Microsoft ကေန Windows 10 အသံုးျပဳသူေတြအတြက္ Major Update ေတြကို တႏွစ္ကို ၂ ၾကိမ္ထုတ္ေပးလ်က္ရွိျပီးေတာ့ ယခုႏွစ္အတြက္ ပထမဆံုး Major Update Version ကို ယေန႔ ဧျပီလ ၃၀ ရက္ေန႔က စတင္ျပီးေတာ့ Download ရယူႏုိင္ျပီလုိ႔ သိရပါတယ္။

Windows 10

Microsoft ဟာ ယခင္က အခုလုိမ်ိဳး Major Updates ေတြကို Creator Update ၊ Fall Creator Update ဆိုျပီး နာမည္ေပးခဲ့တဲ့အတြက္ေၾကာင့္ အခု Update ကိုလည္း Spring Creator Update လုိ႔ ယူဆထားခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ Microsoft က သူတို႔ရဲ႕ နာမည္ေပးပံုကို ျပန္လည္ေျပာင္းလဲခဲ့ျပီး အခု Update ကို Windows 10 April 2018 Update လုိ႔ပဲ ေခၚဆိုခဲ့တာျဖစ္ပါတယ္။ ယခု Update ဟာ Windows 10 အသံုးျပဳသူေတြကို ယေန႔မွ စတင္ျပီး ထုတ္ေပးသြားမွာျဖစ္ျပီး လာမယ့္ ေမလ ၈ ရက္ေန႔မတိုင္ခင္ Windows 10 PC ေတြအားလံုးကို ရရွိေအာင္ ေဆာင္ရြက္သြားမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

Windows 10 Timeline Feature

ယခု Windows 10 April Update ကို အသံုးျပဳသင့္တဲ့ အေကာင္းဆံုးေသာ ေျပာင္းလဲမႈကို ေျပာပါဆိုရင္ေတာ့ Windows Timeline Feature ပဲျဖစ္ျပီးေတာ့ အဆုိပါ Feature ဟာ Windows ရဲ႕ လက္ရွိ Multitasking View ေနရာကို အစားထုိးဝင္ေရာက္မွာျဖစ္ျပီးေတာ့ တစ္လအတြင္း ကိုယ္အသံုးျပဳခဲ့တဲ့ Web Pages ေတြ၊ Applications ေတြနဲ႔ Files ေတြကို ေန႔အလုိက္ျပန္ျမင္ရမွာျဖစ္ပါတယ္။ ဒါတင္မကေသးပဲ ကုိယ့္ရဲ႕ Microsoft Account နဲ႔ Sign In ဝင္ထားတဲ့ အျခားေသာ ကြန္ပ်ဴတာေတြမွာ အသံုးျပဳထားခဲ့တဲ့ History ကိုပါ ေတြ႕ျမင္ရမွာပါ။

က်န္တဲ့ Features ပိုင္းေတြအေနနဲ႔ကေတာ့ Notifications ေတြကို ပိုျပီး Manage ျပဳလုပ္ႏုိင္တဲ့ Focus Assist Feature ၊ Xbox Game Bar ေျပာင္းလဲမႈေတြနဲ႔ အျခားေသာ Optimizations ေတြအမ်ားအျပားျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Microsoft ဟာ ယခု April 2018 Update ကို အေစာပိုင္းတုန္းက ယခုလအစပိုင္းမွာ ထုတ္ေပးဖုိ႔ ရည္ရြယ္ခဲ့ေပမယ့္ Bugs ေတြရွိေနခဲ့တဲ့အတြက္ေၾကာင့္ အခုအခ်ိန္မွာ Update ျပဳလုပ္ေပးႏုိင္တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Microsoft က ဒီႏွစ္ရဲ႕ ဒုတိယေျမာက္ Major Update ျဖစ္လာဦးမယ့္ Codename Redstone 5 ကို စတင္စမ္းသပ္ေနျပီျဖစ္ျပီး အဆုိပါ Version Update မွာေတာ့ Windows Explorer Tabs ေတြကို ေျပာင္းလဲမွာျဖစ္တဲ့အျပင္ Dark Theme ကိုပါ ထည့္သြင္းလာဖုိ႔ ရွိတယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု Microsoft Windows 10 April 2018 Update က Windows Timeline Feature တစ္ခုထဲနဲ႔တင္ Update ျပဳလုပ္ၾကည့္သင့္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ကနေ Windows 10 အသုံးပြုသူတွေအတွက် Major Update တွေကို တနှစ်ကို ၂ ကြိမ်ထုတ်ပေးလျက်ရှိပြီးတော့ ယခုနှစ်အတွက် ပထမဆုံး Major Update Version ကို ယနေ့ ဧပြီလ ၃၀ ရက်နေ့က စတင်ပြီးတော့ Download ရယူနိုင်ပြီလို့ သိရပါတယ်။

