[Zawgyi]

နားလည္သြားျပီလို႔ ထင္ပါတယ္ညီမေလးေရ လို႔ ဆုိလိုက္တဲ့ ရဲေနာင္

Myanmar Idol Season 3 Grand Final ပြဲၾကီးကေတာ့ မေန႔က ၾသဂုတ္လ ၁၁ ရက္ေန႔မွာ ျပီးဆံုးသြားခဲ့ပါျပီ။ ျဖိဳးျမတ္ေအာင္တစ္ေယာက္ Winner ဆုၾကီးကို ဆြတ္ခူးခဲ့ျပီး ေနာက္ထပ္ က်န္ရွိျပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ခ်မ္းေျ့မ႕ေမာင္ခ်ိဳကေတာ့ ယွဥ္ျပိဳင္ႏုိင္ျခင္းမရွိဘဲ သီခ်င္းတစ္ပုဒ္ကို ေဖ်ာ္ေျဖေရးအေနနဲ႔သာ ပါဝင္ေဖ်ာ္ေျဖႏုိင္ခဲ့ပါတယ္။

ပြဲၾကီးမွာ ျပိဳင္ဆုိင္မႈ တစ္ Round နဲ႔ တစ္ Round ၾကား တျခားအစီအစဥ္ေတြျပသတာရွိခဲ့ျပီး #StopCyberbullying ဆိုတဲ့ အစီအစဥ္ေလးျပသခဲ့ပါတယ္။ ဒီအစီအစဥ္မွာ Myanmar Idol ျပိဳင္ပြဲဝင္ေတြနဲ႔အတူ ေနျခည္ဦး၊ အိမ့္ခ်စ္နဲ႔ ဝင္းမင္းသန္းတို႔လို အႏုပညာရွင္ေတြကအစ Cyberbullying လုပ္တာကို ရပ္တန္႔ဖို႔ အေၾကာင္း တုိက္တြန္းေျပာၾကားခဲ့ပါတယ္။ ဒီအစီအစဥ္ေလးဟာ ဘယ္သူဘယ္ဝါအတြက္ မရည္ရြယ္ေပမယ့္ လတ္တေလာမွာ ခ်မ္းေျမ႕ေမာင္ခ်ိဳနဲ႔ ျဖိဳးျမတ္ေအာင္တုိ႔ခံစားရင္ဆုိင္ရတဲ့ အြန္လိုင္းအတုိက္အခိုက္ေတြကို ရည္္ရြယ္မွန္း အားလံုးက သိၾကပါတယ္။

ပြဲၾကီးက ျပီးဆံုးသြားေပမယ့္ လူေတြရဲ႕ ေဝဖန္သံေတြကေတာ့ ပြဲၾကီးျပီးတဲ့အထိ လူမႈကြန္ရက္ေပၚမွာ ျပီးဆံုးျခင္းမရွိေသးပါဘူး။ ခ်မ္းေျမ႕ေမာင္ခ်ိဳ ဒီလို ခံစားေနရတာကို အရင္က ခ်မ္းေျမ႕ေမာင္ခ်ိဳလည္း သူမ်ားကို တုိက္ခုိက္တာကို Share ခဲ့တာေတြ ရွိလို႔ ဝဋ္လည္တယ္ဆုိျပီး ေျပာေနၾကပါတယ္။ ဒီအထဲမွာေတာ့ Myanmar Idol Season 2 ရဲ႕ ျပိဳင္ပြဲဝင္ရဲေနာင္လည္း အပါအဝင္ျဖစ္ျပီး သူခံစားရတဲ့ ခံစားခ်က္ကို အခုလို Share ခဲ့တာ ျဖစ္ပါတယ္။

ရဲေနာင္ရဲ႕ Screenshot

ရဲေနာင္ရဲ႕ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

ရဲေနာင္ တင္ထားတဲ့ Screenshot

“ကိုယ္တိုင္ၾကံဳေတြ႔ရမွ ဒီစိတ္ခံစားခ်က္ကို နားလည္မွာပါ
နားလည္သြားၿပီ လို႔လဲထင္ပါတယ္ ညီမေလး ေရ” လို႔ ေရးသားခဲ့ေပမယ့္ “Fighting ညီမေလးေရ ေန အျမန္ျပန္ကာင္းပါေစ” လို႔ အဆံုးသတ္ထားခဲ့ပါတယ္။ ပြဲၾကီး ျပီးသြားေပမယ့္ ပြဲဂယက္ေတြကေတာ့ ဒီလို ရိုက္ခတ္က်န္ေနခဲ့ပါတယ္။

www.akhayar.com

Photo Credit : Ye Naung
[Unicode]

