[ZawGyi]

ဒိန္ခ်ဥ္တို႔ကမ႓ာ Yoghurt Land မွာ ဒိန္ခ်ဥ္ဘူေဖးအဝစားၾကမယ္

လစာေလးကလည္းထုတ္ၿပီးခ်ိန္၊ လက္ထဲမွာကလည္း ေငြယားေလးမ်ားရွိေနခ်ိန္ဆို မ်က္လံုးက ဘာျမင္ျမင္ကို နႈတ္ခမ္းကေတာင့္တလာေတာ့တာမဟုတ္ေပဘူးလား ေဘာ္ဒါတို႔ေရ။ ၂၃,၂၄ ၾကပ္တည္းခ်ိန္ေတြ ကိုယ့္ကိုကိုယ္ မယိုင္မလဲ ေတာင့္ခံထားႏိုင္ခဲ့တဲ့ဆုလာဘ္အျဖစ္ ခုလိုလစာရၿပီးခ်ိန္ေလးေတြက်ရင္ မနက္စာဆိုလည္း ေကာင္းေပ့ေလးမွ၊ ေန႔လည္စာေလးကလည္း ၿမိန္လိုက္ရမွ၊ စားၿပီးခ်ိန္လည္း ဒီပါးစပ္ကအၿငိမ္မေနအခ်ိဳေလးတည္းလိုက္ရမွ ခံတြင္းကလည္း ရွင္းေတာ့တယ္ဆိုသကိုး။ စားၿပီးေသာက္ၿပီးခ်ိန္ေလးေတြမ်ား ေရခဲမုန္႔ေလး ဒိန္ခ်ဥ္ေလးေတြနဲ႔ အခ်ိဳတည္းဖို႔ဆိုတာကလည္း လွ်ာရင္းကိုစိမ့္ေနေစမယ့္ အိုင္ဒီယာေလးမဟုတ္လား?

ဆိုေတာ့ကာ ဥတုပူပူ ေႏြထူထူမွာ ပူေလာင္ အိုက္စက္အစားမပ်က္ရေစဖို႔ လမ္းၾကံဳဝင္စား၊ Shopping သြားတိုင္း အဆင္ေျပလို႔ အရသာရွိရွိ စားလို႔ရမယ့္ ကိုယ္ေႂကြခဲ့ရာ ဒိန္ခ်ဥ္ကမ႓ာေလးကို မေႏွးမျမန္ သတင္းျပန္ပါးလိုက္ၿပီေနာ္ ေဘာ္ေဘာ္တို႔။

ဒီဆိုင္ေလးက ျမန္မာပလာဇာ တတိယထပ္အလယ္မွာရွိတာ။ ဆိုင္ေလးက ခံုေလး ၃,၄ ခံုေလာက္နဲ႔ ေခတၱခနအနားယူရင္း စားေသာက္ဖို႔ ျပင္ဆင္ထားေပးတဲ့ပံုစံေလးပါ။ သူ႔ဆိုင္အျပင္အဆင္ေလးေရာ၊ ခြက္ေလးေတြ၊ အသီးအႏွံေလးေတြအားလံုး ေရာင္စံုခ်စ္စရာေလး ခင္းက်င္းထားတာမ်ား ေကာင္မေလးေတြေတာ္ေတာ္သေဘာက်ၾကမွာ အေသခ်ာ။

ေတာ္ေတာ္မိုက္တဲ့အခ်က္က ဒိန္ခ်ဥ္ကို ဘူေဖးစားသလိုပဲ။ ႀကိဳက္သေလာက္စား က်သေလာက္ရွင္းရတာမ်ိဳးတဲ့။ အဆန္းပဲေနာ္။ သူလည္း ရန္ကုန္မွာ အျပည့္ဖြင့္ေနတဲ့ Hot Pot ဆိုင္ေတြကို အားက်လို႔နဲ႔တူပါ့။ သူ႔နည္းနိသာယနဲ႔ ဘယ္လိုေလးမ်ား ဘူေဖးစားရပါ့ဆို???

