[Zawgyi]





ရောင်ပြန်

ရောင်ပြန်

ရောင်ပြန်

ရောင်ပြန်


www.akhayar.com
[Unicode]

Gym မှာ အလေးတုံးနဲ့ အထုခံလိုက်ရတဲ့ မော်ဒယ်လ် ရောင်ပြန်

Mister National Universe Best Charming Award နဲ့ Mister National Universe Chin State ဆုရထားတယ်ဆိုတဲ့ မော်ဒယ်လ်ရောင်ပြန်ကတော့ Gym တစ်ခုမှာ ပြဿနာဖြစ်ပြီး ဝိုင်းအထိုးခံရ၊ အလေးတုံးနဲ့ အထုခံလိုက်ရပါတယ်လို့ ဆိုပါတယ်။

သူ့ကို လူ ၇ ယောက်လောက်က ဝိုင်းချုပ်ပြီး ဆွမ်းကြီးလောင်းကြတဲ့အတွက် တစ်ကိုယ်လုံးအပြင်ဒဏ်ရာတွေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးစာယူထားရတယ်လို့ ဆိုပါတယ်။ သူ့ကို ပြောဆိုထားတဲ့သူတွေကိုလည်း ၆၆(ဃ) နဲ့ ဆွဲစိထားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စအတွက် CCTV မှတ်တမ်းတွေ ရှိပြီး Cctv မှတ်တမ်းရခဲ့တဲ့ အချိန် ကျရင် သူနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းကို တရားစွဲမယ်လို့လည်းဆိုပါတယ်။ လောလောဆယ်လှိုင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး သတင်းနဲ့ မီဒီယာတွေကိုလည်း ဖိတ်ခေါ်အပ်တယ်လို့လည်း ပြောထားပါတယ်။

ရောင်ပြန်

ရောင်ပြန်

ရောင်ပြန်

ရောင်ပြန်

ဘာတွေ ဖြစ်သွားမှန်းသေချာမသိရသေးပေမယ့် Gym မှာ အလေးတုံးနဲ့ ထုခံရတယ်ဆိုတဲ့အတွက် အရမ်းကို စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။

www.akhayar.com
Photo Credit : ရောင်ပြန် Facebook