အခုခေတ်မှာ ကိုယ်စားချင်တဲ့အစားအစာတွေကို အွန်လိုင်းကနေအလွယ်တကူ မှာပြီးစားလို့ရပါပြီ။ ကလစ်လေးသုံးလေးချက်နှိပ်ပြီးတာနဲ့ အိမ်အရောက်ပို့ပေးနေတဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေလည်းရှိနေပါပြီ။ ငွေပေးချေမှုကလည်း Cash On Delivery တွေဆိုတော့ မှာထားတာကို အိမ်ကိုရောက်မှ ငွေချေရမှာပါ။ အဲ့ဒီလိုဝန်ဆောင်မှုမျိုးကို မြန်မာနိုင်ငံမှာပထမဆုံးစတင်ခဲ့တဲ့ Yangon Door2Door ကနေ ကျွန်တော်တို့ အခရာသားတွေမုန့်မှာစားကြည့်ပါမယ်။

ဘာမှာစားရင်ကောင်းမလဲ
  • ပထမအကြိမ်မှာ Prepare လုပ်ရမယ့် အစားအစာမျိုး၊ လူများများလဲ စားလို့ရမယ်ဆိုတာမျိုးဆိုပြီး ပီဇာကို ရွေးလိုက်တယ်။ ပီဇာဆိုင်ထဲမှာမှ ကျွန်တော်တို့အခရာသားတွေရဲ့ ရုံးနဲ့မနီးမဝေးမှာရှိတဲ့ ဆိုင်ကို ရွေးတယ်။
  • ဒုတိယအကြိမ်မှာတော့ ကျွန်တော်တို့တွေရဲ့ရုံးရဲ့ ခပ်လှမ်းလှမ်းက ဆိုင်တစ်ဆိုင်ကိုရွေးတယ်။ နောက်ပြီးမှ မြန်မြန်သွက်သွက်ရနိုင်တဲ့ ခေါက်ဆွဲကြော်လိုအစားအစာမျိုးကိုမှာတယ်။
() ဝက်ဆိုဒ်နှင့် အသုံးပြုရလွယ်ကူခြင်း (Website & Accessibility)

ဝက်ဆိုက်ဒ်က အင်္ဂလိပ်တစ်ဘာသာပဲ သုံးလို့ရပါတယ်။ (ကျွန်တော်တို့ အခရာသားတွေကို နိုင်ငံခြားသားတွေလို့ ထင်နေလားမသိပါဘူး) မှာရတာအဆင့်ကနည်းနည်းများပေမယ့် သုံးရတာတော့ လွယ်ကူပါတယ်။ ထူးတာကတော့ Yangon Door2Door မှာ Delivery နဲ့ Pick-up ဆိုပြီး (၂) ခုရွေးလို့ရတာပါ။ ဆိုလိုတာကတော့ သူတို့လာပို့ရင်လဲပို့၊ မပို့စေချင်ဘူးဆိုလဲ ကိုယ်ဘာကိုယ် သွားယူလို့ရတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ငွေချေတဲ့တာကလည်း ဆိုက်ရောက်ငွေချေစနစ် (Cash on Delivery) တစ်မျိုးပဲရှိပါတယ်။ သတင်းပေးချင်သေးတာက “Web နဲ့မကြိုက်ဘူး တို့က App နဲ့မှသုံးတာ” ဆိုတဲ့ ကိုကို၊ မမတွေအတွက် Android ရော iOS ရောအတွက် Yangon Door2Door ရဲ့ App ရှိပါတယ်။ Yangon Door2Door ကဆိုင်ပေါင်း ၆၆ ဆိုင်ကနေ ဝန်ဆောင်မှုပေးပြီးတော့ Western Style ဆိုင်တွေများပါတယ်။

() မှာယူခြင်း (Ordering)

