[Zawgyi]

Chat History ေတြနဲ႔ ပုိ႔ထားတဲ့ စာေတြကုိ ျပန္ဖ်က္ႏုိင္ေတာ့မယ္

Facebook Messenger ကေန တစ္ဦးနဲ႔တစ္ဦးအျပန္အလွန္စကားေျပာၾကရင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလိုလားအပ္တဲ့ Message ေတြမွားပို႔မိတဲ့အခါ တစ္ဖက္လူျမင္သြားရင္ ေတာ္ေတာ္ေလးရွင္းယူရပါတယ္။ ကိုယ့္ဘက္က မေတာ္တဆလြဲမွားသြားတာျဖစ္ေပမယ့္ အခန္႔မသင့္ရင္ ဂုဏ္သိကၡာက်ဆင္းၿပီး မိတ္ပ်က္တဲ့အထိ ဆိုးက်ိဳးေတြျဖစ္ရပါတယ္။ (တစ္ကယ္လို႔သာ ကို႔ဘက္က လက္လြန္သြားတဲ့ Message ေတြကို အခ်ိန္မီျပန္ဖ်က္ႏိုင္မယ္ဆိုရင္ေရာ …)

Facebook ဟာ ၄င္းရဲ႕ Messenger  အသံုးျပဳသူေတြရဲ႕ Chat History ေတြ၊ ပို႔ထားၿပီးသား Message ေတြကို ျပန္ဖ်က္ႏိုင္ခြင့္ေပးေတာ့မွာျဖစ္ပါတယ္။ အရင္က Chat History ကိုဖ်က္တယ္ဆိုတာ ေပးပို႔တဲ့သူဘက္က ဒါမွမဟုတ္ လက္ခံတဲ့သူဘက္က ဖ်က္လိုက္ရင္ ဖ်က္တဲ့ဘက္ကပဲ History ေတြေပ်ာက္သြားတာ ျဖစ္ၿပီးတစ္ဖက္လူဆီမွာေတာ့ History မ်ားက်န္ရွိေနဦးမွာပါ။ အခု ထည့္သြင္းေပးမယ့္ Feature မွာေတာ့ ကိုယ့္ဘက္က ဖ်က္လိုက္တာနဲ႔ လက္ခံတဲ့သူဘက္မွာပါ ဘာမွသြားေပၚမွာမဟုတ္ေတာ့ပါဘူး။ ဒါ့အျပင္ Message ပို႔ၿပီးမွ စိတ္ေျပာင္းသြားခဲ့ရင္ Unsend ဆိုတဲ့ Feature ကိုအသံုးျပဳၿပီး ဘာမွမပို႔ခဲ့သလို လုပ္လို႔ရပါဦးမယ္။(Viber မွာ ပို႕ခဲ့တဲ့ Message ေတြကိုျပန္ဖ်က္သလိုေပါ့)


ဒီ Feature ဟာ လက္ရွိအခ်ိန္အထိ Mark Zuckeberg အပါအဝင္ Facebook ရဲ႕ VIP User တခ်ိဳ႔မွာသာအသံုးျပဳႏိုင္ပါေသးတယ္။ ဒါေပမယ့္ မၾကာခင္မွာ Facebook User အားလံုးအသံုးျပဳႏိုင္ေအာင္ထည့္သြင္းေပးသြားမယ္လို႔ဆိုပါတယ္။
ဒီ Feature ေပၚလာရတာဟာ User ေတြရဲ႕ Conversation ေတြကိုFacebook ကဝင္ေရာက္ဖတ္ရႈတယ္ဆိုတဲ့ အခ်က္ကိုဝန္ခံခဲ့ၿပီးေနာက္မွာ ျပန္လည္ ကုစားႏိုင္ဖို႔အတြက္ ထည့္သြင္းေပးတာျဖစ္ႏိုင္ပါတယ္။

Facebook User ေတြအေနနဲ႔ အဆိုပါ Feature မ်ိဳးကဲ့သုိ႕ဆင္တူတဲ့ Secret Message ကိုအသံုးျပဳလို႔ရေနေပမယ့္ ပံုမွန္အားျဖင့္အသံုးျပဳသူဟာ မရွိသေလာက္ျဖစ္ေနၿပီး ရိုးရိုးMessenger အသံုးျပဳသူအေရအတြက္သာမ်ားျပားလ်က္ရွိပါတယ္။ ဒ့ါအျပင္ Secret Message စနစ္ဟာ သာမာန္အသံုးျပဳသူေတြအတြက္ ရိုးရွင္းလြယ္ကူမႈမရွိတဲ့အတြက္ေၾကာင့္ လည္းျဖစ္ႏိုင္ပါတယ္။ အသစ္ပါဝင္လာမယ့္ Feature မွာေတာ့ ပံုမွန္အသံုးျပဳေနတဲ့ Messenger မွာပဲ ကိုယ့္ရဲ႕ Chat History ေတြကိုစိတ္တိုင္းက်ျပင္ဆင္ခြင့္ေပးသြားေတာ့မွာျဖစ္ေၾကာင္း သိရွိရပါတယ္။