ပထမဆံုး ေရာင္စံုခ်စ္စရာ ခြက္လွလွေလး ေကာက္ယူလိုက္မယ္။ ၿပီးရင္ ေရခဲမုန္႔စက္လိုမ်ိဳး သဘာဝဒိန္ခ်ဥ္၊ စေတာ္ဘယ္ရီလီမြန္နိတ္၊ အုန္းသီး၊ Peanut butter လိုအရသာေလးရယ္၊ Green Tea နဲ႔ ပိန္းဥဆိုၿပီး အရသာ ၆ မ်ိဳးရွိတဲ့ ဒိန္ခ်ဥ္ေလးေတြ ထည့္ရတယ္။

အဲ့အရသာ ၆ မ်ိဳးလံုးက ဒိန္ခ်ဥ္ဆိုေပမယ့္ ေရခဲမုန္႔နဲ႔တြဲစပ္ထားတဲ့အရသာမ်ိဳးေလး။ ခ်ဥ္တာေလးဆို သဘာဝဒိန္ခ်ဥ္နဲ႔ စေတာ္ဘယ္ရီလီမြန္နိတ္ေလး ရတယ္။ က်န္တာေလးေတြကေတာ့ခ်ိဳေမႊးဆိမ့္ဆိမ့္ေလး။ တစ္ခု သေဘာက်စရာေကာင္းတာက ကိုယ္ဘယ္အရသာႀကိဳက္လဲ ေသခ်ာေရြးလို႔ရေအာင္ ဝန္ထမ္းေလးေတြက Sample ခြက္ေလးေတြနဲ႔ ေပးျမည္းတယ္။ ဒီ Service ေလးေတာ့ သေဘာက်စရာ။ တစ္ခုေျပာရရင္ စက္ကို တခါဖိစာပဲ ထည့္ရံုနဲ႔တင္ အရသာတမ်ိဳးစီအတြက္အဆင္ေျပၿပီေနာ္။ သူက ဂရမ္အလိုက္ေကာက္တာဆိုေတာ့ လက္လြန္သြားရင္ အခ်ိဳပြဲကေန ဗိုက္အဝစားေစ်းျဖစ္သြားမွာ ေၾကာက္ရေသးေလ ေနာ့။

ဒိန္ခ်ဥ္အခ်ိဳးအဆကို ကိုယ္ႀကိဳက္တာ ႀကိဳက္တဲ့ပမာဏထည့္ၿပီးရင္ ဒီတခါအသီးေလးေတြ၊ အေစ့၊ ဂ်ယ္လီေလးေတြ၊ ယိုေလးေတြ၊ ေဝဖာေလးေတြ၊ ကိုယ္ႀကိဳက္ရာ လိုက္ရာ ေရြးထည့္မယ္။ အားလံုးက ဂရမ္နဲ႔ေကာက္တာဆိုေတာ့ ေပါ့ေပါ့ေလးေတြမ်ားမ်ားထည့္ႏိုင္ရင္ပိုေကာင္းတယ္။

အဲ့ဒါေတြအားလံုးထည့္ၿပီးမွ အေပၚကယိုေလးဆမ္း၊ စက္ေလးေပၚတင္၊ ဂရမ္ေလးခ်ိန္၊ ပိုက္ဆံေလးထုတ္၊ ခြက္ကေလးကို ဓါတ္လွလွေလးဖမ္း၊ ၿပီးရင္ေတာ့ စားလို႔ရပါၿပီရွင္။

အသီးအႏွံေလးေတြနဲ႔ ဒိန္ခ်ဥ္မဆန္တဲ့ ႏို႔သားႏူးႏူးညံ့ညံ့ေရခဲမုန္႔ေမႊးေမႊးေလးစားရသလိုပါပဲ။ USA Franchise မို႔လို႔လည္း အရသာေရာ၊ ေရာင္းခ်မႈပံုစံကပါထူးကဲတယ္။ တစ္ခုပဲ ေစ်းလည္းႀကီးတယ္။ ကိုယ္ေတာင္ အရသာေလးမ်ိဳး ပါတယ္ဆိုရံုေလးထည့္မိတာ ရွင္းေတာ့ ၇၀၀၀ နီးပါးက်ပါေရာလား။ အဲ့ဒါမို႔ အဝစားမဟုတ္ရင္ ေသခ်ာခ်ိန္ၿပီး လက္ျမန္ေျချမန္ထည့္ၾကပါလို႔။

တစ္ခါတေလ ဝင္ေငြေကာင္းတုန္း ႏိုင္ငံျခားအရည္အေသြးအျပည့္ရတဲ့ ဒီလို အရသာေလးေတြလည္း ခံစားဖူးေအာင္ ခံစားမွ လူျဖစ္ရက်ိဳးနပ္ဦးမွာမလား? ကိုယ္ေတြလို ေရခဲမုန္႔ဒိန္ခ်ဥ္ ႀကိဳက္တဲ့သူေတြကေတာ့ ခနခနသြားစားျဖစ္မယ့္ထိကို အရသာေလးသေဘာက်မိတယ္။ အခရာပရိသတ္ႀကီးလည္း ဘူေဖးဒိန္ခ်ဥ္ ခ်ိဳခ်ဥ္ေမႊးေလး တစ္ခါတေခါက္အဝစားခ်င္ရင္ Myanmar Plaza တတိယထပ္ စားေသာက္တန္းေတြရဲ႕ေရွ႕ေလးတင္ Yoghurt Land ဆိုတဲ့ ဒိန္ခ်ဥ္အဝစားဘူေဖးဆိုင္ေလး ရွိတယ္ေနာ္။

