[Zawgyi]







Stella(Akhayar)

www.akhayar.com

[Unicode]

မိုးပြာရောင်မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝလေးထဲက ပရိသတ်ချစ်ခင်အားပေးမှုတခဲနက်ရရှိထားတဲ့ ယွန်းယွန်းကတော့ အရွယ်ရောက်လာပေမယ့်လည်း သူ့ဇာတ်ရုပ်နဲ့သူအံဝင်ခွင့်ကျ သရုပ်ဆောင်တော်တဲ့ပါရမီရှင်လေးဖြစ်ပါတယ်။ လူငယ်အနုပညာရှင်တွေထဲမှာ မင်းသမီးပေါက်စလေးတစ်ယောက်လို့ ပရိသတ်တွေမျှော်လင့်ထားကြတဲ့ ယွန်းယွန်းတစ်ယောက် ဒီနေ့မှာတော့ မိုးပြာရောင်မြန်မာဝတ်စုံလေးဝတ်ပြီး ယဉ်ယဉ်လေးလှနေတာတွေ့ရပါတယ်။

သူမရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ရက်အကောင့်မှာမျှဝေထားပြီး ပရိသတ်တွေကတော့ ချီးမွမ်းစကားတွေဝေေ၀ဆာဆာပြောထားကြပါတယ်။ အနုပညာဘက်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူထားနိုင်ရုံတင်မကဘဲ ပညာရေးဘက်မှာလည်း ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကိုလေ့လာသင်ယူနေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။


ဒါကြောင့်မို့လည်း ဘက်စုံတော်တဲ့ ယွန်းယွန်းကို ဒီနေ့အချိန်ထိ အချစ်မပျက်ဘဲ အားပေးနေသူတွေကတော့ လူကြီးလူငယ်မရွေးရှိနေပါတယ်။ တစ်နေ့တစ်ခြားပိုပိုလှလာတဲ့ ယွန်းယွန်းလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေလည်း သဘောကျမယ်လို့ထင်ပါတယ်နော်။

Photos Credit – Yoon Yoon

Stella(Akhayar)

www.akhayar.com