








Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Chrome လိုမျိုး Web Browser တွေကို အသုံးပြုနေကြသူဆိုရင်တော့ Incognito Mode ဆိုတာကို ရင်းနှီးပြီးဖြစ်မှာပါ။ တစ်ခါတရံ ကိုယ့် Browser မှာ History မကျန်နေစေဘဲနဲ့ Web Browsing လုပ်ချင်တဲ့အချိန်၊ ဒါမှမဟုတ် တခြားတယောက်ယောက်ရဲ့ ကွန်ပျူတာ၊ Mobile Devices တွေကို ငှားပြီး Web Browsing လုပ်နေရတယ်ဆိုရင် အခု Incognito Mode က အလွန်အသုံးဝင်တဲ့ Feature တစ်ခုပါ။

YouTube Incognito Mode

အဲ့လိုပဲ Google Chrome ဒါမှမဟုတ် Web Browser တစ်ခုခုမှာ Google Account Sign In ဝင်ထားပြီး YouTube လိုမျိုး Website တွေကို ကြည့်မယ်ဆိုရင် YouTube ကနေ ကိုယ်ရှာဖွေထားတဲ့အကြောင်းအရာတွေ၊ ကြည့်ရှုခဲ့သမျှ Videos တွေကို History ပြန်လည်ကြည့်ရှုလို့ရပါတယ်။ ဒါကို ရှောင်လွှဲချင်တယ်ဆိုရင် Web Browser တွေမှာ Incognito Mode နဲ့ ကြည့်လို့ရတယ်ဆိုပေမယ့် YouTube Mobile App Version မှာတော့ ဖုန်းမှာ Google Account ဝင်ထားတာနဲ့ ကိုယ့် Account က YouTube မှာပါ တခါတည်း ဝင်ရောက်ထားပြီးဖြစ်နေတဲ့အတွက် အဆင်မပြေခဲ့ပါဘူး။

YouTube Incognito Mode

အခုအချိန်မှာတော့ Google ကနေ ဒီအတွက် YouTube Android App မှာ Incognito Mode ကို စတင်ထည့်သွင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Feature ကို YouTube App ကို နောက်ဆုံး Version Update လုပ်ထားတဲ့သူတွေစတင်အသုံးပြုနိုင်ပြီဖြစ်ပြီး App ရဲ့ Account Section ကနေ “Turn on Incognito Mode” ကို On လိုက်တာနဲ့ ကိုယ် ဘယ် Videos တွေပဲ ကြည့်ကြည့် Account History မှာ မှတ်သားပေးသွားတော့မှာမဟုတ်ပါဘူး။

YouTube Incognito Mode

အခုလိုမျိုး Incognito Mode ဝင်ရောက်ထားတယ်ဆိုတာကိုလည်း Screen ရဲ့ အောက်ခြေမှာ ဘားတန်းလေးတစ်ခုနဲ့ ဖော်ပြသွားမှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ Account Icon ပုံမှာလည်း Incognito Icon နဲ့ အစားထိုးသွားမှာပဲဖြစ်ပါတယ်။ Incognito Mode ကနေ ထွက်လိုက်တာနဲ့ ကိုယ့်ရဲ့ Google Account ကို ပြန်လည်ဝင်ရောက်သွားမှာဖြစ်ပြီး Incognito Mode မှာ အချိန်တစ်ခုအထိ အသုံးမပြုပဲနေတယ်ဆိုရင်လည်း Incognito Mode ကနေ ပြန်လည်ထွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို Incognito Mode နဲ့ အသုံးပြုနေတဲ့အချိန်မှာ Subscriptions ၊ Inbox နဲ့ Library Feature တွေကို အသုံးပြုနိုင်မှာမဟုတ်သလို Playlist ထဲကိုလည်း Video တွေထည့်ထားနိုင်မှာမဟုတ်ပါဘူး။

YouTube Incognito Mode

အခုလိုမျိုး Android အတွက် YouTube App မှာ Incognito Mode ပါဝင်လာတာက ကောင်းတဲ့အချက်ဖြစ်ပေမယ့်လည်း အခုအချိန်အထိ Android အတွက် YouTube App မှာ Dark Theme မရသေးတာကတော့ iOS နဲ့ ယှဉ်ရင် အားနည်းနေတုန်းပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com