[Zawgyi]
Yoon Yoon Family
Stella(Akhayar)
www.Akhayar.com 
[Unicode]
မိဘနှစ်ပါးနဲ့အတူ ပညာရေးအလှုပေးအပ်ပွဲလေး မှာ တွေ့ရတဲ့ ယွန်းယွန်း
ကလေးသရုပ်ဆောင်ဘဝကနေ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ အကယ်ဒမီယွန်းယွန်းဟာ သရုပ်ဆောင်ကောင်းတဲ့အပြင် ပရဟိတလုပ်ရာမှာလည်း စိတ်အားထက်သန်သူလေးဖြစ်ပါတယ်။ ဇူလိုင်လ(၃၀)ရက်နေ့မှာတော့ ယွန်းယွန်းတစ်ယောက် မိဘနှစ်ပါးနဲ့အတူ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ကျင်းပ ပြုလုပ်တဲ့ တက္ကသိုလ်ပညာသင်ဆုပေးအပ်ပွဲ၊ အလှုပေးအပ်ပွဲ ကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
Yoon Yoon Family
အဲ့ဒီအလှုပေးအပ်ပွဲမှာ သူမကိုယ်တိုင်လည်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဖြစ်တဲ့ အလှုလေး ဆိုပြီး ရေးသားကာ သူမရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံလေးတွေကိုပါ မျှဝေထားပါတယ်။ မြန်မာဝတ်စုံ ခရမ်းရောင်ဝမ်းဆက်လေး ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားတဲ့ ယွန်းယွန်း ကတော့ ယဉ်ယဉ်လေးနဲ့ လှနေပြီး မိဘနှစ်ပါးနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးခဲ့တာတွေ့ရပါတယ်။
စိတ်ပညာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ယူနေတဲ့ ယွန်းယွန်းကတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်နေရသလို ပရဟိတအလုပ်တွေကိုလည်း တတ်အားသလောက် ရံဖန်ရံခါ လုပ်လေ့ရှိပါတယ်။ သူမရတဲ့ အနုပညာကြေးလေးတွေနဲ့ လှှုထားပုံရတဲ့ ယွန်းယွန်း ရဲ့ အလှုလေးအတွက် ပရိသတ်တွေလည်း ထပ်တူထပ်မျှ ကြည်နူးမိမယ်လို့ မျှော်လင့်ပါတယ်။
Photos Credit – Yoon Yoon’s facebook and Amazing Grace
Stella(Akhayar)
www.Akhayar.com