[Zawgyi]

အားလပ္ရက္ကို အသံုးခ်ၿပီး ေအာင္ျမင္မႈဆုပ္ကိုင္ႏိုင္ေအာင္ ဒီလိုအက်ဳိးရွိရွိ ကုန္ဆံုးၾကည့္မယ္

မၾကာခင္မွာ သီတင္းကၽြတ္ပိတ္ရက္ေလးလည္း ေရာက္ရွိလာေတာ့မွာဆိုေတာ့ အနားယူရမယ့္ အားလပ္ခ်ိိန္ေလးေတြ ရရွိပိုင္ဆုိင္ေတာ့မွာ ျဖစ္ပါတယ္။ အားလပ္ခ်ိန္ရၿပီဆိုရင္ေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ ရုပ္ရွင္ေတြတဝႀကီးၾကည္႔ၾကမယ္၊ အားရပါးရအိပ္ၾကမယ္၊ ခရီးသြားၾကမယ္၊ သူငယ္ခ်င္းေတြနဲ႔ အိမ္မွာမုန္႔လုပ္စားၾကမယ္၊ မိဘအိမ္ျပန္ကာ မိဘေတြနဲ႔ အတူကုန္ဆံုးၾကမယ္ အစရွိသျဖင့္ အပန္းေျဖနည္းမ်ဳိးစံုနဲ႔ ကုန္ဆံုးတတ္ၾကပါတယ္။ တခ်ဳိ႕ေတြကေတာ့ အပန္းေျဖမႈမ်ဳိး ျပဳလုပ္တဲ့အခါမ်ဳိးမွာေတာင္ သူတို႔ရဲ႕ Career ကို ေအာင္ျမင္ျဖစ္ထြန္းေစေအာင္ ျပဳလုပ္ကာ ကုန္ဆံုးၾကတာမ်ဳိးေတြလည္း ေတြ႔ရပါတယ္။ အဲဒီလိုကုန္ဆံုးၾကတဲ့သူေတြထဲမွာမွ Steve Jobs ၊ Elon Musk ၊ Emma Watson နဲ႔ Tim Cook တို႔ရဲ႕ အားလပ္ခ်ိန္ ကုန္ဆံုးပံုေတြထဲက ေအာင္ျမင္မႈကို အေထာက္အပံ့ရေစတဲ႔ ကုန္ဆံုးပံုနည္းလမ္ေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

(၁) အိပ္စက္ျခင္းကိုဦးစားေပးလုပ္ပါတယ္

အိပ္စက္္ျခင္းကို ဦးစားေပးလုပ္ပါတယ္လို႔ေျပာရင္ အံ့ၾသသြားမယ္ထင္ပါတယ္။ ေအာင္ျမင္မႈရရွိဖို႔အတြက္ ဒီလုိအိပ္စက္ျခင္းက အေထာက္အပံ့ေပးႏိုင္လားလို႔ ေတြးေကာင္းေတြးမိပါလိမ့္မယ္။ အိပ္စက္ျခင္းက အမွန္ပဲ ေအာင္ျမင္မႈကို တက္လွမ္းႏိုင္ဖို႔ အမွန္အကန္ အကူအညီရေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ညဘက္အိပ္ေရးမဝရင္ ေနာက္တစ္ေန႔မွာ အလုပ္ေကာင္းစြာ မလုပ္ႏိုင္သလို အေတြးသစ္ အျမင္သစ္ေတြလည္း မရရွိေစႏိုင္ဘဲ အလုပ္မွာလည္း Productivity က်ဆင္းေစႏိုင္ပါတယ္။ဒီအခ်က္ကို ေကာင္းေကာင္းသိတဲ႔ Apple ရဲ႕ CEO ျဖစ္သူ Tim Cook က ညစဥ္ညတိုင္း ကိုးနာရီခဲြဆို အိပ္ရာဝင္ကာ တစ္ေန႔ကို ခုနစ္နာရီေလာက္ အိပ္ခ်ိန္ယူေလ့ရွိပါတယ္။ ပိတ္ရက္မွာလည္း အဲ့ဒီပံုစံအတိုင္းပဲ အိပ္စက္တဲ႔အက်င့္ ျပဳလုပ္ထားပါတယ္။ ခုနစ္နာရီိေလာက္ ျပည္႔ျပည့္ဝဝအိပ္စက္ျခင္းက လူကိုလန္းဆန္းတက္ၾကြေစၿပီး အလုပ္ေတြၿပီးေျမာက္ေအာင္ျမင္ေအာင္ အမ်ားႀကီးကူညီေပးပါတယ္လို႔ Tim Cook က ဆိုေလ့ရွိပါတယ္။

