ယာဥ္ေၾကာပိတ္ဆို႔မႈေတြေၾကာင့္ ရန္ကုန္ျမိဳ႕သူျမိဳ႕သားေတြဟာ မလိုအပ္ဘဲ အခ်ိန္ကုန္ျခင္း၊ သြားလာရခက္ခဲလာျခင္းနဲ႔ မလိုအပ္ဘဲသြားလာစရိတ္ျမင့္တက္လာျခင္းစတဲ႔ ၿမိဳ႕ျပစနစ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေန႔စဥ္ရင္ဆိုင္လာရၾကပါတယ္။ ပိုဆိုးတဲ့ ျပႆနာကေတာ့ ေလထုညစ္ညမ္းလာၿပီး ရာသီဥတုဆိုးရြားလာတာပါပဲ။ ဒီလိုျပႆနာေတြကို တစ္ဖက္တစ္လမ္းကေန ေလ်ာ့က် သက္သာေစနိုင္တဲ့ ေျဖရွင္းနည္းကေတာ့ စက္ဘီးစီးျခင္းပဲျဖစ္ပါတယ္။

ဒီေတာ့ ရန္ကုန္ၿမိဳ႕ထဲမွာသြားလာဖို႔ စက္ဘီးစီးရာမွာ ဘယ္လိုအခက္အခဲေတြ ရွိလာနိုင္မလဲဆိုတဲ႔အခ်က္ကို စဥ္းစားၾကည့္ရေအာင္။

ရန္ကုန္ၿမိဳ ႔မွာ အရင္ကသတ္မွတ္ထားတဲ႔စက္ဘီးမစီးရ ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္ (ဗိုလ္တစ္ေထာင္၊ ေက်ာက္တံတား ၊ လသာ၊ ပန္းဘဲတန္း ၊ ကမာရြတ္၊ စမ္းေခ်ာင္း)အျပင္ ေနာက္ထပ္စက္ဘီးမစီးရ ဧရိယာေတြကို ၂၀၁၃ခုနွစ္ ဇူလိုင္လ ၅ရက္ေန႔မွာ ရန္ကုန္တိုင္းယာဥ္ထိန္းရဲအဖြဲ႔ရဲ႕ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ထပ္တိုးလိုက္ပါတယ္။ ဒါေၾကာင္႔ ျပည္လမ္း၊ ကမာၻေအးဘုရားလမ္း၊ ဦးဝိစာရလမ္းနဲ႕ ကန္ေတာ္ႀကီးပတ္လမ္းေတြမွာပါ စက္ဘီးေတြ စီးနင္းသြားလာခြင့္ မရွိေတာ႔ပါဘူး။

ျမန္မာႏိုင္ငံမွာက စက္ဘီးစီးနင္းသူေတြအတြက္ ကာကြယ္တဲ့ နည္းဥပေဒေတြ ထုတ္ျပန္ထားျခင္းလည္း မရွိေသးပါဘူး။ လက္ရွိ ဥပေဒမရွိေသးေပမဲ့ ၁၉၆၅ခုနွစ္ကထုတ္ျပန္ထားတဲ့ လမ္းအသံုးျပဳသူမ်ား လက္စြဲစာအုပ္ထဲမွာေတာ့ စက္ဘီးစီးသူေတြ လိုက္နာရမယ္႔ အခ်က္ေတြကို အေသးစိတ္ေဖာ္ျပ ျပဌာန္းၿပီးသား ျဖစ္ပါတယ္။ ဒီအခ်က္ေတြက ရန္ကုန္ၿမိဳ႕တြင္း စက္ဘီးစီးလိုသူေတြအတြက္ အဟန္႔အတားျဖစ္ေစပါတယ္။

