ရန်ကုန်ရဲ့ လူငယ်ပိုင်းတွေက ကလပ်သွားတဲ့ အလေ့အထကို တော်တော်လေး လက်ခံလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ထီကနဲဆို ကွိုင်ရှာတတ်တဲ့ လူငယ်သဘာဝရယ်၊ အယ်လ်ကိုဟောရယ်၊ မြူးကြွတဲ့ ဂီတတွေကို တစ်နေရာတည်း ပေါင်းပေးလိုက်တဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ  ပြဿနာတွေဖြစ်လာတတ်ပါတယ်။

အဲဒါတွေကြောင့် ကလပ်တွေ အနေနဲ့ လုံခြုံရေးပိုင်းကို စနစ်တကျ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အပြင်ဘက် ပြဿနာတွေကလည်း ကလပ်ထဲရောက်မှ စဖြစ်တတ်တာတွေ ရှိပါ တယ်။ အရက်မူးလွန်နေတဲ့ လူကိုထပ်ပြီး အရက်မရောင်းတာတို့၊ လုံခြုံရေးပိုင်းက အမူးလွန်နေသူ အဖွဲ့ကို စောင့်ကြည့်တာတို့ကို လုပ်ပေးသင့်ပါတယ်။

ကလပ်တွေအနေနဲ့ အမူးလွန်နေတဲ့သူတွေ ပြဿနာရှာနေတဲ့သူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆို တာ စနစ်တကျသင်ပေးသင့်ပါတယ်။ ဘယ်အခြေအနေမှာ သတိပေးသင့်လဲ၊ ဘယ်အခြေအနေမှာ ကလပ်ထဲက ထုတ်သင့်သလဲ” ဆိုတာတွေပါ။ ရန်ကုန်က ကလပ်အများစုရဲ့ လုံခြုံရေးဝန်ထမ်းတွေကို ကြည့်ရင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်ပိုင်းတွေများပါတယ်။ ပြည်ပက ကလပ်တွေမှာလို လူကောင်ခပ်ကြီးကြီး Bouncer တွေမရှိသလောက်ပါဘဲ။

ဒါကြောင့် ကလပ်သွားတဲ့ လူငယ်အများစုက လုံခြုံရေးတွေကို သိပ်ဂရုမစိုက်ကြပါဘူး။ လုံခြုံရေး ပိုင်းတာဝန်ရှိသူတွေကို ကလပ်ရဲ့ အုပ်ချုပ်မှုအပိုင်းက ဘာဖြစ်ရင် ဘာလုပ်ရမလဲဆိုတဲ့ SOP (Standard Operation Procedure) တွေကို အသေးစိတ် သင်ထားရပါမယ်။ ဖြစ်နိုင်တဲ့ ဖြစ်စဉ်တစ်ခုချင်းစီကို ဘယ်လိုအကောင်းဆုံး ကိုင်တွယ်ရမလဲ ဆိုတာကို Training ပေးဖို့ လိုပါတယ်။ ဥပမာဆိုရင် အမူးလွန်နေသူတာ အမျိုးသမီးဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ “မိန်းကလေးမို့လို့ ကျွန်တော်တို့ ဆွဲထုတ်လို့မရပါဘူး”  ဆိုတာကတော့ လက်ခံလောက်တဲ့ လုံခြုံရေး မဟုတ်သေးပါဘူး။

့You May Also Like: “မြန်မာပလာဇာ လေးလွှာက အလန်းဇယား Eclipse Bar & Restaurant (Bar Review)”

  • ကလပ်တွေအနေနဲ့ လုံခြုံရေးဝန်ထမ်း လုံလုံလောက်လောက်ရှိအောင် အတတ်နိုင်ဆုံး ခိုက်ရန်မဖြစ် မဖြစ်ပွားအောင် လုပ်ဖို့တာဝန်ရှိပါတယ်။ ကလပ်သွားတဲ့သူတွေအနေနဲ့လည်း ပြဿနာတစ်ခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိထားသင့်ပါတယ်။ အချို့ကိစ္စတွေက ကိုယ့်ဘက် မှန်နေသော်လည်းပဲ တခြားလူက အမူးလွန်နေတာကြောင့် မရှောင်နိုင်တတ်တာတွေ ရှိပါတယ်။ ကလပ်သွားရတဲ့ အဓိက အကြောင်းအရင်းက ပျော်ချင်လို့ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်ရမယ့် အစား ပြဿနာဖြစ်ပြီး ထိခိုက်ဒါဏ်ရာရ၊ ရဲစခန်းရောက်ရတာ ဘယ်ဖက်ကမှ မကောင်းပါဘူး၊ ဒါကြောင့် ကလပ်သွားတဲ့လူတွေဘက်ကရော ထိန်းထိန်းသိမ်းသိမ်းနဲ့ ကလပ်တွေ ဘက်ကရော ဒီထက်ပိုကောင်းတဲ့ လုံခြုံရေးစနစ်တွေ စီမံထားရင် Yangon ရဲ့ Nightlife တွေက ပိုပြီး ပျော်စရာကောင်းလာမှာပါ။
  • ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမယ်ဆိုရင် –
    (၁) Club ၏ တာဝန်ရှိသူရဲ့အချက်အလက်၊ ဖုန်းနံပါတ်ကို ရယူပါ။ ဖြစ်ပျက်တဲ့အကြောင်းကို ရှင်းပြပါ။
    (၂) ရဲစခန်းသို့ အကြောင်းကြားပါ။
    (၃) ဆေးရုံ၊ ဆေးခန်းသို့ သွားရပါက ဆရာဝန်ထံ မှတ်ပုံတင် စာရင်းသွင်းပါ။
    (၄) သူငယ်ချင်း (သို့) အနားတစ် ဝိုက် ရှိလူများထံမှ သက်သေခံစာရယူပါ။
    (၅) အခင်းဖြစ်ပွားရာနေရာကို ဓာတ်ပုံ (သို့) ဗီဒီယို ရိုက်ထားပါ။

ပျော်ချင်လို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်ရမယ့်အစား ပြဿနာဖြစ်ပြီး ထိခိုက်ဒဏ်ရာရ၊ ရဲစခန်းရောက်ရတာ ဘယ်ဘက်ကမှ မကောင်းပါဘူး။ ဒါကြောင့် Club သွားတဲ့ လူတွေဘက်ကရော ထိန်းထိန်းသိမ်းသိမ်းနဲ့ Club တွေဘက်ကရော ဒီထက်ပိုကောင်းတဲ့ လုံခြုံရေးစနစ်တွေ စီမံထားရင် Yangon ရဲ့ Nightlife Scenes က  ပိုပြီးမြိုင်လာမှာပါ။

အခရာ

(www.akhayar.com)