Make sleep a priority

Make sleep a priority

(၂) စာဖတ္ပါတယ္

စာဖတ္ျခင္းက အေကာင္းဆံုး ရင္ႏွီးျမွဳပ္ႏွံျခင္းပါပဲ။ အမ်ားႀကီးေပးပါတယ္။ ဒါ့အျပင္ စာဖတ္ျခင္းက စိတ္ဖိစီးမႈကို အေကာင္းဆံုး ျဖိဳဖ်က္ေပးႏိုင္ပါတယ္။ အားလပ္ခ်ိန္မွာ စာဖတ္ျခင္းနဲ႔ တိုးတက္ေအာင္ျမင္မႈရရွိေအာင္ ႀကိဳးစားတဲ႔သူေတြထဲမွာ Elon Musk ၊ Warren Buffet ၊ Bill Gates မွစၿပီး တျခားေသာ ဘီလ်ံနာေတြပါ ပါဝင္ပါတယ္။

Read and Read

Read and Read

(၃) ေလ့က်င္ခန္းျပဳလုပ္ျခင္း

ေလ့က်င္ခန္းျပဳလုပ္ျခင္းရဲ႕ အက်ဳိးေက်းဇူးကေတာ့ ေအာင္ျမင္မႈကို အမ်ားႀကီးပံ့ပိုးေပးပါတယ္။ ဒါကိုေကာင္းေကာင္းအသံုးခ်သူက Virgin Group ရဲ႕ တည္ေထာင္သူ Richard Branson ျဖစ္ပါတယ္။ အသက္ (၆၈) ႏွစ္အရြယ္ Richard Branson ေျပာေလ့ရွိတာက သူကိုေအာင္ျမင္မႈ ႏွစ္ဆရရွိေအာင္ ကူညီေပးတာက ေလ့က်င္ခန္းျပဳလုပ္ျခင္းပဲ ျဖစ္ပါတယ္။ ေလ့က်င္ခန္းျပဳလုပ္ျခင္းေၾကာင့္ ကိုယ့္ကိုယ့္ကိုယ္ ယံုၾကည္မႈေတြ တိုးလာႏိုင္သလို တီထြင္မႈဥာဏ္ေတြ ပိုမိုကြန္႔ျမဴးလာႏိုင္ျခင္း၊ အာရုံပိုစိုက္ႏိုင္ျခင္း၊ မွတ္ဥာဏ္နဲ႔ စိတ္ပိုင္းဆိုင္ရာ ပိုမိုက်န္းမာလာျခင္း အစရွိတဲ႔ အက်ဳိးေက်းဇူးေတြ အေျမာက္အျမား ရရွိေစတဲ႔အတြက္ အလုပ္မွာလည္း ပိုမိုေအာင္ျမင္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ေအာင္ျမင္သူေတြက အားလပ္ခ်ိန္ရတိုင္း ေလ့က်င္ခန္းကို တစိုက္မတ္မတ္ ျပဳလုပ္ေနၾကျခင္း ျဖစ္ပါတယ္။

Making Exercise

Making Exercise

(၄) ေလ့လာသင္ယူုျခင္း

ေအာင္ျမင္မႈေတြ ရရွိေနတဲ့သူေတြကို ၾကည္႔လုိက္ရင္ အခ်ိန္တိုင္း ေလ့လာေနတာကို ေတြ႔ျမင္ေနရမွာ ျဖစ္ပါတယ္။ အားလပ္ခ်ိန္တုိင္းမွာ သင္ယူေလ့လာမႈေတြ မျပတ္ျပဳလုပ္ေနရတာကို ေပ်ာ္ေမြ႔ေနၾကၿပီး သူတို႔အပန္းေျဖပံုက မသိေသးတာကို သင္ယူေလ့လာျခင္းနဲ႔ အနားယူအပန္းေျဖျခင္းပဲ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ဆို Emma Watson ဟာ သူရဲ႕ သရုပ္ေဆာင္မႈ ခဏအနားယူတဲ႔အခ်ိန္တုန္းက Brown University မွာ ပညာေလ့လာဆည္းပူးျခင္္းနဲ႔ ကုန္ဆံုးခဲ႔တာကို ေတြ႔ျမင္ႏိုင္ပါတယ္။