နားလည်သွားပြီလို့ ထင်ပါတယ်ညီမလေးရေ လို့ ဆိုလိုက်တဲ့ ရဲနောင်

Myanmar Idol Season 3 Grand Final ပွဲကြီးကတော့ မနေ့က သြဂုတ်လ ၁၁ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဖြိုးမြတ်အောင်တစ်ယောက် Winner ဆုကြီးကို ဆွတ်ခူးခဲ့ပြီး နောက်ထပ် ကျန်ရှိပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းေြ့မ့မောင်ချိုကတော့ ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ သီချင်းတစ်ပုဒ်ကို ဖျော်ဖြေရေးအနေနဲ့သာ ပါဝင်ဖျော်ဖြေနိုင်ခဲ့ပါတယ်။

ပွဲကြီးမှာ ပြိုင်ဆိုင်မှု တစ် Round နဲ့ တစ် Round ကြား တခြားအစီအစဉ်တွေပြသတာရှိခဲ့ပြီး #StopCyberbullying ဆိုတဲ့ အစီအစဉ်လေးပြသခဲ့ပါတယ်။ ဒီအစီအစဉ်မှာ Myanmar Idol ပြိုင်ပွဲဝင်တွေနဲ့အတူ နေခြည်ဦး၊ အိမ့်ချစ်နဲ့ ဝင်းမင်းသန်းတို့လို အနုပညာရှင်တွေကအစ Cyberbullying လုပ်တာကို ရပ်တန့်ဖို့ အကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်လေးဟာ ဘယ်သူဘယ်ဝါအတွက် မရည်ရွယ်ပေမယ့် လတ်တလောမှာ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ခံစားရင်ဆိုင်ရတဲ့ အွန်လိုင်းအတိုက်အခိုက်တွေကို ရည်ရွယ်မှန်း အားလုံးက သိကြပါတယ်။

ပွဲကြီးက ပြီးဆုံးသွားပေမယ့် လူတွေရဲ့ ဝေဖန်သံတွေကတော့ ပွဲကြီးပြီးတဲ့အထိ လူမှုကွန်ရက်ပေါ်မှာ ပြီးဆုံးခြင်းမရှိသေးပါဘူး။ ချမ်းမြေ့မောင်ချို ဒီလို ခံစားနေရတာကို အရင်က ချမ်းမြေ့မောင်ချိုလည်း သူများကို တိုက်ခိုက်တာကို Share ခဲ့တာတွေ ရှိလို့ ဝဋ်လည်တယ်ဆိုပြီး ပြောနေကြပါတယ်။ ဒီအထဲမှာတော့ Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်ရဲနောင်လည်း အပါအဝင်ဖြစ်ပြီး သူခံစားရတဲ့ ခံစားချက်ကို အခုလို Share ခဲ့တာ ဖြစ်ပါတယ်။

ရဲနောင်ရဲ့ Screenshot

ရဲနောင်ရဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

ရဲနောင် တင်ထားတဲ့ Screenshot

“ကိုယ်တိုင်ကြုံတွေ့ရမှ ဒီစိတ်ခံစားချက်ကို နားလည်မှာပါ
နားလည်သွားပြီ လို့လဲထင်ပါတယ် ညီမလေး ရေ” လို့ ရေးသားခဲ့ပေမယ့် “Fighting ညီမလေးရေ နေ အမြန်ပြန်ကာင်းပါစေ” လို့ အဆုံးသတ်ထားခဲ့ပါတယ်။ ပွဲကြီး ပြီးသွားပေမယ့် ပွဲဂယက်တွေကတော့ ဒီလို ရိုက်ခတ်ကျန်နေခဲ့ပါတယ်။

www.akhayar.com

Photo Credit : Ye Naung