“အဓိကအခက္အခဲကေတာ့ စက္ဘီးသီးသန္႔သြားတဲ့လမ္းေတြမရွိတာနဲ႔ စက္ဘီးစီးသူကာကြယ္ေပးေရး နည္းဥပေဒေတြ ရွိမေနတာပါပဲ။ စီးသာစီးေနေပမယ္႔ အာမခံခ်က္ေတာ့မရွိဘူးေပါ့ဗ်ာ” လို႔ ေက်ာက္ေျမာင္းကေန လမ္း၅၀ကို ေန႕စဥ္စက္ဘီးနဲ ့ ရံုးသြားရံုးျပန္လုပ္တဲ့ သတင္းေထာက္တစ္ဦးျဖစ္သူ ကိုလင္းျမတ္က သူရဲ႕ အခက္အခဲကို ရွင္းျပပါတယ္။

“ကားေတြနဲ႔ ယွဥ္ၿပီးေမာင္းရေတာ့ အႏၲရာယ္မ်ားတာေပါ့ဗ်ာ။ ကၽြန္ေတာ့္အလုပ္ကလည္း ေန႔တိုင္း စက္ဘီးနဲ႕ ပဲလုပ္ေနရတာမဟုတ္လား” လို႔ စက္ဘီးနဲ ့ Delivery Service လုပ္ေနတဲ႔ ကိုေအာင္ျမင့္က ဆိုပါတယ္။ “နိုင္ငံတကာမွာဆို စက္ဘီးစီးသူကာကြယ္ေရးဥပေဒရွိေတာ့ စက္ဘီးစီးသူေတြရဲ႕ သံုးေပအကြာကေန ကားကို ခြာေမာင္းရမယ္တို႔ ၊ စက္ဘီးစီးသူကို ဦးစားေပးရမယ္တို႔ေပါ့ ၊ ဒီမွာေတာ့ မရွိဘူး” လို႔ သူ႔အေတြ႕အႀကံဳကို ရွင္းျပပါတယ္။

စက္ဘီးအစီးဆုံးႏိုင္ငံျဖစ္တဲ႔ နယ္သာလန္နိုင္ငံမွာ ေန႔စဥ္ခရီးစဥ္အားလုံးရဲ႕ ၂၇%အထိကို စက္ဘီးနဲ႕ သြားလာၾကပါတယ္။ အက္စတာဒန္ၿမိဳ႕မွာဆိုရင္ စက္ဘီးယဥ္ေက်းမႈကို တိုးတက္လာေစဖို႔ စက္ဘီးနဲ႕ အလုပ္လာသူေတြကို အပိုဆုေၾကးေတြ ေပးတာမ်ိဳးေတြေတာင္လုပ္ေပးေလ့ရွိပါသတဲ့။ လူထုက်န္းမာေရးကို တစ္ဖက္တစ္လမ္းက ျမင့္တက္ေစတဲ့အျပင္ စက္ဘီးစီးျခင္းနဲ႔ပတ္သက္လုိ႔ လူေတြကို ပိုၿပီး တိုက္တြန္းရာေရာက္ေစခ်င္လို႔ပါတဲ့။ ဒီလိုဆိုေတာ့ လူဦးေရထူထပ္စျပဳလာတဲ့ ရန္ကုန္လိုၿမိဳ႕မ်ိဳးမွာေရာ ဒီလို မ်ိဳးေတြလုပ္လို႔မရဘူးလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

၂၀၁၆ ခုနွစ္မွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ၾကီးၾကပ္မႈနဲ႔ ေလထုညစ္ညမ္းမႈတိုင္းတာေရး ကိစၥေတြကိုေဆာင္ရြက္ခဲ့ၿပီး ထုတ္ျပန္ခဲ႔တဲ႔ သုေတသနစစ္တမ္းအရ ရန္ကုန္ၿမိဳ ႔ရဲ႕ေလထုထဲမွာ ကာဗြန္ဒိုင္ေအာက္ဆိုက္ ၊ မီသိန္းနဲ႔ ဆာလဖာဒိုင္ေအာက္ဆိုဒ္ဓာတ္ေတြဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတ္မွတ္ထားတဲ႔သာမန္ႏႈန္းထားထက္ အမ်ားၾကီးေက်ာ္လြန္ေနတာကိုေတြ႔ရတယ္လို႔ဆိုပါတယ္။

