[Zawgyi]
Ref: Google
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Google Lens ကိုသင့်ဖုန်းမှာသုံးနိုင်ပြီ
Google ပါပြီးသားဖုန်းတွေဆိုရင် Google Photo ဆိုတာလေးပါပါတာသတိထားမိကြမှာပါ။ Google Photo ကိုနောက်ဆုံး Update မှာတော့ Google Pixel ဖုန်းတွေမှာသာပါခဲ့တဲ့ Google Lens Feature လေးသင့်ဖုန်းအတွက် Google က Update မှာထည့်ပေးလိုက်ပါတယ်။
Google Lens ဆိုတာကတော့ သင့်ဖုန်း Camera နှင့်ရိုက်ထားတဲ့ပုံကို Scan ဖတ်ပေးပြီး ပုံနဲ့ပတ်သက်တာတွေကို ရှာပေးတဲ့ Feature ပဲဖြစ်ပါတယ်။ Google Lens ကတော့ သင့်ပတ်ဝန်းကျင်ကအရာဝတ္တုတွေနဲ့ သင်နေစဉ်သုံးနေကျပစ္စည်းတွေကို နားလည်သိရှိတဲ့အပြင် ခရီးသွားတဲ့အခါ နာမည်ကြီးနေရာ၊ အဆောက်အဦးတစ်ခုခုကိုတွေ့ရင်တောင် ချက်ချင်း ဓာတ်ပုံရိုက်ပြီး Google ကိုမေးလို့ရပါတယ်။ တော်တော်လေး Smart ဖြစ်တဲ့ Feature ဖြစ်တာကြောင့် နောက်တစ်ချိန်မှာ အခုထက်ပိုများတဲ့အရာတွေကိုလုပ်လာနိုင်မယ်လို့လည်း မေ ျှာ်လင့်ရပါတယ်။
Google ကသူတို့ Web Search စာမျက်နှာမှာ Image Search နှင့် Search By Image တွေကိုအသုံးပြုခွင့်ပိတ်လိုက်တဲ့နောက်ပိုင်းမှာ ပုံတစ်ပုံကဘာလဲဆိုတာ Google ကိုမေးဖို့ခက်ခဲသွားခဲ့ပါတယ်။ ဒါပေမယ့် အခု Google Lens ကိုဖုန်းတော်တော်များများအတွက် အသုံးပြုခွင့်ပေးလိုက်တာကြောင့် ပြန်အဆင်ပြေသွားတယ်ပါပြီ။ Google Lens အတွက် AI ကိုသုံးထားတာဖြစ်လို့ အချိန်နဲ့အမ ျှတိုးတက်နေမှာဖြစ်ပါတယ်။ Google Photo App လေးကို Update လုပ်ပြီး Google Lens Feature လေးကိုစမ်းကြည့်လိုက်ပါဦးနော်။  iOS အတွက်တော့ အခုမရသေးပေမယ့် မကြာခင်မှာ Update ထပ်လုပ်ပေးမယ်လို့ Google ကကြေငြာထားပါတယ်။
Ref: Google
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။