[Zawgyi]

အကယ္ဒမီကို စိတ္ကူးနဲ႔ေတာင္မမွန္းရဲပါဘူးဆိုတဲ့ ဖိုက္တင္မင္းသမီးေလးယဥ္လတ္

ရုပ္ရွင္ေလာကမွာဇာတ္ေဆာင္၊ ဇာတ္ရုပ္ေတြအမ်ားႀကီးရွိတဲ့အထဲကမွ အက္ရွင္ဇာတ္ရုပ္ကို စိတ္ပါဝင္စားလို႔ အက္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ရိုက္ကူးခဲ့တဲ့ သရုပ္ေဆာင္ယဥ္လတ္က အကယ္ဒမီကုိ စိတ္ကူးနဲ႔ေတာင္မမွန္းရဲပါဘူးလို႔ ဆိုပါတယ္။ သရုပ္ေဆာင္ယဥ္လတ္အေနနဲ႔ ၂၀၁၇ အကယ္ဒမီစာရင္းဝင္ဇာတ္ကားထဲက တစ္ကားျဖစ္တဲ့ “ သရာေစာထိ” ရုပ္ရွင္ဇာတ္ကားထဲမွာ ေနာ္ပဲေလွာ္ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြအားေပးမႈကိုရရွိခဲ့ၿပီး ပရိသတ္ေတြတခ်ိဳ႕က အကယ္ဒမီမွန္းေပးေနၾကတာျဖစ္ပါတယ္။

အဲဒီရုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီမွန္းေပးေနၾကတဲ့အေပၚကို ယဥ္လတ္က “ သရာေစာထိရုပ္ရွင္ဇာတ္ကားမွက ေနာ္ပဲေလွာ္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့တာေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ ပထမဆံုးက်င္းပတဲ့ ဒီမိုကေရစီရုပ္ရွင္ပြဲေတာ္မွာ ျပသခြင့္ရတဲ့ ဇာတ္ကားႀကီးတစ္ကားေပါ့ေနာ္။ အဲဒီဇာတ္ကားမွာ ပါဝင္ခြင့္ရတဲ့အတြက္လည္း ေက်နပ္ဝမ္းသာမိပါတယ္။ ဒီဇာတ္ကားၿပီးသြားတဲ့အခ်ိန္တုန္းကလည္း ေနာ္ပဲေလွာ္ဆိုၿပီး ပရိသတ္ရဲ႕အခ်စ္ေတြ လက္ခံရရွိခဲ့တယ္။ အဲဒီအတြက္ အရမ္းဝမ္းသာမိတယ္။ အကယ္ဒမီမွန္းေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အကယ္ဒမီဆိုတာ ညီမအတြက္ ေဝးပါေသးတယ္။ စိတ္ကူးနဲ႔ေတာင္ မမွန္းရဲပါဘူး။ ခုလိုပရိသတ္က ကိုယ့္အတြက္ စဥ္းစားေပးတာနဲ႔တင္ ေပ်ာ္ေနပါၿပီ။ အရမ္းလည္း ေက်းဇူးတင္ပါတယ္” လို႔ ေျပာပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အကယ်ဒမီကိုစိတ်ကူးနဲ့တောင်မမှန်းရဲပါဘူးဆိုတဲ့ ဖိုက်တင်မင်းသမီးလေးယဉ်လတ်

ရုပ်ရှင်လောကမှာဇာတ်ဆောင်၊ ဇာတ်ရုပ်တွေအများကြီးရှိတဲ့အထဲကမှ အက်ရှင်ဇာတ်ရုပ်ကို စိတ်ပါဝင်စားလို့ အက်ရှင်ဇာတ်ကားတော်တော်များများကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်ယဉ်လတ်က အကယ်ဒမီကို စိတ်ကူးနဲ့တောင်မမှန်းရဲပါဘူးလို့ ဆိုပါတယ်။ သရုပ်ဆောင်ယဉ်လတ်အနေနဲ့ ၂၀၁၇ အကယ်ဒမီစာရင်းဝင်ဇာတ်ကားထဲက တစ်ကားဖြစ်တဲ့ “ သရာစောထိ” ရုပ်ရှင်ဇာတ်ကားထဲမှာ နော်ပဲလှော်ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေအားပေးမှုကိုရရှိခဲ့ပြီး ပရိသတ်တွေတချို့က အကယ်ဒမီမှန်းပေးနေကြတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီမှန်းပေးနေကြတဲ့အပေါ်ကို ယဉ်လတ်က “ သရာစောထိရုပ်ရှင်ဇာတ်ကားမှက နော်ပဲလှော်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာပေါ့နော်။ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ဒီမိုကရေစီရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရတဲ့ ဇာတ်ကားကြီးတစ်ကားပေါ့နော်။ အဲဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်ဝမ်းသာမိပါတယ်။ ဒီဇာတ်ကားပြီးသွားတဲ့အချိန်တုန်းကလည်း နော်ပဲလှော်ဆိုပြီး ပရိသတ်ရဲ့အချစ်တွေ လက်ခံရရှိခဲ့တယ်။ အဲဒီအတွက် အရမ်းဝမ်းသာမိတယ်။ အကယ်ဒမီမှန်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီဆိုတာ ညီမအတွက် ဝေးပါသေးတယ်။ စိတ်ကူးနဲ့တောင် မမှန်းရဲပါဘူး။ ခုလိုပရိသတ်က ကိုယ့်အတွက် စဉ်းစားပေးတာနဲ့တင် ပျော်နေပါပြီ။ အရမ်းလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။