



Ref: The Verge

=============

Instagram ရဲ့ Mobile Website ကနေ ဓာတ်ပုံတွေ Upload လုပ်နိုင်ပြီ

Instagram အသုံးပြုသူတွေဟာ မကြာခင်မှာ App ကနေသာမက တခြားနေရာကပါ ဓာတ်ပုံတွေကို Upload လုပ်နိုင်တော့မှာပါ။ ကုမ္ပဏီဟာ ဓာတ်ပုံတွေကို Mobile Website ကနေ Upload လုပ်နိုင်စွမ်းကို ထုတ်ဖော်လိုက်လို့ ပါပဲ။

ဒါပေမယ့် Instagram ကတော့ Mobile Website မှာ App လောက် လုပ်ဆောင်ချက်တွေ ထည့်မပေးလိုက်တာ တွေ့ရပါတယ်။ သင့်အနေနဲ့ ဗီဒီယိုတွေ၊ Filter ထည့်တာတွေ၊ Stories တင်တာ ဒါရိုက် Message နဲ့ ပို့တာ စတဲ့ လုပ်ဆောင်ချက်တွေတော့ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဓာတ်ပုံ Editing ကိုလည်း General Limited အနေနဲ့ လုပ်ထားတာကြောင့် Rotate လုပ်တာ၊ Crop လုပ်တာတွေလောက်သာ လုပ်နိုင်မှာပါ။

Instagram ရဲ့ Mobile Website ဟာ အသုံးပြုသူတွေကို ပုံတွေကြည့်ရုံ၊ Notifications နဲ့ Feed တွေ ကြည့်ရုံလောက်ပဲ သုံးနိုင်ခဲ့တာပါ။ ဒါပေမယ့် ယခုတော့ မိုဘိုင်းလ်ဆိုက်ဟာ တကယ့် App လောက်နီးနီးလုပ်နိုင်နေပါပြီ။ ကုမ္ပဏီအနေနဲ့ instagram.com ရဲ့ Desktop ဗားရှင်းကို ပြောင်းလဲဖို့ အစီအစဉ်မရှိသေးတာကြောင်း လတ်တလောမှာ ပုံတင်တာတွေကို ဖုန်းနဲ့ တက်ဘလက်တွေကသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

“ဒီလိုဒီဇိုင်းပြောင်းလဲလိုက်တာကြောင့် Web အသုံးပြုသူတွေလည်း Instagram ရဲ့ အတွေ့အကြုံကို အပြည့်အဝရနိုင်မှာ ဖြစ်ပြီး ဘယ်လိုပစ္စည်း၊ ဘယ်လို Network မှာ သုံးတယ်ဆိုတာက အရေးမကြီးတော့ပါဘူး” လို့ Instagram က TechCrunch ကို ဆိုခဲ့ပါတယ်။

Ref: The Verge