ရန္ကုန္ေရထုနဲ႔ ေလထုအရည္အေသြးတိုင္းတာဆန္းစစ္ျခင္း အစီရင္ခံစာ ဒီဇင္ဘာမွာ ထုတ္ျပန္မယ္

Yangon water and air quality measurements and analysis report

[Zawgyi]

ရန္ကုန္ေရထုနဲ႔ ေလထုအရည္အေသြးတိုင္းတာဆန္းစစ္ျခင္း အစီရင္ခံစာ ဒီဇင္ဘာမွာ ထုတ္ျပန္မယ္

ရန္ကုန္ၿမိဳ႕ရဲ႕ ေရထုနဲ႔ေလထု အရည္အေသြးတိုင္းတာစစ္ေဆးထားတဲ့ အစီအရင္ခံစာကို ဒီဇင္ဘာလအတြင္းမွာ ထုတ္ျပန္ေပးႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ စိမ္းလန္းျမန္မာအမိေျမအသင္းက သိရပါတယ္။ “ရန္ကုန္ၿမိဳ႕ရဲ႕ ေရထုကိုေတာ့ ၂၀၁၅ ထဲကတိုင္းထားတာ အခုသံုးႏွစ္စာကို ႏိႈင္းယွဥ္ျပမယ္။ ေလထုေတာ့ ၂၀၁၆ ခုႏွစ္က တိုင္းတာခဲ့တာ။ အဲဒါေတြကို အရင္တိုင္းတာခ်က္ေတြနဲ႔ ႏိႈင္းယွဥ္ျပယ္။ ဒီဇင္ဘာလထဲမွာ ထုတ္ျပန္ေပးသြားမွာျဖစ္ၿပီးေတာ့ ရက္အတိအက်ကေတာ့ ျပန္လည္ထုတ္ျပန္ေပးမွာပါ” လို႔ စိမ္းလန္းျမန္မာအမိေျမက Program Officer ေဒၚမိုးေအာင္ေနျခည္က ျမန္မာ့ပလက္ေဖာင္းမီဒီယာကို ေျပာပါတယ္။

ေရထုတိုင္းတာစစ္ေဆးမႈကိုေတာ့ ရန္ကုန္ၿမိဳ႕အတြင္းက လိႈင္သာယာနဲ႔ ေရႊျပည္သာၿမိဳ႕နယ္ေတြမွာ ပံုမွန္စစ္ေဆးၿပီး တိုင္းတာဓာတ္ခြဲမႈေတြျပဳလုပ္ခဲ့တာျဖစ္ၿပီး ေလထုတိုင္းတာစစ္ေဆးျခင္းကိုေတာ့ ရန္ကုန္ၿမိဳ႕အတြင္းက စက္ရံု၊ အလုပ္ရံုေတြအနီးအနားနဲ႔ လူစည္ကားရာအရပ္ေတြမွာ လုပ္ေဆာင္မွာျဖစ္တယ္လို႔သိရပါတယ္။ “ဒီလိုလုပ္ေဆာင္ရတဲ့ ရည္ရြယ္ခ်က္မွာေတာ့ အမ်ားပါဝင္တဲ့ ပတ္ဝန္းက်င္ေရးရာ ေစာင့္ၾကည့္ေရးလုပ္ေဆာင္တာေပါ့။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလို ဌာနေတြက ဒါမ်ဳိးေတြ မွန္မွန္လုပ္သင့္တယ္။ ဓာတ္ခြဲခန္းလည္း ရွိသင့္တယ္။ ျပည္သူကိုလည္း ထုတ္ျပန္သင့္တယ္ဆိုတာမ်ဳိး ေရွ႕ေျပးလုပ္ျပတာေပါ့။ ၿမိဳ႕ျပတင္မဟုတ္ဘဲ ေက်းရြာေတြမွာလည္း ပတ္ဝန္းက်င္ေရးရာ ညစ္ညမ္းမႈေတြရွိေနသလား၊ အဲဒီလိုျဖစ္ေပၚေနရင္ တိုင္လို႔ရတယ္။ အေၾကာင္းၾကားတဲ့အခါမွာ အဲဒီေဒသကိုသြားၿပီး စစ္ေဆးတယ္၊ ဓာတ္ခြဲစမ္းသပ္တယ္။ ေရနမူနာေတြ ယူလာျပန္စမ္းတယ္။ တိုင္ၾကားမႈေတြလည္းရွိလာပါတယ္” လို႔ ၄င္းကဆိုပါတယ္။

