[Zawgyi]







FA Cup: 2010–11

Ref: The Sun
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လန်ဒန်ကလပ်အသင်းတစ်သင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တဲ့ ယာယာတိုရေး Yaya Touré

မန်စီးတီးကွင်းလယ်လူ ယာယာတိုရေး Yaya Touré ဟာ လန်ဒန်ကလပ်အသင်းတစ်သင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တယ်လို့ သူ့ရဲ့အေးဂျင့် ဒီမီထရီဆီလတ် Dimitry Seluk ဟာအတည်ပြုခဲ့ပါတယ်။ ယာယာတိုရေး Yaya Touré ဟာ မန်စီးတီးအသင်း ခေတ်တစ်ခေတ်ထူထောင်ခဲ့စဉ်က အသင်းရဲ့အဓိကကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပြီး နည်းပြဂွါဒီယိုလာ Guardiola မန်စီးတီးအသင်းကို ရောက်ရှိလာချိန်မှာတော့ အသင်းမှာပုံမှန်နေရာ ပျောက်ဆုံးခဲ့သူပါ။

Dimitry-Seluk-and-Yaya-Touré

Dimitry-Seluk-and-Yaya-Touré

ယာယာတိုရေး Yaya Touré ဟာ လန်ဒန်အသင်းတစ်သင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ဒီအသင်းတွေဟာ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမဟုတ်ဘူးလို့ အေးဂျင့် ဒီမီထရီဆီလတ် Dimitry Seluk ဟာ Twitter မှာရေးသားခဲ့ပါတယ်။ ယာယာတိုရေး Yaya Touré ရဲ့အသက်အရွယ်အရ အသင်းကြီးတွေဟာလည်း ခေါ်ယူတော့မှာမဟုတ်တာကြောင့် ယာယာတိုရေး Yaya Touré ပြောင်းရွှေ့မယ့် လန်ဒန်ကလပ်အသင်းဟာ ဖူလ်ဟမ်အသင်းဖြစ်လာမလား ဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ယာယာတိုရေး Yaya Touré ဟာ မန်စီးတီးအသင်းမှာ (၈)နှစ်ကြာကစားခဲ့သူဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း(၃၁၆)ပွဲကစားခဲ့သလို သွင်းဂိုး(၇၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။

ယာယာတိုရေး Yaya Touré ရဲ့ မန်စီးတီးကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2011–12, 2013–14, 2017–18
FA Cup: 2010–11
Football League Cup: 2013–14, 2015–16
FA Community Shield: 2012

Ref: The Sun
Photo: Squawka Football , Switch On Sport
Ko Kyue(Akhayar)
www.akhayar.com