[Zawgyi]

ေျမဆြဲအားမရွိတဲ့ ႏုိက္ကလပ္ထဲမွာ Party လုပ္ၾကမယ္

Elon Musk ရဲ႕ SpaceX Falcon Heavy Rocket လႊတ္တင္မႈတစ္ခုထဲက သင့္ကို အာကာသရဲ႕ ဆန္းၾကယ္မႈေတြကို မွင္သက္ေစမွာမဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက အာကာသယာဥ္မႈးေတြနဲ႔ ေျမဆြဲအားမရွိေတာ့တဲ့ေနရာမွာ ပါတီလုပ္ေနၾကတာက သင့္ကိုအာသာသထဲမွာ ေနခ်င္စိတ္တဖြားဖြားျဖစ္လာေစမွာပါ။

ကလပ္တစ္ခုရဲ႕ ျမဳးၾကြတဲ့တီးလံုးေတြ၊ တဖ်တ္ဖ်တ္လင္းလက္ေနတဲ့ မီးေရာင္ေတြနဲ႔အတူ ေျမဆြဲအားကင္းမဲ့တဲ့ပါတီတစ္ခုဟာ Franfurt ေလဆိပ္ကေန စတင္ပါတယ္။ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာ Zero – G Airbus လုိ႔ နာမည္ေပးထားတဲ့ Airbus A320 ေလယာဥ္ကို ျပန္လည္ျပင္ဆင္ထားတဲ့ ေလယာဥ္ဟာ European Space Agency (ESA) က အာကာသယာဥ္မႈးေတြကို ေလ့က်င့္တဲ့ေနရာမွာ အသံုးျပဳတဲ့ေလယာဥ္ျဖစ္ပါတယ္။

အဆိုပါ ေလယာဥ္ေပၚမွာ ခရီးသည္ အေယာက္ ၅၀ ေက်ာ္ လုိက္ပါသြားခဲ့ျပီး DJ ေတြျဖစ္တဲ့ Steve Aoki ၊ W&W ေတြအျပင္ အေၾကာက္အလန္႔မရွိတဲ့ Party People ေတြ၊ ESA က အာကာသယာဥ္မႈး ၂ ေယာက္ျဖစ္တဲ့ Jean-Francois Clervoy နဲ႔ Pedro Duque တို႔ပါဝင္ခဲ့တာပဲျဖစ္ပါတယ္။ “စစျခင္း ကၽြန္ေတာ္တုိ႔ ျဖစ္သြားတာက ဒါကဘာၾကီးလဲဆုိျပီး ျဖစ္သြားတာပါ” ဆိုျပီး ျပင္သစ္အာကာသယာဥ္မႈးျဖစ္တဲ့ Jean-Francois Clervoy က CNN ကို ေျပာၾကားခဲ့ပါတယ္။

“ဒါေပမယ့္ ေနာက္ပိုင္းမွာ Physics နဲ႔ အျခားေသာ စည္းကမ္းေတြမရွိတဲ့အခ်ိန္မွာ ဒါကိုျဖစ္ေအာင္လုပ္ၾကမယ္ဆိုျပီး ဆံုးျဖတ္လုိက္ၾကတာပါ” အခုေလယာဥ္ေပၚကို တက္ေရာက္ခဲ့ၾကတဲ့ Clubbers ၁၄ ေယာက္ကို Earthbound Event Organizers ေတြျဖစ္တဲ့ BigCityBeats က Social Media ေပၚမွာ Videos တင္ျပီး ယွဥ္ျပိဳင္ခဲ့ၾကတဲ့သူေတြထဲက ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ အဆုိပါလူေတြဟာ တကမၻာလံုးက ေရြးခ်ယ္ခဲ့တာျဖစ္ျပီးေတာ့ Austrialia ၊ Brazil ၊ Korea ၊ India နဲ႔ Germany က လူေတြပါဝင္ခဲ့ျပီးေတာ့ အခု Event ရဲ႕ Highlight ေတြကို အခု ဗီဒီယုိမွာ ၾကည့္ရႈႏုိင္ပါတယ္။

