


YouTube



YouTube


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

YouTube ကနေ အခုအချိန်မှာ Creator တွေအတွက် အရေးပါတဲ့ Tool တစ်ခုကို အခုအချိန်မှာ ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ Tools ဟာ လက်ရှိ YouTube Creator တွေကို သူတို့ရဲ့ Video ကို တခြားသူတွေက ခိုးယူထားခြင်း ရှိမရှိကို အသိပေးသွားတော့မှာဖြစ်တဲ့အတွက် အခုလိုမျိုး Update ပြုလုပ်မှုက YouTube မှာ Video တွေကို တင်နေကြ Creator တွေအတွက်ကတော့ ဝမ်းသာစရာသတင်းတစ်ခုပဲဖြစ်ပါတယ်။

YouTube Copyright Match Tool

အခု YouTube ကနေ ထုတ်ပေးလိုက်တဲ့ Tool ကတော့ Copyright Match Tool လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Tool က YouTube မှာ Video တင်လိုက်ပြီဆိုတာနဲ့ တူညီတဲ့ Videos တွေရှိမရှိနဲ့ လက်ရှိ တခြားသော Videos တွေနဲ့ ဆင်တူမှုရှိမရှိဆိုတာကို စစ်ဆေးပေးသွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ အခု Tools က လုံးဝ Complete Video တွေကိုပဲ စစ်ဆေးသွားမှာဖြစ်ပြီးတော့ Clips တွေကိုတော့ စစ်ဆေးပေးမှာမဟုတ်ပါဘူး။

YouTube

ဒီ YouTube ရဲ့ Copyright Match Tool ကို အသုံးပြုချင်တယ်ဆိုရင်တော့ လာမယ့်အပတ်ကနေ စတင်ပြီးတော့ Subscribers ၁ သိန်းနဲ့ အထက်ရှိနေတဲ့ YouTube Creator တွေအတွက် Download ပြုလုပ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ YouTube Creators တွေအတွက်ကတော့ နောက်ပိုင်းလတွေကြမှ အသုံးပြုခွင့်ရရှိမယ်လို့ သိရပါတယ်။

တကယ်လို့ ဒီ Copyright Match Tool ကနေ တူညီတဲ့ Video တစ်ခုကို တွေ့ရှိတယ်ဆိုရင် Video Creators တွေက ဘာမှမပြုလုပ်ဘဲနေနိုင်သလို၊ အဆိုပါ Video တင်ထားတဲ့သူကို ဆက်သွယ်တာ ဒါမှမဟုတ် YouTube ကို အဆိုပါ Video ကို ဖြုတ်ချပေးဖို့ တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကိစ္စတွေမှာတော့ YouTube က ပထမဆုံး Video Upload တင်တဲ့သူကိုပဲ Original Creator လို့ သတ်မှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

YouTube

YouTube ဟာ ယခင်တုန်းကလည်း Content ID လို့ နာမည်ပေးထားတဲ့ တခြားသူတွေက Permission မရှိပဲ Videos တွေ တင်တာကို တားမြစ်နိုင်တဲ့ Program တစ်ခုကိုလည်း ပြုလုပ်ခဲ့ဖူးပေမယ့် အခု Copyright Match Tool က အဆိုပါ Content ID ထက် ပိုပြီး Creator အများအပြား အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com