[Zawgyi]

128 TB အထိ သိမ္းထားလို႔ရမယ့္ SD Card နည္းပညာကို မိတ္ဆက္လိုက္ပါၿပီ

SD Card ဆိုတာ Portable ျဖစ္တဲ့အေလွ်ာက္ သယ္ေဆာင္ရလြယ္ကူသလို Smartphone ၊ Tablet ၊ Digital Camera နဲ႔ Computer ေတြမွာ Data သိမ္းဆည္းေပးတဲ့ Storage Device တစ္ခုအေနနဲ႔ တြင္တြင္က်ယ္က်ယ္ အသုံးျပဳေနတာ ျဖစ္ပါတယ္။ အခုလို လြယ္လြယ္ကူကူ အသုံးျပဳလို႔ရတဲ့ SD Card မွာလည္း အားနည္းခ်က္တစ္ခ်ိဳ႕ ရွိေသးတာျဖစ္ၿပီး အမ်ားေသာအားျဖင့္ SD Card ေတြဟာ Data လုံလုံေလာက္ေလာက္ မသိမ္းဆည္းႏိုင္သလို Data ကူးယူတဲ့ႏႈန္းဟာ Portable Hard Disk ေတြနဲ႔ယွဥ္ရင္ ပိုၿပီးေႏွးေကြးပါတယ္။ ဒါ့အျပင္ Storage Size မ်ားမ်ား ပါေနရင္ေတာင္ သာမန္ Storage Device ေတြထက္ ေစ်းႀကီးေနတာက SD Card ရဲ႕ အားနည္းခ်က္ေတြပဲ ျဖစ္ပါတယ္။

SanDisk MicroSD Card Holding 400GB Storage

SD Card ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ အဆင့္သတ္မွတ္ခ်က္ အသီးသီးရွိတာျဖစ္ၿပီး “V” Class 90 အဆင့္ရွိတဲ့ SD Card ဟာ 90MB/s ႏႈန္းနဲ႔ အျမန္ဆုံး Data ေရး/မွတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါကို SD အဖြဲ႕အစည္းက သတ္မွတ္ေပးတာ ျဖစ္ၿပီး အခုဆိုရင္ SD Class Format ေတြအားလုံးထဲမွာ အလွ်င္ျမန္ဆုံးျဖစ္လာမယ့္ SD Card Format အသစ္ကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ SD Express လို႔ေခၚတဲ့ နည္းပညာဟာ SSD (Solid State Disk) ေတြမွာသာ ေတြ႕ရတဲ့ NVMe (Non Volatile Memory Express Controller) သုံးထားတာ ျဖစ္တဲ့အတြက္ Data Transfer Speed ကို 985 MB/s နဲ႔ အလွ်င္ျမန္ဆုံး ကူးေျပာင္းႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Data ေတြကို 128 TB အထိ သိမ္းဆည္းႏိုင္မွာျဖစ္လို႔ ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ Storage ပမာဏ အမ်ားဆုံးပါဝင္တဲ့ SD Card ထက္ အဆ ၆၀ ခန္႔ ပိုမိုဝင္ဆန္႔မွာပါ။

SanDisk V Class 30 MicroSD Card

ဒီ Storage ပမာဏဟာ ႐ုပ္ရွင္ေပါင္း ၂၅,၀၀၀ ေက်ာ္ရဲ႕ Storage ပမာဏနဲ႔ အတူတူပဲျဖစ္ၿပီး SD Card တစ္ခုထဲမွာပဲ ႐ုပ္ရွင္ေတြအားလုံး သိမ္းဆည္းထားႏိုင္ပါ။ ဒါ့အျပင္ ဒီ SD Card ထဲမွာ ဓာတ္ပုံေပါင္း ၂၅၆ သန္း သိမ္းထားႏိုင္ေသးသလို သီးခ်င္းေပါင္း ၂၅.၆ သန္း ဝင္ဆန္႔ႏိုင္မွာ ျဖစ္တဲ့အတြက္ သီခ်င္း Data ေပါင္း ၃၅ သန္းရွိတဲ့ Spotify Music Library ကိုပါ အိတ္ကပ္ထဲ ထည့္ထားလို႔ရမွာ ျဖစ္ပါတယ္။ အခုလို စြမ္းေဆာင္ရည္ေတြေၾကာင့္လည္း Professional ဓာတ္ပုံသမားေတြ၊ Editing သမားေတြပါ 4K 8K ဒါမွမဟုတ္ VR (Virtual Reality) အတြက္ပါ လုံေလာက္တဲ့ Data Transfer Rate နဲ႔ Storage Size ေထာက္ပံ့ထားႏိုင္ဦးမွာပါ။

SD Express Card Demo

လက္ရွိ SD Card ေတြမွာ Data သိမ္းဆည္းဖို႔ အမ်ားဆုံး 2TB အထိပဲ ဝင္ဆန္႔ေသးတာျဖစ္ၿပီး Data Transfer အေနနဲ႔လည္း V Class 90 ပဲရွိေသးတာ ျဖစ္ပါတယ္။ အခုလို SD Express သုံးထားတဲ့ SD Card ေတြထြက္လာရင္ Laptop ေတြမွာ microSD Slot ေပ်ာက္သြားႏိုင္သလို ဘယ္အခ်ိန္မွာ ေစ်းကြက္တြင္း ေရာက္ရွိလာမယ္ဆိုတာ သုံးသပ္ထားျခင္းမရွိေသးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