အဆိုပါစီမံကိန္းကိုေတာ့ အီးယူအဖြဲ႕ရဲ႕ ရန္ပံုေငြနဲ႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး အဲဒီလို ေရထုေလထု တိုင္းတာစစ္ေဆးျခင္းေတြကို အခေၾကးေငြယူေဆာင္ၿပီး လုပ္ေဆာင္ၾကတဲ့ လုပ္ငန္းေတြလည္းရွိသလို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကလည္း လုပ္ေဆာင္ေနတာေတြရွိေၾကာင္း သိရပါတယ္။

၂၀၁၆ခုႏွစ္အတြင္းမွာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သန္႔ရွင္းေရးဌာနအေနနဲ႔ ရန္ကုန္စည္ပင္နယ္နမိတ္အတြင္း ၃၃ ၿမိဳ႕နယ္က ေနရာတခ်ဳိ႕ရဲ႕ ေလထုတိုင္းတာခဲ့ရာမွာ ေလထုညစ္ညမ္းမႈက WHO ရဲ႕စံႏႈန္းသတ္မွတ္ခ်က္ကို ေက်ာ္လြန္ေၾကာင္း ရန္ကုန္ၿမိဳ႕မွာ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓာတ္ေငြ႔က 499.6ppm အထိရွိၿပီး WHO သတ္မွတ္ခ်က္စံႏႈန္းမွာေတာ့ 345 သာရွိတယ္လို႔ သိရပါတယ္။ မီသိန္း ဓာတ္ေငြ႔က 842.23 ppm ရွိၿပီး WHO စံႏႈန္း က 160 ရွိပါတယ္။ က်န္တဲ့ဓာတ္ေငြ႔ေတြမွာလည္း WHO သတ္မွတ္ခ်က္ထက္ ပိုမ်ားေနတယ္လို႔သိရပါတယ္။ ရန္ကုန္ေလထုတိုင္းတာမႈအရ ကာဗြန္ဒိုင္ေအာက္ဆိုဒ္မ်ားရျခင္းအေၾကာင္းရင္းကိုလည္း ဆန္းစစ္ေလ့လာမွာျဖစ္ၿပီး ေလထုညစ္ညမ္းမႈျဖစ္ေစတဲ့ အရာမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မယ့္ စီမံကိန္းတစ္ခုကို ေရးဆြဲမယ္လို႔လည္း သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရန်ကုန်ရေထုနဲ့ လေထုအရည်အသွေးတိုင်းတာဆန်းစစ်ခြင်း အစီရင်ခံစာ ဒီဇင်ဘာမှာ ထုတ်ပြန်မယ်

ရန်ကုန်မြို့ရဲ့ ရေထုနဲ့လေထု အရည်အသွေးတိုင်းတာစစ်ဆေးထားတဲ့ အစီအရင်ခံစာကို ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စိမ်းလန်းမြန်မာအမိမြေအသင်းက သိရပါတယ်။ “ရန်ကုန်မြို့ရဲ့ ရေထုကိုတော့ ၂၀၁၅ ထဲကတိုင်းထားတာ အခုသုံးနှစ်စာကို နှိုင်းယှဉ်ပြမယ်။ လေထုတော့ ၂၀၁၆ ခုနှစ်က တိုင်းတာခဲ့တာ။ အဲဒါတွေကို အရင်တိုင်းတာချက်တွေနဲ့ နှိုင်းယှဉ်ပြယ်။ ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီးတော့ ရက်အတိအကျကတော့ ပြန်လည်ထုတ်ပြန်ပေးမှာပါ” လို့ စိမ်းလန်းမြန်မာအမိမြေက Program Officer ဒေါ်မိုးအောင်နေခြည်က မြန်မာ့ပလက်ဖောင်းမီဒီယာကို ပြောပါတယ်။