ပါတီကို မိနစ္ ၉၀ ၾကာက်င္းပမွာ ျဖစ္ျပီး ေျမဆြဲအား သုညျဖစ္တဲ့အခ်ိန္က စုစုေပါင္း ၂၅ မိနစ္ေလာက္ရွိမွာပါ။ ေလယာဥ္ကို အျမင့္ေပ ၃၂၀၀၀ မွာ ပ်ံသန္းေနတဲ့အခ်ိန္မွာ Parabolic Flight Maneuvers ဆိုတဲ့ ျဖစ္စဥ္နဲ႔ ေျမဆြဲအား 0 g ျဖစ္သြားေအာင္ လုပ္ေဆာင္မွာျဖစ္ပပါတယ္။ ေလယာဥ္ဟာ မတ္ေစာက္တဲ့ အတက္၊အဆင္း Pattern နဲ႔ ပ်ံသန္းျပီီး ေအာက္ကို စိုက္ဆင္းတဲ့အခါမွာ ေလယာဥ္မွာ အေလးခ်ိန္မရွိသလို ျဖစ္သြားတဲ့ ခံစားခ်က္ကို ခံစားရမွာပါ။ Roller Coaster စီးရင္ ေအာက္ကို ေဝါခနဲ ဆင္းတဲ့အခါ အစာအိမ္ထဲမွာ ခံစားရတဲ့ လႈိက္ခနဲ ခံစားမႈမ်ိဳးနဲ႔ တူပါတယ္။

“ကၽြန္ေတာ္တို႔ရဲ့ ပထမဆံုးခရီးစဥ္မွာေတာ့ အရမ္းကို စိတ္လႈပ္ရွားခဲ့ရျပီး ေျပာမျပတတ္ေအာင္ပါပဲ”လို႔ W&W က ေလယာဥ္ခရီးစဥ္အျပီးမွာ ျပန္ေျပာင္းေျပာခဲ့ပါတယ္။ အေလးခ်ိန္မဲ့ေနတဲ့ အေနအထားမွာ DJ လုပ္ေနဖို႔ကတာ့ မျဖစ္ႏုိင္ဘဲ ခလုတ္ခံုေတြ၊ စက္ေတြကေန အေဝးကို ေမ်ာေနမွာမို႔လို႔ပါတဲ့။

ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းကလည္း ဘီယာကုမၸဏီတစ္ခုဟာ လက္စ္ဗီးဂတ္စ္ရဲ့ ေကာင္းကင္ယံထက္မွာ အလားတူျပဳလုပ္ခဲ့ဖူးပါတယ္။ BigCityBeats ရဲ့ CEO Bernd Breiter ကေတာ့ “ ကၽြန္ေတာ္တို႔ ဒီအစီအစဥ္ေတြလုပ္ေနလို႔ လကိုေရာ ဘယ္ေတာ့သြားမွာလဲလို႔ လူတုိင္းက ေမးလာၾကပါတယ္။ လကိုသြားဖို႔ေတာ့ အခ်ိန္နည္းနည္းလိုေသးေပမယ့္ တျဖည္းျဖည္းနဲ႔ေတာ့ နီးလာျပီိလို႔ ေျပာရမွာပါပဲလို႔ ေျဖၾကားသြားပါတယ္။

www.akhayar.com

Ref : http://www.iflscience.com/
[Unicode]

မြေဆွဲအားမရှိတဲ့ နိုက်ကလပ်ထဲမှာ Party လုပ်ကြမယ်

Elon Musk ရဲ့ SpaceX Falcon Heavy Rocket လွှတ်တင်မှုတစ်ခုထဲက သင့်ကို အာကာသရဲ့ ဆန်းကြယ်မှုတွေကို မှင်သက်စေမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အာကာသယာဉ်မှုးတွေနဲ့ မြေဆွဲအားမရှိတော့တဲ့နေရာမှာ ပါတီလုပ်နေကြတာက သင့်ကိုအာသာသထဲမှာ နေချင်စိတ်တဖွားဖွားဖြစ်လာစေမှာပါ။