၂၀၁၃ ခုနွစ္မွာေတာ့ Biking Law of Myanmar အဖြဲ႕ရဲ႕ စက္ဘီးစီးသူအခြင့္အေရးလႈပ္ရွားမႈေတြေၾကာင့္ ရန္ကုန္မွာစက္ဘီးစီးတာကို ပိတ္ပင္တားဆီးတာမ်ိဳးမရွိေတာ့ေပမဲ့ ဥပေဒအရ အကာအကြယ္ေပးေနတာမ်ိဳးလည္း မရွိလာေသးပါဘူး။ Bike In Yangon တို႔လို စက္ဘီးစီးလူငယ္အဖြဲ႔ေလးေတြဟာ စက္ဘီးယဥ္ေက်းမႈ ထြန္းကားလာေအာင္ စစ္တမ္းေကာက္ျခင္း၊ တကၠသိုလ္ဝင္းအတြင္း စက္ဘီးငွားနိုင္ေအာင္ စီမံကိန္းခ်ျခင္းတို႔ျပဳလုပ္ၿပီး တစ္ဖက္တစ္လမ္းကေန ကူညီလုပ္ေဆာင္လ်က္ရွိေနပါတယ္။ ေနာက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕တြင္းက စက္ဘီးအေရာင္းဆိုင္ေတြ၊ အငွားဆိုင္ေတြနဲ႔စက္ဘီးျပင္ဆိုင္ေတြရဲ႕ အခ်က္အလက္ေတြကိုစုစည္းၿပီး လမ္းညႊန္ေျမပံု အက္ပလီေကးရွင္းတစ္ခု ေရးဆြဲဖို႔အထိရွိတယ္လို႔ Bike in Yangonရဲ႕ ပရိုဂရမ္မန္ေနဂ်ာ ကိုဟိန္းမင္းဦးက Akhayar ကိုေျပာပါတယ္။

ရန္ကုန္မွာေတာ့ စက္ဘီးေတာ္ေတာ္မ်ားမ်ားကို အင္းစိန္၊ ေစာ္ဘြားႀကီးကုန္းနဲ႔ နံ႔သာကုန္းေစ်းေတြမွာ အမ်ားအားျဖင့္ ဝယ္လို႔ရပါတယ္။ စက္ဘီးေတြ ၊ စက္ဘီးပစၥည္းအေရာင္းဆိုင္ေတြက ဆိုင္တန္းသံုးတန္း ေလာက္ရွိျပီး စက္ဘီးေတြကို စိတ္ၾကိဳက္ေရြးခ်ယ္ဝယ္ယူလို႔ရပါတယ္။ ဂ်ပန္ ၊ ကိုရီးယားစတဲ့ ဖရိန္ေကာင္းေကာင္းဘီးေတြကို ေလးငါးေသာင္းေလာက္နဲ႔ ဝယ္ယူႏိုင္ပါတယ္။

ကဲ…ဒီေတာ႔  ရန္ကုန္ၿမိဳ႕တြင္း အနီးအနားေနရာေတြကို စက္ဘီးေလးနဲ႔သြားလာရင္း သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရင္း    ၿမိဳ႕ျပလူမႈဘဝကို ျမွင့္တင္ၾကပါစို႔လား။

ေနာ္ဘတ္တီဟန္ (အခရာ)

www.akhayar.com

Reference:

Yangon City Plan 2015, Toward Urban Growth analytics for Yangon from Landon Economic and Political school

၁၉၆၅ ခုနွစ္ လမ္းအသံုးျပဳသူမ်ားလက္စြဲ

Policy paper for traffic in Yangon City 2016, ၁၉၆၃ခုနွစ္ ကုန္းလမ္းနွင့္ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းဥပေဒမ်ား

၂၀၁၀ ခုနွစ္ ရန္ကုန္ၿမိဳ႕တြင္း အေနွးယာဥ္သြားလာမႈ စည္ပင္သာယာေရးဥပေဒ အမိန္႕ေၾကညာစာအမွတ္ ၂/၂၀၁၀