Learn and study

Learn and study

ဒီလိုအားလပ္ခ်ိန္ေတြမွာေတာင္ အနားယူတာကို အလဟသမျဖစ္ေစဖို႔ ေအာင္ျမင္သူေတြ အသံုးခ်တာကို ၾကည္႔ၿပီး ကိုယ္ေတြလည္း သီတင္းကၽြတ္ပိတ္ရက္မွာ ကိုယ္အတြက္ အက်ဳိးရွိတဲ႔ အားလပ္ရက္ျဖစ္ေအာင္ စမ္းၿပီး ကုန္ဆံုးၾကည္႔သင့္ပါတယ္။ ေပ်ာ္ရႊင္အက်ဳိးျဖစ္ထြန္းတဲ႔ အားလပ္ရက္ေတြကို ပိုင္ဆုိင္ႏိုင္ၾကပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

အားလပ်ရက်ကို အသုံးချပြီး အောင်မြင်မှုဆုပ်ကိုင်နိုင်အောင် ဒီလိုအကျိုးရှိရှိ ကုန်ဆုံးကြည့်မယ်

မကြာခင်မှာ သီတင်းကျွတ်ပိတ်ရက်လေးလည်း ရောက်ရှိလာတော့မှာဆိုတော့ အနားယူရမယ့် အားလပ်ချိန်လေးတွေ ရရှိပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ အားလပ်ချိန်ရပြီဆိုရင်တော့ လူတော်တော်များများဟာ ရုပ်ရှင်တွေတဝကြီးကြည့်ကြမယ်၊ အားရပါးရအိပ်ကြမယ်၊ ခရီးသွားကြမယ်၊ သူငယ်ချင်းတွေနဲ့ အိမ်မှာမုန့်လုပ်စားကြမယ်၊ မိဘအိမ်ပြန်ကာ မိဘတွေနဲ့ အတူကုန်ဆုံးကြမယ် အစရှိသဖြင့် အပန်းဖြေနည်းမျိုးစုံနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ တချို့တွေကတော့ အပန်းဖြေမှုမျိုး ပြုလုပ်တဲ့အခါမျိုးမှာတောင် သူတို့ရဲ့ Career ကို အောင်မြင်ဖြစ်ထွန်းစေအောင် ပြုလုပ်ကာ ကုန်ဆုံးကြတာမျိုးတွေလည်း တွေ့ရပါတယ်။ အဲဒီလိုကုန်ဆုံးကြတဲ့သူတွေထဲမှာမှ Steve Jobs ၊ Elon Musk ၊ Emma Watson နဲ့ Tim Cook တို့ရဲ့ အားလပ်ချိန် ကုန်ဆုံးပုံတွေထဲက အောင်မြင်မှုကို အထောက်အပံ့ရစေတဲ့ ကုန်ဆုံးပုံနည်းလမ်လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်စက်ခြင်းကိုဦးစားပေးလုပ်ပါတယ်

အိပ်စက်ခြင်းကို ဦးစားပေးလုပ်ပါတယ်လို့ပြောရင် အံ့သြသွားမယ်ထင်ပါတယ်။ အောင်မြင်မှုရရှိဖို့အတွက် ဒီလိုအိပ်စက်ခြင်းက အထောက်အပံ့ပေးနိုင်လားလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ အိပ်စက်ခြင်းက အမှန်ပဲ အောင်မြင်မှုကို တက်လှမ်းနိုင်ဖို့ အမှန်အကန် အကူအညီရစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ညဘက်အိပ်ရေးမဝရင် နောက်တစ်နေ့မှာ အလုပ်ကောင်းစွာ မလုပ်နိုင်သလို အတွေးသစ် အမြင်သစ်တွေလည်း မရရှိစေနိုင်ဘဲ အလုပ်မှာလည်း Productivity ကျဆင်းစေနိုင်ပါတယ်။ဒီအချက်ကို ကောင်းကောင်းသိတဲ့ Apple ရဲ့ CEO ဖြစ်သူ Tim Cook က ညစဉ်ညတိုင်း ကိုးနာရီခွဲဆို အိပ်ရာဝင်ကာ တစ်နေ့ကို ခုနစ်နာရီလောက် အိပ်ချိန်ယူလေ့ရှိပါတယ်။ ပိတ်ရက်မှာလည်း အဲ့ဒီပုံစံအတိုင်းပဲ အိပ်စက်တဲ့အကျင့် ပြုလုပ်ထားပါတယ်။ ခုနစ်နာရီလောက် ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက လူကိုလန်းဆန်းတက်ကြွစေပြီး အလုပ်တွေပြီးမြောက်အောင်မြင်အောင် အများကြီးကူညီပေးပါတယ်လို့ Tim Cook က ဆိုလေ့ရှိပါတယ်။