EiEiKhineMinn ( Akhayar )

[Unicode]

ဒိန်ချဉ်တို့ကမ္ဘာ Yoghurt Land မှာ ဒိန်ချဉ်ဘူဖေးအဝစားကြမယ်

လစာလေးကလည်းထုတ်ပြီးချိန်၊ လက်ထဲမှာကလည်း ငွေယားလေးများရှိနေချိန်ဆို မျက်လုံးက ဘာမြင်မြင်ကို နှုတ်ခမ်းကတောင့်တလာတော့တာမဟုတ်ပေဘူးလား ဘော်ဒါတို့ရေ။ ၂၃,၂၄ ကြပ်တည်းချိန်တွေ ကိုယ့်ကိုကိုယ် မယိုင်မလဲ တောင့်ခံထားနိုင်ခဲ့တဲ့ဆုလာဘ်အဖြစ် ခုလိုလစာရပြီးချိန်လေးတွေကျရင် မနက်စာဆိုလည်း ကောင်းပေ့လေးမှ၊ နေ့လည်စာလေးကလည်း မြိန်လိုက်ရမှ၊ စားပြီးချိန်လည်း ဒီပါးစပ်ကအငြိမ်မနေအချိုလေးတည်းလိုက်ရမှ ခံတွင်းကလည်း ရှင်းတော့တယ်ဆိုသကိုး။ စားပြီးသောက်ပြီးချိန်လေးတွေများ ရေခဲမုန့်လေး ဒိန်ချဉ်လေးတွေနဲ့ အချိုတည်းဖို့ဆိုတာကလည်း လျှာရင်းကိုစိမ့်နေစေမယ့် အိုင်ဒီယာလေးမဟုတ်လား?

ဆိုတော့ကာ ဥတုပူပူ နွေထူထူမှာ ပူလောင် အိုက်စက်အစားမပျက်ရစေဖို့ လမ်းကြုံဝင်စား၊ Shopping သွားတိုင်း အဆင်ပြေလို့ အရသာရှိရှိ စားလို့ရမယ့် ကိုယ်ကြွေခဲ့ရာ ဒိန်ချဉ်ကမ္ဘာလေးကို မနှေးမမြန် သတင်းပြန်ပါးလိုက်ပြီနော် ဘော်ဘော်တို့။

ဒီဆိုင်လေးက မြန်မာပလာဇာ တတိယထပ်အလယ်မှာရှိတာ။ ဆိုင်လေးက ခုံလေး ၃,၄ ခုံလောက်နဲ့ ခေတ္တခနအနားယူရင်း စားသောက်ဖို့ ပြင်ဆင်ထားပေးတဲ့ပုံစံလေးပါ။ သူ့ဆိုင်အပြင်အဆင်လေးရော၊ ခွက်လေးတွေ၊ အသီးအနှံလေးတွေအားလုံး ရောင်စုံချစ်စရာလေး ခင်းကျင်းထားတာများ ကောင်မလေးတွေတော်တော်သဘောကျကြမှာ အသေချာ။

တော်တော်မိုက်တဲ့အချက်က ဒိန်ချဉ်ကို ဘူဖေးစားသလိုပဲ။ ကြိုက်သလောက်စား ကျသလောက်ရှင်းရတာမျိုးတဲ့။ အဆန်းပဲနော်။ သူလည်း ရန်ကုန်မှာ အပြည့်ဖွင့်နေတဲ့ Hot Pot ဆိုင်တွေကို အားကျလို့နဲ့တူပါ့။ သူ့နည်းနိသာယနဲ့ ဘယ်လိုလေးများ ဘူဖေးစားရပါ့ဆို???