Unicode

ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ရန်ကုန်မြို့သူမြို့သားတွေဟာ မလိုအပ်ဘဲ အချိန်ကုန်ခြင်း၊ သွားလာရခက်ခဲလာခြင်းနဲ့ မလိုအပ်ဘဲသွားလာစရိတ်မြင့်တက်လာခြင်း စတဲ့ မြို့ပြစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နေ့စဉ်ရင်ဆိုင်လာရကြပါတယ်။ ပိုဆိုးတဲ့ ပြဿနာကတော့ လေထုညစ်ညမ်းလာပြီး ရာသီဥတုဆိုးရွားလာတာပါပဲ။ ဒီလိုပြဿနာတွေကို တစ်ဖက်တစ်လမ်းကနေ လျော့ကျ သက်သာစေနိုင်တဲ့ ဖြေရှင်းနည်းကတော့ စက်ဘီးစီးခြင်းပဲဖြစ်ပါတယ်။
ဒီတော့ ရန်ကုန်မြို့ထဲမှာသွားလာဖို့ စက်ဘီးစီးရာမှာ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မလဲဆိုတဲ့အချက်ကို စဉ်းစားကြည့်ရအောင်။
ရန်ကုန်မြို့မှာ အရင်ကသတ်မှတ်ထားတဲ့စက်ဘီးမစီးရ မြို့တွင်းခြောက်မြို့နယ် (ဗိုလ်တစ်ထောင်၊ ကျောက်တံတား ၊ လသာ၊ ပန်းဘဲတန်း ၊ ကမာရွတ်၊ စမ်းချောင်း)အပြင် နောက်ထပ်စက်ဘီးမစီးရ ဧရိယာတွေကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၅ရက်နေ့မှာ ရန်ကုန်တိုင်းယာဉ်ထိန်းရဲအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ထပ်တိုးလိုက်ပါတယ်။ ဒါကြောင့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းတွေမှာပါ စက်ဘီးတွေ စီးနင်းသွားလာခွင့် မရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာက စက်ဘီးစီးနင်းသူတွေအတွက် ကာကွယ်တဲ့ နည်းဥပဒေတွေ ထုတ်ပြန်ထားခြင်းလည်း မရှိသေးပါဘူး။ လက်ရှိ ဥပဒေမရှိသေးပေမဲ့ ၁၉၆၅ခုနှစ်ကထုတ်ပြန်ထားတဲ့ လမ်းအသုံးပြုသူများ လက်စွဲစာအုပ်ထဲမှာတော့ စက်ဘီးစီးသူတွေ လိုက်နာရမယ့် အချက်တွေကို အသေးစိတ်ဖော်ပြ ပြဌာန်းပြီးသား ဖြစ်ပါတယ်။ ဒီအချက်တွေက ရန်ကုန်မြို့တွင်း စက်ဘီးစီးလိုသူတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။

“အဓိကအခက်အခဲကတော့ စက်ဘီးသီးသန့်သွားတဲ့လမ်းတွေမရှိတာနဲ့ စက်ဘီးစီးသူကာကွယ်ပေးရေး နည်းဥပဒေတွေ ရှိမနေတာပါပဲ။ စီးသာစီးနေပေမယ့် အာမခံချက်တော့မရှိဘူးပေါ့ဗျာ” လို့ ကျောက်မြောင်းကနေ လမ်း၅၀ကို နေ့စဉ်စက်ဘီးနဲ့ ရုံးသွားရုံးပြန်လုပ်တဲ့ သတင်းထောက်တစ်ဦးဖြစ်သူ ကိုလင်းမြတ်က သူရဲ့ အခက်အခဲကို ရှင်းပြပါတယ်။