Make sleep a priority

Make sleep a priority

(၂) စာဖတ်ပါတယ်

စာဖတ်ခြင်းက အကောင်းဆုံး ရင်နှီးမြှုပ်နှံခြင်းပါပဲ။ အများကြီးပေးပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းက စိတ်ဖိစီးမှုကို အကောင်းဆုံး ဖြိုဖျက်ပေးနိုင်ပါတယ်။ အားလပ်ချိန်မှာ စာဖတ်ခြင်းနဲ့ တိုးတက်အောင်မြင်မှုရရှိအောင် ကြိုးစားတဲ့သူတွေထဲမှာ Elon Musk ၊ Warren Buffet ၊ Bill Gates မှစပြီး တခြားသော ဘီလျံနာတွေပါ ပါဝင်ပါတယ်။

Read and Read

Read and Read

(၃) လေ့ကျင်ခန်းပြုလုပ်ခြင်း

လေ့ကျင်ခန်းပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ အောင်မြင်မှုကို အများကြီးပံ့ပိုးပေးပါတယ်။ ဒါကိုကောင်းကောင်းအသုံးချသူက Virgin Group ရဲ့ တည်ထောင်သူ Richard Branson ဖြစ်ပါတယ်။ အသက် (၆၈) နှစ်အရွယ် Richard Branson ပြောလေ့ရှိတာက သူကိုအောင်မြင်မှု နှစ်ဆရရှိအောင် ကူညီပေးတာက လေ့ကျင်ခန်းပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင်ခန်းပြုလုပ်ခြင်းကြောင့် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်သလို တီထွင်မှုဉာဏ်တွေ ပိုမိုကွန့်မြူးလာနိုင်ခြင်း၊ အာရုံပိုစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလာခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ အမြောက်အမြား ရရှိစေတဲ့အတွက် အလုပ်မှာလည်း ပိုမိုအောင်မြင်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ အောင်မြင်သူတွေက အားလပ်ချိန်ရတိုင်း လေ့ကျင်ခန်းကို တစိုက်မတ်မတ် ပြုလုပ်နေကြခြင်း ဖြစ်ပါတယ်။

Making Exercise

Making Exercise

(၄) လေ့လာသင်ယူုခြင်း

အောင်မြင်မှုတွေ ရရှိနေတဲ့သူတွေကို ကြည့်လိုက်ရင် အချိန်တိုင်း လေ့လာနေတာကို တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ အားလပ်ချိန်တိုင်းမှာ သင်ယူလေ့လာမှုတွေ မပြတ်ပြုလုပ်နေရတာကို ပျော်မွေ့နေကြပြီး သူတို့အပန်းဖြေပုံက မသိသေးတာကို သင်ယူလေ့လာခြင်းနဲ့ အနားယူအပန်းဖြေခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆို Emma Watson ဟာ သူရဲ့ သရုပ်ဆောင်မှု ခဏအနားယူတဲ့အချိန်တုန်းက Brown University မှာ ပညာလေ့လာဆည်းပူးခြင်းနဲ့ ကုန်ဆုံးခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

Learn and study

Learn and study

ဒီလိုအားလပ်ချိန်တွေမှာတောင် အနားယူတာကို အလဟသမဖြစ်စေဖို့ အောင်မြင်သူတွေ အသုံးချတာကို ကြည့်ပြီး ကိုယ်တွေလည်း သီတင်းကျွတ်ပိတ်ရက်မှာ ကိုယ်အတွက် အကျိုးရှိတဲ့ အားလပ်ရက်ဖြစ်အောင် စမ်းပြီး ကုန်ဆုံးကြည့်သင့်ပါတယ်။ ပျော်ရွှင်အကျိုးဖြစ်ထွန်းတဲ့ အားလပ်ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com