ပထမဆုံး ရောင်စုံချစ်စရာ ခွက်လှလှလေး ကောက်ယူလိုက်မယ်။ ပြီးရင် ရေခဲမုန့်စက်လိုမျိုး သဘာဝဒိန်ချဉ်၊ စတော်ဘယ်ရီလီမွန်နိတ်၊ အုန်းသီး၊ Peanut butter လိုအရသာလေးရယ်၊ Green Tea နဲ့ ပိန်းဥဆိုပြီး အရသာ ၆ မျိုးရှိတဲ့ ဒိန်ချဉ်လေးတွေ ထည့်ရတယ်။

အဲ့အရသာ ၆ မျိုးလုံးက ဒိန်ချဉ်ဆိုပေမယ့် ရေခဲမုန့်နဲ့တွဲစပ်ထားတဲ့အရသာမျိုးလေး။ ချဉ်တာလေးဆို သဘာဝဒိန်ချဉ်နဲ့ စတော်ဘယ်ရီလီမွန်နိတ်လေး ရတယ်။ ကျန်တာလေးတွေကတော့ချိုမွှေးဆိမ့်ဆိမ့်လေး။ တစ်ခု သဘောကျစရာကောင်းတာက ကိုယ်ဘယ်အရသာကြိုက်လဲ သေချာရွေးလို့ရအောင် ဝန်ထမ်းလေးတွေက Sample ခွက်လေးတွေနဲ့ ပေးမြည်းတယ်။ ဒီ Service လေးတော့ သဘောကျစရာ။ တစ်ခုပြောရရင် စက်ကို တခါဖိစာပဲ ထည့်ရုံနဲ့တင် အရသာတမျိုးစီအတွက်အဆင်ပြေပြီနော်။ သူက ဂရမ်အလိုက်ကောက်တာဆိုတော့ လက်လွန်သွားရင် အချိုပွဲကနေ ဗိုက်အဝစားဈေးဖြစ်သွားမှာ ကြောက်ရသေးလေ နော့။

ဒိန်ချဉ်အချိုးအဆကို ကိုယ်ကြိုက်တာ ကြိုက်တဲ့ပမာဏထည့်ပြီးရင် ဒီတခါအသီးလေးတွေ၊ အစေ့၊ ဂျယ်လီလေးတွေ၊ ယိုလေးတွေ၊ ဝေဖာလေးတွေ၊ ကိုယ်ကြိုက်ရာ လိုက်ရာ ရွေးထည့်မယ်။ အားလုံးက ဂရမ်နဲ့ကောက်တာဆိုတော့ ပေါ့ပေါ့လေးတွေများများထည့်နိုင်ရင်ပိုကောင်းတယ်။

အဲ့ဒါတွေအားလုံးထည့်ပြီးမှ အပေါ်ကယိုလေးဆမ်း၊ စက်လေးပေါ်တင်၊ ဂရမ်လေးချိန်၊ ပိုက်ဆံလေးထုတ်၊ ခွက်ကလေးကို ဓါတ်လှလှလေးဖမ်း၊ ပြီးရင်တော့ စားလို့ရပါပြီရှင်။

အသီးအနှံလေးတွေနဲ့ ဒိန်ချဉ်မဆန်တဲ့ နို့သားနူးနူးညံ့ညံ့ရေခဲမုန့်မွှေးမွှေးလေးစားရသလိုပါပဲ။ USA Franchise မို့လို့လည်း အရသာရော၊ ရောင်းချမှုပုံစံကပါထူးကဲတယ်။ တစ်ခုပဲ ဈေးလည်းကြီးတယ်။ ကိုယ်တောင် အရသာလေးမျိုး ပါတယ်ဆိုရုံလေးထည့်မိတာ ရှင်းတော့ ၇၀၀၀ နီးပါးကျပါရောလား။ အဲ့ဒါမို့ အဝစားမဟုတ်ရင် သေချာချိန်ပြီး လက်မြန်ခြေမြန်ထည့်ကြပါလို့။

တစ်ခါတလေ ဝင်ငွေကောင်းတုန်း နိုင်ငံခြားအရည်အသွေးအပြည့်ရတဲ့ ဒီလို အရသာလေးတွေလည်း ခံစားဖူးအောင် ခံစားမှ လူဖြစ်ရကျိုးနပ်ဦးမှာမလား? ကိုယ်တွေလို ရေခဲမုန့်ဒိန်ချဉ် ကြိုက်တဲ့သူတွေကတော့ ခနခနသွားစားဖြစ်မယ့်ထိကို အရသာလေးသဘောကျမိတယ်။ အခရာပရိသတ်ကြီးလည်း ဘူဖေးဒိန်ချဉ် ချိုချဉ်မွှေးလေး တစ်ခါတခေါက်အဝစားချင်ရင် Myanmar Plaza တတိယထပ် စားသောက်တန်းတွေရဲ့ရှေ့လေးတင် Yoghurt Land ဆိုတဲ့ ဒိန်ချဉ်အဝစားဘူဖေးဆိုင်လေး ရှိတယ်နော်။

EiEiKhineMinn ( Akhayar )