[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

တူလေးပုံတွေကို Instagram မှာတင်ပြီးကြွားလိုက်တဲ့ တီတီယွန်းနဒီလွင်မိုး

အဒေါ်ရာထူးကိုရောက်သွားပြီဖြစ်တဲ့ ယွန်းနဒီလွင်မိုး က သူ့ရဲ့တူလေးပုံတွေကို သူမရဲ့ Instagram အကောင့်မှာ တင်ထားတာကိုတွေ့ ရပါတယ်။ ကလေးလေးရဲ့မျက်နှာ ကိုတော့ အခုထိမတွေ့ရသေးပေမယ့် ကလေးရဲ့ ခြေထောက်ကလေးကိုလည်း သူ့ရဲ့ ဖွားဖွားဖြစ်သူ ဒေါ်မေသူက တင်ထားသလို အခုတစ်ခါမှာတော့ ကလေးလေးရဲ့လက်ကလေးကို အဒေါ်ဖြစ်သူ က တင်ထားတာလည်း ဖြစ်ပါတယ်။

ယွန်းနဒီလွင်မိုးရဲ့ Instagram အကောင့်မှပုံ

အဖိုးဖြစ်သူ ဦးလွင်မိုးကလည်း မြေးဦးလေးရလို့ပျော်နေပုံပါ။ မီဒီယာအင်တာဗျူးတွေမှာတောင် အဖိုးရာထူးကို တိုးပေးလိုက်ပြီဆိုပြီးတော့ ပျော်ရွှင်စွာနဲ့ဖြေထားတာတွေကို လူမှုကွန်ရက်ပေါ်မှာတွေ့ရပါတယ်။

အဒေါ်ဖြစ်တဲ့ ယွန်းနဒီလေးကလည်း ပုံတင်ထားတာတောင်မှာ အသဲပုံလေးကို မြှားလေးစိုက်နေတဲ့ Emoji လေးနဲ့ ဆိုတော့ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာပရိသတ်ကြီးလည်း သိလောက်ရောပေါ့။

Photo Credit:Yunnandylm Instagram

ကြည်သာ (Akhayar)

www.akhayar.com