[Zawgyi]

တစ္ခ်ိန္က ပ်ိဳေမတုိ႕ သဲသဲလႈပ္ Crush ခဲ့ရတဲ့ အုိပါး Kim Rae -won

အသက္(၃၇)ႏွစ္အရြယ္ ေတာင္ကုိရီးယားရဲ႕ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ Kim Rae -won ဟာ အြန္ေစာအငယ္ေလးလုိ႕သိထားၾကတဲ့ မင္းသမီးေခ်ာေလး Moon Geun-young နဲ႕ အတူ My little Bride ဆုိတဲ့ ဇာတ္ကားေလးမွာ ပရိသတ္အားေပးမႈတခဲနက္ရရွိခဲ့သူပါ။

၂၀၀၄ ခုႏွစ္က ထြက္ရွိခဲ့တဲ့ အဲ့ဒီဇာတ္ကားေလးဟာ ေတာင္ကုိရီးယားမွာ ဒုတိယေျမာက္ ၀င္ေငြအမ်ားဆုံးဇာတ္ကားျဖစ္ခဲ့သလုိ မင္းသား Kim Rae- won ဟာ ကုိယ့္ထက္ အသက္ထက္၀က္ငယ္တဲ့ အထက္တန္းေက်ာင္းသူေကာင္မေလးကုိ ရူးရူးမူးမူးခ်စ္မိေနတဲ့ ကုိၾကီးတစ္ေယာက္အျဖစ္ ပီပီျပင္ျပင္သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အသက္ငယ္တဲ့ေကာင္မေလးကုိ တန္ဖုိးထားျပီး အစစရာရာအလုိလိုက္တတ္တဲ့ ခ်စ္သူတစ္ေယာက္ ရဲ႕ ဇာတ္ေကာင္စရုိက္ပီျပင္လြန္းတာမုိ႕ 90 Borns  မမေတြရဲ႕  စိတ္ကူးထဲက ခ်စ္သူ ျဖစ္ခဲ့ဖူးပါတယ္။  ေခါင္မုိးေပၚကေၾကာင္ကေလး၊ တစ္ခါက တကၠသုိလ္ ဆုိတဲ့ အခ်စ္ဇာတ္လမ္းတြဲေတြနဲ႕လည္း လူၾကဳိက္မ်ားခဲ့တဲ့  Kim ဟာ လက္ရွိမွာလည္း အသက္ (၃၀)ေက်ာ္လူပ်ိဳၾကီးဘ၀နဲ႕ အရြယ္တင္ႏုပ်ဳိေနဆဲျဖစ္ပါတယ္။

ေယာက်ား္ပီသတဲ့ အရပ္အေမာင္းနဲ႕ ကိုယ္ခႏၶာ ပုိင္ဆုိင္ထားတဲ့ Kim ဟာ သူ႕ရဲ႕ ငယ္ဘ၀မွာတုန္းက ပေရာ္ဖက္ရွင္နယ္ ဘက္စကတ္ေဘာ ကစားသမားတစ္ေယာက္ျဖစ္ခ်င္ခဲ့ေပမယ့္ ကစားရင္း တံေတာင္ဆစ္မွာ ဒဏ္ရာရရွိခဲ့တဲ့အတြက္ သူ႕ရဲ႕ စိတ္ကူးအိပ္မက္ကုိ ရင္နာနာနဲ႕ စြန္႕လႊတ္ခဲ့ရတာပါ။ အရြယ္ေရာက္လာခ်ိန္မွာေတာ့ ေခ်ာင္အန္း တကၠသုိလ္မွာ သရုပ္ေဆာင္နဲ႕ ျပဇာတ္ ေမဂ်ာကုိ ေလ့လာသင္ယူခဲ့တယ္လုိ႕ သိရပါတယ္။

