[Zawgyi]



messageတွေနဲ့ရော

ကျေးဇူးတင်ပါတယ်


ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

အဝါရောင်လေးကိုချစ်နေတယ်ဆိုတဲ့ မင်းသမီးလေး စံရတီမိုးမြင့်

မင်းသမီးလေးစံရတီမိုးမြင့်က “အဝါရောင်လေးကိုချစ်နေတယ်”ဆိုပြီးသူမရဲ့လူမှုကွန်ရက်မှာ ပုံလေးတွေကိုတင်ထားတာတွေ့ရပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့ကကျရောက်ခဲ့တဲ့ သူမရဲ့ ၂၄ နှစ်ပြည့်မွေးနေ့ မှာအဝါရောင်လေးကိုပဲဝတ်ဆင်ခဲ့တာဖြစ်ပြီး မွေးနေ့ဆုတောင်းပေးကြသူတွေကိုလည်းကျေးဇူးတင်တယ် ဆိုပြီးတော့ သူမရဲ့လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။

“Facebook,Messenger, phone,
messageတွေနဲ့ရော
လူကိုယ်တိုင်ပါလာရောက်ပြီး
မွေးနေ့ဆုတောင်းပေးတဲ့
တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်..
Replyမပြန်နိုင်သေးတာ ခွင့်လွှတ်ပါနော်..
မွေးနေ့မှာ ပျော်ရွှင်ရပါတယ်”..

“တကူးတကဘုရားမှာလာစောင့်နေတဲ့သူတွေရော
လက်ဆောင်တွေလာပေးကြတဲ့သူတွေရော
အိမ်ကိုပို့ပေးကြတဲ့ သူတွေရော အားလုံးကို
ကျေးဇူးတင်ပါတယ်
အမြဲတန်းဘေးကနေပံ့ပိုးပေးတဲ့ချစ်ခင်ရတဲ့သူများ
အားလုံးကိုကျေးဇူးပါနော်”

စံရတီမိုးမြင့်ဟာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့နေတက်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ မရှိမဖြစ်အချစ်တော်လေးတွေကတော့ သူမရဲ့အိမ်မွေးခွေးလေးတွေပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: San Yati Moe Myint Facebook(Amazing Grace)

www.akhayar.com