128 TB အထိ သိမ်းထားလို့ရမယ့် SD Card နည်းပညာကို မိတ်ဆက်လိုက်ပါပြီ

SD Card ဆိုတာ Portable ဖြစ်တဲ့အလျှောက် သယ်ဆောင်ရလွယ်ကူသလို Smartphone ၊ Tablet ၊ Digital Camera နဲ့ Computer တွေမှာ Data သိမ်းဆည်းပေးတဲ့ Storage Device တစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ဖြစ်ပါတယ်။ အခုလို လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ SD Card မှာလည်း အားနည်းချက်တစ်ချို့ ရှိသေးတာဖြစ်ပြီး အများသောအားဖြင့် SD Card တွေဟာ Data လုံလုံလောက်လောက် မသိမ်းဆည်းနိုင်သလို Data ကူးယူတဲ့နှုန်းဟာ Portable Hard Disk တွေနဲ့ယှဥ်ရင် ပိုပြီးနှေးကွေးပါတယ်။ ဒါ့အပြင် Storage Size များများ ပါနေရင်တောင် သာမန် Storage Device တွေထက် စျေးကြီးနေတာက SD Card ရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။

SanDisk MicroSD Card Holding 400GB Storage

SD Card ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အဆင့်သတ်မှတ်ချက် အသီးသီးရှိတာဖြစ်ပြီး “V” Class 90 အဆင့်ရှိတဲ့ SD Card ဟာ 90MB/s နှုန်းနဲ့ အမြန်ဆုံး Data ရေး/မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို SD အဖွဲ့အစည်းက သတ်မှတ်ပေးတာ ဖြစ်ပြီး အခုဆိုရင် SD Class Format တွေအားလုံးထဲမှာ အလျှင်မြန်ဆုံးဖြစ်လာမယ့် SD Card Format အသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ SD Express လို့ခေါ်တဲ့ နည်းပညာဟာ SSD (Solid State Disk) တွေမှာသာ တွေ့ရတဲ့ NVMe (Non Volatile Memory Express Controller) သုံးထားတာ ဖြစ်တဲ့အတွက် Data Transfer Speed ကို 985 MB/s နဲ့ အလျှင်မြန်ဆုံး ကူးပြောင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Data တွေကို 128 TB အထိ သိမ်းဆည်းနိုင်မှာဖြစ်လို့ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Storage ပမာဏ အများဆုံးပါဝင်တဲ့ SD Card ထက် အဆ ၆၀ ခန့် ပိုမိုဝင်ဆန့်မှာပါ။

SanDisk V Class 30 MicroSD Card

ဒီ Storage ပမာဏဟာ ရုပ်ရှင်ပေါင်း ၂၅,၀၀၀ ကျော်ရဲ့ Storage ပမာဏနဲ့ အတူတူပဲဖြစ်ပြီး SD Card တစ်ခုထဲမှာပဲ ရုပ်ရှင်တွေအားလုံး သိမ်းဆည်းထားနိုင်ပါ။ ဒါ့အပြင် ဒီ SD Card ထဲမှာ ဓာတ်ပုံပေါင်း ၂၅၆ သန်း သိမ်းထားနိုင်သေးသလို သီးချင်းပေါင်း ၂၅.၆ သန်း ဝင်ဆန့်နိုင်မှာ ဖြစ်တဲ့အတွက် သီချင်း Data ပေါင်း ၃၅ သန်းရှိတဲ့ Spotify Music Library ကိုပါ အိတ်ကပ်ထဲ ထည့်ထားလို့ရမှာ ဖြစ်ပါတယ်။ အခုလို စွမ်းဆောင်ရည်တွေကြောင့်လည်း Professional ဓာတ်ပုံသမားတွေ၊ Editing သမားတွေပါ 4K 8K ဒါမှမဟုတ် VR (Virtual Reality) အတွက်ပါ လုံလောက်တဲ့ Data Transfer Rate နဲ့ Storage Size ထောက်ပံ့ထားနိုင်ဦးမှာပါ။

SD Express Card Demo

လက်ရှိ SD Card တွေမှာ Data သိမ်းဆည်းဖို့ အများဆုံး 2TB အထိပဲ ဝင်ဆန့်သေးတာဖြစ်ပြီး Data Transfer အနေနဲ့လည်း V Class 90 ပဲရှိသေးတာ ဖြစ်ပါတယ်။ အခုလို SD Express သုံးထားတဲ့ SD Card တွေထွက်လာရင် Laptop တွေမှာ microSD Slot ပျောက်သွားနိုင်သလို ဘယ်အချိန်မှာ စျေးကွက်တွင်း ရောက်ရှိလာမယ်ဆိုတာ သုံးသပ်ထားခြင်းမရှိသေးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။