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Chat History တွေနဲ့ ပို့ထားတဲ့ စာတွေကို ပြန်ဖျက်နိုင်တော့မယ်

Facebook Messenger ကနေ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်စကားပြောကြရင်း အကြောင်းအမျိုးမျိုးကြောင့် မလိုလားအပ်တဲ့ Message တွေမှားပို့မိတဲ့အခါ တစ်ဖက်လူမြင်သွားရင် တော်တော်လေးရှင်းယူရပါတယ်။ ကိုယ့်ဘက်က မတော်တဆလွဲမှားသွားတာဖြစ်ပေမယ့် အခန့်မသင့်ရင် ဂုဏ်သိက္ခာကျဆင်းပြီး မိတ်ပျက်တဲ့အထိ ဆိုးကျိုးတွေဖြစ်ရပါတယ်။ (တစ်ကယ်လို့သာ ကို့ဘက်က လက်လွန်သွားတဲ့ Message တွေကို အချိန်မီပြန်ဖျက်နိုင်မယ်ဆိုရင်ရော …)

Facebook ဟာ ၎င်းရဲ့ Messenger  အသုံးပြုသူတွေရဲ့ Chat History တွေ၊ ပို့ထားပြီးသား Message တွေကို ပြန်ဖျက်နိုင်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ အရင်က Chat History ကိုဖျက်တယ်ဆိုတာ ပေးပို့တဲ့သူဘက်က ဒါမှမဟုတ် လက်ခံတဲ့သူဘက်က ဖျက်လိုက်ရင် ဖျက်တဲ့ဘက်ကပဲ History တွေပျောက်သွားတာ ဖြစ်ပြီးတစ်ဖက်လူဆီမှာတော့ History များကျန်ရှိနေဦးမှာပါ။ အခု ထည့်သွင်းပေးမယ့် Feature မှာတော့ ကိုယ့်ဘက်က ဖျက်လိုက်တာနဲ့ လက်ခံတဲ့သူဘက်မှာပါ ဘာမှသွားပေါ်မှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် Message ပို့ပြီးမှ စိတ်ပြောင်းသွားခဲ့ရင် Unsend ဆိုတဲ့ Feature ကိုအသုံးပြုပြီး ဘာမှမပို့ခဲ့သလို လုပ်လို့ရပါဦးမယ်။(Viber မှာ ပို့ခဲ့တဲ့ Message တွေကိုပြန်ဖျက်သလိုပေါ့)


ဒီ Feature ဟာ လက်ရှိအချိန်အထိ Mark Zuckeberg အပါအဝင် Facebook ရဲ့ VIP User တချို့မှာသာအသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် မကြာခင်မှာ Facebook User အားလုံးအသုံးပြုနိုင်အောင်ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်။
ဒီ Feature ပေါ်လာရတာဟာ User တွေရဲ့ Conversation တွေကိုFacebook ကဝင်ရောက်ဖတ်ရှုတယ်ဆိုတဲ့ အချက်ကိုဝန်ခံခဲ့ပြီးနောက်မှာ ပြန်လည် ကုစားနိုင်ဖို့အတွက် ထည့်သွင်းပေးတာဖြစ်နိုင်ပါတယ်။

Facebook User တွေအနေနဲ့ အဆိုပါ Feature မျိုးကဲ့သို့ဆင်တူတဲ့ Secret Message ကိုအသုံးပြုလို့ရနေပေမယ့် ပုံမှန်အားဖြင့်အသုံးပြုသူဟာ မရှိသလောက်ဖြစ်နေပြီး ရိုးရိုးMessenger အသုံးပြုသူအရေအတွက်သာများပြားလျက်ရှိပါတယ်။ ဒ့ါအပြင် Secret Message စနစ်ဟာ သာမာန်အသုံးပြုသူတွေအတွက် ရိုးရှင်းလွယ်ကူမှုမရှိတဲ့အတွက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ အသစ်ပါဝင်လာမယ့် Feature မှာတော့ ပုံမှန်အသုံးပြုနေတဲ့ Messenger မှာပဲ ကိုယ့်ရဲ့ Chat History တွေကိုစိတ်တိုင်းကျပြင်ဆင်ခွင့်ပေးသွားတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com