ကလပ်တစ်ခုရဲ့ မြုးကြွတဲ့တီးလုံးတွေ၊ တဖျတ်ဖျတ်လင်းလက်နေတဲ့ မီးရောင်တွေနဲ့အတူ မြေဆွဲအားကင်းမဲ့တဲ့ပါတီတစ်ခုဟာ Franfurt လေဆိပ်ကနေ စတင်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ Zero – G Airbus လို့ နာမည်ပေးထားတဲ့ Airbus A320 လေယာဉ်ကို ပြန်လည်ပြင်ဆင်ထားတဲ့ လေယာဉ်ဟာ European Space Agency (ESA) က အာကာသယာဉ်မှုးတွေကို လေ့ကျင့်တဲ့နေရာမှာ အသုံးပြုတဲ့လေယာဉ်ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည် အယောက် ၅၀ ကျော် လိုက်ပါသွားခဲ့ပြီး DJ တွေဖြစ်တဲ့ Steve Aoki ၊ W&W တွေအပြင် အကြောက်အလန့်မရှိတဲ့ Party People တွေ၊ ESA က အာကာသယာဉ်မှုး ၂ ယောက်ဖြစ်တဲ့ Jean-Francois Clervoy နဲ့ Pedro Duque တို့ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ “စစခြင်း ကျွန်တော်တို့ ဖြစ်သွားတာက ဒါကဘာကြီးလဲဆိုပြီး ဖြစ်သွားတာပါ” ဆိုပြီး ပြင်သစ်အာကာသယာဉ်မှုးဖြစ်တဲ့ Jean-Francois Clervoy က CNN ကို ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် နောက်ပိုင်းမှာ Physics နဲ့ အခြားသော စည်းကမ်းတွေမရှိတဲ့အချိန်မှာ ဒါကိုဖြစ်အောင်လုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ” အခုလေယာဉ်ပေါ်ကို တက်ရောက်ခဲ့ကြတဲ့ Clubbers ၁၄ ယောက်ကို Earthbound Event Organizers တွေဖြစ်တဲ့ BigCityBeats က Social Media ပေါ်မှာ Videos တင်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့သူတွေထဲက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါလူတွေဟာ တကမ္ဘာလုံးက ရွေးချယ်ခဲ့တာဖြစ်ပြီးတော့ Austrialia ၊ Brazil ၊ Korea ၊ India နဲ့ Germany က လူတွေပါဝင်ခဲ့ပြီးတော့ အခု Event ရဲ့ Highlight တွေကို အခု ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

ပါတီကို မိနစ် ၉၀ ကြာကျင်းပမှာ ဖြစ်ပြီး မြေဆွဲအား သုညဖြစ်တဲ့အချိန်က စုစုပေါင်း ၂၅ မိနစ်လောက်ရှိမှာပါ။ လေယာဉ်ကို အမြင့်ပေ ၃၂၀၀၀ မှာ ပျံသန်းနေတဲ့အချိန်မှာ Parabolic Flight Maneuvers ဆိုတဲ့ ဖြစ်စဉ်နဲ့ မြေဆွဲအား 0 g ဖြစ်သွားအောင် လုပ်ဆောင်မှာပါ။ လေယာဉ်ဟာ မတ်စောက်တဲ့ အတက်၊အဆင်း Pattern နဲ့ ပျံသန်းပြီး အောက်ကို စိုက်ဆင်းတဲ့အခါမှာ လေယာဉ်မှာ အလေးချိန်မရှိသလို ဖြစ်သွားတဲ့ ခံစားချက်ကို ခံစားရမှာပါ။ Roller Coaster စီးရင် အောက်ကို ဝေါခနဲ ဆင်းတဲ့အခါ အစာအိမ်ထဲမှာ ခံစားရတဲ့ လှိုက်ခနဲ ခံစားမှုမျိုးနဲ့ တူပါတယ်။

“ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဉ်မှာတော့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပြီး ပြောမပြတတ်အောင်ပါပဲ”လို့ W&W က လေယာဉ်ခရီးစဉ်အပြီးမှာ ပြန်ပြောင်းပြောခဲ့ပါတယ်။ အလေးချိန်မဲ့နေတဲ့ အနေအထားမှာ DJ လုပ်နေဖို့ကတာ့ မဖြစ်နိုင်ဘဲ ခလုတ်ခုံတွေ၊ စက်တွေကနေ အဝေးကို မျောနေမှာမို့လို့ပါတဲ့။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း ဘီယာကုမ္ပဏီတစ်ခုဟာ လက်စ်ဗီးဂတ်စ်ရဲ့ ကောင်းကင်ယံထက်မှာ အလားတူပြုလုပ်ခဲ့ဖူးပါတယ်။ BigCityBeats ရဲ့ CEO Bernd Breiter ကတော့ “ ကျွန်တော်တို့ ဒီအစီအစဉ်တွေလုပ်နေလို့ လကိုရော ဘယ်တော့သွားမှာလဲလို့ လူတိုင်းက မေးလာကြပါတယ်။ လကိုသွားဖို့တော့ အချိန်နည်းနည်းလိုသေးပေမယ့် တဖြည်းဖြည်းနဲ့တော့ နီးလာပြီလို့ ပြောရမှာပါပဲလို့ ဖြေကြားသွားပါတယ်။

www.akhayar.com

Ref : http://www.iflscience.com/