[Zawgyi]





ပါတယ်





ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

သရုပ်ဆောင်ရဲမင်းပိုင် ကို Cover ရုပ်ရှင်နှင့် ပြန်လည်မြင်တွေ့ရတော့မည်

အက်ရှင် မင်းသားတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်ရဲမင်းပိုင် ဟာ ဒါရိုက်တာ ဂျိုး ရိုက်ကူးတော့မယ့် Cover ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ် လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုရေးသားထားပါသေးတယ်။

သရုပ်ဆောင် ရဲမင်းပိုင်

သရုပ်ဆောင် ရဲမင်းပိုင်

“ဘဝမှာ ကံတရာက တကျော့ပြန် အကူညီပေးတတ်
ပါတယ်
အနုပညာသရုပ်ဆောင်အလုပ်ကို
ပင်ပန်းစွာ တချိန်က လုပ်ဆောင်ခဲ့တဲ့အတွက်
အနုပညာ အလုပ်က နေရာလေးတနေရာပြန်ပေး
ပြီး ထပ်မံလုပ်ဆောင်ဖို့ ကံတရားက သူ့သဘောနဲ့သူ
ပြုပြင်ပေးလိုက်တာ အကာအကွယ် အကူညီတွေနဲ့”ဆိုပြီးတော့ သရုပ်ဆောင်ရဲမင်းပိုင်က သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားတာတွေ့ရပါတယ်။

cover ရုပ်ရှင်ဇာတ်ကား

cover ရုပ်ရှင်ဇာတ်ကား

ဒီ Cover ဆိုတဲ့ ဇာတ်လမ်းထဲမှာ မင်းသား သရုပ်ဆောင်များစွာပါဝင်မှာဖြစ်ပြီး ထပ်ဆင့်အကယ်ဒမီရန်အောင် ၊ ထပ်ဆင့်အကယ်ဒမီ လူမင်း အပါအဝင် အခြားသော သရုပ်ဆောင် မင်းသားတွေလည်းပါဝင်မယ်လို့သိရပါတယ်။Cover အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲပေး အခမ်းအနားကို လည်း ဧပြီလ ၃၀ ရက်နေ့ Central Hotel မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Photo Credit:Ye Min Paing Facebook

ကြည်သာ (Akhayar)

www.akhayar.com