ဒါေၾကာင့္ သူအႏုပညာေလာကထဲ စျပီး၀င္ေရာက္ခ်ိန္ ၁၉၉၇ ခုႏွစ္မွာ Me ဆုိတဲ့ ဇာတ္ကားက သူ႕ရဲ႕ ပြဲဦးထြက္ဇာတ္ကားျဖစ္ခဲ့ပါတယ္ ။ ပရိသတ္အားေပးခ်စ္ခင္မႈရရွိထားတဲ့ မင္းသားေခ်ာ Kim ဟာ သူ႕ရဲ႕ အႏုပညာအရည္အေသြးေၾကာင့္ အေကာင္းဆုံးဇာတ္ေဆာင္ဆုေပါင္း (၁၀)ခုထက္မနည္း ဆြတ္ခူးထားတာျဖစ္ပါတယ္။ အသက္ၾကီးေပမယ့္ မပ်က္စီးေသးတဲ့ မင္းသားတစ္လက္မုိ႕ သူကလည္း လက္ရွိအခ်ိန္ထိ ေအာင္ျမင္မႈကုိ ထိန္းထားႏုိင္သူျဖစ္ပါတယ္။
ပရိသတ္ၾကီး သူ႕ကုိ အရင္လုိ ခ်စ္ေသးရဲ႕လား။

Stella (Akhayar)

www.Akhyar.com

[Unicode] 

အသက်(၃၇)နှစ်အရွယ် တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Kim Rae -won ဟာ အွန်စောအငယ်လေးလို့သိထားကြတဲ့ မင်းသမီးချောလေး Moon Geun-young နဲ့ အတူ My little Bride ဆိုတဲ့ ဇာတ်ကားလေးမှာ ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့သူပါ။

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဲ့ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားမှာ ဒုတိယမြောက် ဝင်ငွေအများဆုံးဇာတ်ကားဖြစ်ခဲ့သလို မင်းသား Kim Rae- won ဟာ ကိုယ့်ထက်အသက်ထက်ဝက်ငယ်တဲ့ အထက်တန်းကျောင်းသူကောင်မလေးကို ရူးရူးမူးမူးချစ်မိနေတဲ့ ကိုကြီးတစ်ယောက်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အသက်ငယ်တဲ့ကောင်မလေးကို တန်ဖိုးထားပြီး အစစရာရာအလိုလိုက်တတ်တဲ့ ချစ်သူတစ်ယောက် ရဲ့ ဇာတ်ကောင်စရိုက်ပီပြင်လွန်းတာမို့ 90 Borns မမတွေရဲ့ စိတ်ကူးထဲက ချစ်သူပုံစံ ဖြစ်ခဲ့ဖူးပါတယ်။ ခေါင်မိုးပေါ်ကကြောင်ကလေး ၊ တစ်ခါက တက္ကသိုလ် ဆိုတဲ့ အချစ်ဇာတ်လမ်းတွဲတွေနဲ့လည်း လူကြိုက်များခဲ့တဲ့ Kim ဟာ လက်ရှိမှာလည်း အသက် (၃၀)ကျော်လူပျိုကြီးဘဝနဲ့ အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။

ယောကျာ်းပီသတဲ့ အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့ Kim ဟာ သူ့ရဲ့ ငယ်ဘဝမှာတုန်းက ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် ကစားရင်း တံတောင်ဆစ်မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် သူ့ရဲ့ စိတ်ကူးအိပ်မက်ကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရတာပါ။ အရွယ်ရောက်လာချိန်မှာတော့ ချောင်အန်း တက္ကသိုလ်မှာ သရုပ်ဆောင်နဲ့ ပြဇာတ် မေဂျာကို လေ့လာသင်ယူခဲ့တယ်လို့ သိရပါတယ်။


ဒါကြောင့် သူအနုပညာလောကထဲ စပြီးဝင်ရောက်ချိန် ၁၉၉၇ ခုနှစ်မှာ Me ဆိုတဲ့ ဇာတ်ကားက သူ့ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်ခဲ့ပါတယ် ။ ပရိသတ်အားပေးချစ်ခင်မှုရရှိထားတဲ့ မင်းသားချော Kim ဟာ သူ့ရဲ့ အနုပညာအရည်အသွေးကြောင့် အကောင်းဆုံးဇာတ်ဆောင်ဆုပေါင်း (၁၀)ခုထက်မနည်း ဆွတ်ခူးထားတာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ မင်းသားတစ်လက်မို့ သူကလည်း လက်ရှိအချိန်ထိ အောင်မြင်မှုကို ထိန်းထားနိုင်သူဖြစ်ပါတယ်။
ပရိသတ်ကြီး သူ့ကို အရင်လို ချစ်သေးရဲ့လား။

Stella (Akhayar)

www.Akhyar.com