Windows 10

Microsoft ဟာ ယခင်က အခုလိုမျိုး Major Updates တွေကို Creator Update ၊ Fall Creator Update ဆိုပြီး နာမည်ပေးခဲ့တဲ့အတွက်ကြောင့် အခု Update ကိုလည်း Spring Creator Update လို့ ယူဆထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် Microsoft က သူတို့ရဲ့ နာမည်ပေးပုံကို ပြန်လည်ပြောင်းလဲခဲ့ပြီး အခု Update ကို Windows 10 April 2018 Update လို့ပဲ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ယခု Update ဟာ Windows 10 အသုံးပြုသူတွေကို ယနေ့မှ စတင်ပြီး ထုတ်ပေးသွားမှာဖြစ်ပြီး လာမယ့် မေလ ၈ ရက်နေ့မတိုင်ခင် Windows 10 PC တွေအားလုံးကို ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Windows 10 Timeline Feature

ယခု Windows 10 April Update ကို အသုံးပြုသင့်တဲ့ အကောင်းဆုံးသော ပြောင်းလဲမှုကို ပြောပါဆိုရင်တော့ Windows Timeline Feature ပဲဖြစ်ပြီးတော့ အဆိုပါ Feature ဟာ Windows ရဲ့ လက်ရှိ Multitasking View နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပြီးတော့ တစ်လအတွင်း ကိုယ်အသုံးပြုခဲ့တဲ့ Web Pages တွေ၊ Applications တွေနဲ့ Files တွေကို နေ့အလိုက်ပြန်မြင်ရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကိုယ့်ရဲ့ Microsoft Account နဲ့ Sign In ဝင်ထားတဲ့ အခြားသော ကွန်ပျူတာတွေမှာ အသုံးပြုထားခဲ့တဲ့ History ကိုပါ တွေ့မြင်ရမှာပါ။

ကျန်တဲ့ Features ပိုင်းတွေအနေနဲ့ကတော့ Notifications တွေကို ပိုပြီး Manage ပြုလုပ်နိုင်တဲ့ Focus Assist Feature ၊ Xbox Game Bar ပြောင်းလဲမှုတွေနဲ့ အခြားသော Optimizations တွေအများအပြားပြုလုပ်ထားတယ်လို့ သိရပါတယ်။

Microsoft ဟာ ယခု April 2018 Update ကို အစောပိုင်းတုန်းက ယခုလအစပိုင်းမှာ ထုတ်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် Bugs တွေရှိနေခဲ့တဲ့အတွက်ကြောင့် အခုအချိန်မှာ Update ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Microsoft က ဒီနှစ်ရဲ့ ဒုတိယမြောက် Major Update ဖြစ်လာဦးမယ့် Codename Redstone 5 ကို စတင်စမ်းသပ်နေပြီဖြစ်ပြီး အဆိုပါ Version Update မှာတော့ Windows Explorer Tabs တွေကို ပြောင်းလဲမှာဖြစ်တဲ့အပြင် Dark Theme ကိုပါ ထည့်သွင်းလာဖို့ ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Microsoft Windows 10 April 2018 Update က Windows Timeline Feature တစ်ခုထဲနဲ့တင် Update ပြုလုပ်ကြည့်သင့်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com