကိုယ်စားပြုနိုင်တဲ Logo ကို ပြောင်းလဲဖို့ စိတ်ကူူးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် အသုံးပြုတဲ့သူတွေကလည်း သိသိသာသာမကွာသွားပဲ အလွယ်တကူ YouTube ဆိုပြီး သိနေဖို့က အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားခဲ့ရတာဖြစ်ပါတယ်။

နည်းလမ်းမျိုးစုံစဉ်းစားပြီးနောက်ဆုံးမှာတော့ ဗီဒီယို နဲ့ သီချင်းတွေမှာ အရေးပါနေဆဲ Button တစ်ခုဖြစ်တဲ့ Play Button ကို အဓိကထားခဲ့ပြီး YouTube စာလုံးရဲ့အရှေ့မှာပြောင်းလဲခဲ့ပါတယ်။ နောက်ခံ Background ကိုတော့ ဗီဒီယိုတိုင်းနဲ့ အဆင်ပြေပြီး ယခင်ပုံစံနဲ့ ပြောင်းလဲမှုမရှိတဲ့ပုံစံကို စဉ်းစားတဲ့အချိန်မှာတော့ ယခင် Tube စာလုံးကို ဖုံးအုပ်ထားတဲ့ Television ပုံစံကို ထည့်သွင်းဖို့ စဉ်းစားခဲ့ကြပါတယ်။ အရောင်ကိုတော့ RGB Standard ရဲ့ အနီရောင်အစစ်ဖြစ်တဲ့ #FF0000 Code ကိုပဲ အသုံးပြုခဲ့ပါတယ်။ အဲ့ဒီအတွက် ယခု YouTube ရဲ့ နောက်ဆုံး Logo Design က YouTube စာလုံးအရှေ့မှာ Play Icon ကို Television ပုံစံ အနီရောင်အောက်ခံနဲ့ တွေ့ရမှာဖြစ်ပါတယ်။

အခုလိုပြောင်းလဲလိုက်တဲ့ ပုံစံကို Desktop Browser မှာနဲ့ Mobile App တွေမှာပါ တွေ့ရှိရမှာဖြစ်ပြီး Mobile Application Update မှာဆိုရင် အနည်းငယ်ပိုပြီး Material Design ပုံစံပါပြောင်းလဲထားတာဖြစ်ပါတယ်။ YouTube ကို Desktop Browser ကနေ ဝင်ရောက်ကြည့်ရှုမယ်ဆိုရင်လည်း www.youtube.com/new ဆိုပြီး ဝင်ရောက်လိုက်ရင် နောက်ပိုင်းမှာ YouTube က ပြောင်းလဲသွားမယ့် Interface အသစ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီကနေ Setting မှာ Background ကို အမည်းရောင်ပြောင်းလဲလို့ရတဲ့ Dark Theme လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square