ရေထုတိုင်းတာစစ်ဆေးမှုကိုတော့ ရန်ကုန်မြို့အတွင်းက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ပုံမှန်စစ်ဆေးပြီး တိုင်းတာဓာတ်ခွဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး လေထုတိုင်းတာစစ်ဆေးခြင်းကိုတော့ ရန်ကုန်မြို့အတွင်းက စက်ရုံ၊ အလုပ်ရုံတွေအနီးအနားနဲ့ လူစည်ကားရာအရပ်တွေမှာ လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ “ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်မှာတော့ အများပါဝင်တဲ့ ပတ်ဝန်းကျင်ရေးရာ စောင့်ကြည့်ရေးလုပ်ဆောင်တာပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို ဌာနတွေက ဒါမျိုးတွေ မှန်မှန်လုပ်သင့်တယ်။ ဓာတ်ခွဲခန်းလည်း ရှိသင့်တယ်။ ပြည်သူကိုလည်း ထုတ်ပြန်သင့်တယ်ဆိုတာမျိုး ရှေ့ပြေးလုပ်ပြတာပေါ့။ မြို့ပြတင်မဟုတ်ဘဲ ကျေးရွာတွေမှာလည်း ပတ်ဝန်းကျင်ရေးရာ ညစ်ညမ်းမှုတွေရှိနေသလား၊ အဲဒီလိုဖြစ်ပေါ်နေရင် တိုင်လို့ရတယ်။ အကြောင်းကြားတဲ့အခါမှာ အဲဒီဒေသကိုသွားပြီး စစ်ဆေးတယ်၊ ဓာတ်ခွဲစမ်းသပ်တယ်။ ရေနမူနာတွေ ယူလာပြန်စမ်းတယ်။ တိုင်ကြားမှုတွေလည်းရှိလာပါတယ်” လို့ ၎င်းကဆိုပါတယ်။

အဆိုပါစီမံကိန်းကိုတော့ အီးယူအဖွဲ့ရဲ့ ရန်ပုံငွေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီလို ရေထုလေထု တိုင်းတာစစ်ဆေးခြင်းတွေကို အခကြေးငွေယူဆောင်ပြီး လုပ်ဆောင်ကြတဲ့ လုပ်ငန်းတွေလည်းရှိသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း လုပ်ဆောင်နေတာတွေရှိကြောင်း သိရပါတယ်။

၂၀၁၆ခုနှစ်အတွင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနအနေနဲ့ ရန်ကုန်စည်ပင်နယ်နမိတ်အတွင်း ၃၃ မြို့နယ်က နေရာတချို့ရဲ့ လေထုတိုင်းတာခဲ့ရာမှာ လေထုညစ်ညမ်းမှုက WHO ရဲ့စံနှုန်းသတ်မှတ်ချက်ကို ကျော်လွန်ကြောင်း ရန်ကုန်မြို့မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့က 499.6ppm အထိရှိပြီး WHO သတ်မှတ်ချက်စံနှုန်းမှာတော့ 345 သာရှိတယ်လို့ သိရပါတယ်။ မီသိန်း ဓာတ်ငွေ့က 842.23 ppm ရှိပြီး WHO စံနှုန်း က 160 ရှိပါတယ်။ ကျန်တဲ့ဓာတ်ငွေ့တွေမှာလည်း WHO သတ်မှတ်ချက်ထက် ပိုများနေတယ်လို့သိရပါတယ်။ ရန်ကုန်လေထုတိုင်းတာမှုအရ ကာဗွန်ဒိုင်အောက်ဆိုဒ်များရခြင်းအကြောင်းရင်းကိုလည်း ဆန်းစစ်လေ့လာမှာဖြစ်ပြီး လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အရာများကို လျှော့ချပေးနိုင်မယ့် စီမံကိန်းတစ်ခုကို ရေးဆွဲမယ်လို့လည်း သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။