Yangon Door2Door ကနေမှာရတာ အဆင့်တွေတော့များပါတယ်။ကိုယ်နေတဲ့ မြို့နယ်ကို ထည့်ပေါ် လာတဲ့ဆိုင်စာရင်းထဲက တစ်ဆိုင်ကိုရွေးရင်ရွေး၊ မရွေးရင်အပေါ်ဘက်က Search Box တွေက ရှာ၊ ဒီမှာ အဆင်ပြေတာတစ်ခုက တစ်ချို့ဆိုင်တွေကမှာရင် ၁၀၀၀၀ ကျပ် အထက်ဆို Free Delivery ပါ။ တစ်ခုဆိုးတာ က အစားအသောက်တွေက နာမည်ပဲပါ တယ်ဗျာ၊ ပုံလဲမပါဘူး။ ဘာမှာလို့မှာရမှန်းမသိတော့ဘူး။ ပုံလေးနဲ့ဆို ကြည့်ပြီးမှာရုံပဲလေ။ Check Out ကိုနှိပ်လိုက်ရင် အပို အအေးဝယ်ဦးမလား လာမေးတယ်။ မဝယ်တော့ဘူးဆို No Thanks ကို နှိပ်လိုက်။ ပြီးရင် အကောင့် တွေဘာတွေ ဖွင့်ချင်လဲ ဖွင့်၊ မဖွင့်ချင်လဲ Continue As Guest ကိုနှိပ်ပေါ့။ ပြီးရင်တော့ Order Confirm ဖြစ်တဲ့အဆင့်ကိုရောက်ပြီ။ ဒီမှာတစ်ခုကောင်းတာက ကိုယ့်မှာထားတဲ့ အစားအသောက်က ဘယ်အဆင့်ရောက်နေပြီလဲ၊ အော်ဒါ တင်လိုက်ပြီလား၊ Preparing လုပ်နေပြီလား၊ Pick Up လုပ်ပြီလား လာပို့ပြီလားဆိုတာ ကြည့်လို့ရပါတယ်။ ဖုန်းနဲ့ဆက်သွယ်တာမျိုးလုံးဝလုပ်စရာမလိုဘူး။

 You May Also Like: “ဝိတ်ချနေ့လယ်စာနဲ့ ညစာများ
() ရောက်ရှိခြင်း (Arrival)
(.) ပီဇာရောက်ရှိခြင်း

ညနေ 3:06PM မှာ အော်ဒါမှာခဲ့ပြီးတော့ ကိုယ့်ရဲ့အော်ဒါဘယ်အဆင့်ရောက်နေပြီလဲဆိုတာ Webpage ပေါ်မှာ ကြည့်နေ လို့ရပါတယ်။ ညနေ 4:24 မိနစ်မှာ လာပို့ပါတယ်။ တစ်နာရီ နဲ့ ၁၈ မိနစ် ကြာမြင့်ပါတယ်။ အရသာရှိတဲ့ ပီဇာလေးကို သက်တောင့်သက်သာမှာစားရတဲ့ Feeling လေးကတော့ ဘာနဲ့မှ မတူပါဘူး။

 (.) ခေါက်ဆွဲကြော်ရောက်ရှိခြင်း

(မနက် 10:45 AM မှာယူခဲ့ပါတယ်။) မနက် 11:35 AM မှာရောက်လာပါတယ်။ ကြာမြင့်ချိန်ကတော့ မိနစ် ငါးဆယ်ပါ။

() ကုန်ကျစရိတ် (Cost)

ပီဇာမှာပြီးတဲ့အချိန်မှာ အပြီးအစီးကျသင့်ငွေက  (ပီဇာဖိုး ၁၆၀၀၀ ကျပ် + Tax ၈၀၀ ကျပ် + Delivery Fee  ၅၀၀၀ ကျပ် ->>   စုစုပေါင်း  = ၂၁၈၀၀ ကျပ် )

ခေါက်ဆွဲမှာပြီးတဲ့အချိန် ကျသင့်ငွေက (ခေါက်ဆွဲဖိုး ၃၀၀၀ ကျပ် + Tax  ၁၅၀ ကျပ် + Delivery Fee                ၅၀၀၀ ကျပ် ->>  စုစုပေါင်း = ၈၁၅၀ ကျပ်)

(ကျသင့်ငွေကို ဖြတ်ပိုင်းမှာအခွန်တံဆိပ်ခေါင်းကပ်ပြီးတော့ ပြန်ပေးပါတယ်။)

အွန်လိုင်းအသုံးပြုပြီး အရာအားလုံးကို အင်တာနက်ကနေလုပ်ဆောင်ချင်တဲ့ လူငယ်ပိုင်းတွေ၊ Western စတိုင်ဆိုင်တွေကို ကြိုက်တဲ့သူတွေကတော့ Yangon Door2Door ကိုနှစ်သက်ကြမှာ သေချာပါတယ်။ အင်တာနက်နဲ့အကျွမ်းတဝင်မရှိတဲ့ လူကြီးပိုင်းတွေကတော့ ၀၉-၂၅၄၀၁၆၆၇၉ ကိုဖုန်းနဲ့အော်ဒါမှာလို့ရပါတယ်။

ကဲကိုယ်စားချင်တဲ့အစားအစာတွေကို Yangon Door2Door ကနေ အလွယ်တကူမှာစားကြည့်ကြပါဦး။

 

Min Thu Kha (အခရာ)

www.akhayar.com