“ကားတွေနဲ့ ယှဉ်ပြီးမောင်းရတော့ အန္တရာယ်များတာပေါ့ဗျာ။ ကျွန်တော့်အလုပ်ကလည်း နေ့တိုင်း စက်ဘီးနဲ့ ပဲလုပ်နေရတာမဟုတ်လား” လို့ စက်ဘီးနဲ့ Delivery Service လုပ်နေတဲ့ ကိုအောင်မြင့်က ဆိုပါတယ်။ “နိုင်ငံတကာမှာဆို စက်ဘီးစီးသူကာကွယ်ရေးဥပဒေရှိတော့ စက်ဘီးစီးသူတွေရဲ့ သုံးပေအကွာကနေ ကားကို ခွာမောင်းရမယ်တို့ ၊ စက်ဘီးစီးသူကို ဦးစားပေးရမယ်တို့ပေါ့ ၊ ဒီမှာတော့ မရှိဘူး” လို့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

စက်ဘီးအစီးဆုံးနိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာ နေ့စဉ်ခရီးစဉ်အားလုံးရဲ့ ၂၇%အထိကို စက်ဘီးနဲ့ သွားလာကြပါတယ်။ အက်စတာဒန်မြို့မှာဆိုရင် စက်ဘီးယဉ်ကျေးမှုကို တိုးတက်လာစေဖို့ စက်ဘီးနဲ့ အလုပ်လာသူတွေကို အပိုဆုကြေးတွေ ပေးတာမျိုးတွေတောင်လုပ်ပေးလေ့ရှိပါသတဲ့။ လူထုကျန်းမာရေးကို တစ်ဖက်တစ်လမ်းက မြင့်တက်စေတဲ့အပြင် စက်ဘီးစီးခြင်းနဲ့ပတ်သက်လို့ လူတွေကို ပိုပြီး တိုက်တွန်းရာရောက်စေချင်လို့ပါတဲ့။ ဒီလိုဆိုတော့ လူဦးရေထူထပ်စပြုလာတဲ့ ရန်ကုန်လိုမြို့မျိုးမှာရော ဒီလို မျိုးတွေလုပ်လို့မရဘူးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
၂၀၁၆ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ကြီးကြပ်မှုနဲ့ လေထုညစ်ညမ်းမှုတိုင်းတာရေး ကိစ္စတွေကိုဆောင်ရွက်ခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ သုတေသနစစ်တမ်းအရ ရန်ကုန်မြို့ရဲ့လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ၊ မီသိန်းနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ဓာတ်တွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့သာမန်နှုန်းထားထက် အများကြီးကျော်လွန်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ Biking Law of Myanmar အဖွဲ့ရဲ့ စက်ဘီးစီးသူအခွင့်အရေးလှုပ်ရှားမှုတွေကြောင့် ရန်ကုန်မှာစက်ဘီးစီးတာကို ပိတ်ပင်တားဆီးတာမျိုးမရှိတော့ပေမဲ့ ဥပဒေအရ အကာအကွယ်ပေးနေတာမျိုးလည်း မရှိလာသေးပါဘူး။ Bike In Yangon တို့လို စက်ဘီးစီးလူငယ်အဖွဲ့လေးတွေဟာ စက်ဘီးယဉ်ကျေးမှု ထွန်းကားလာအောင် စစ်တမ်းကောက်ခြင်း၊ တက္ကသိုလ်ဝင်းအတွင်း စက်ဘီးငှားနိုင်အောင် စီမံကိန်းချခြင်းတို့ပြုလုပ်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီလုပ်ဆောင်လျက်ရှိနေပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်မြို့တွင်းက စက်ဘီးအရောင်းဆိုင်တွေ၊ အငှားဆိုင်တွေနဲ့စက်ဘီးပြင်ဆိုင်တွေရဲ့ အချက်အလက်တွေကိုစုစည်းပြီး လမ်းညွှန်မြေပုံ အက်ပလီကေးရှင်းတစ်ခု ရေးဆွဲဖို့အထိရှိတယ်လို့ Bike in Yangonရဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟိန်းမင်းဦးက Akhayar ကိုပြောပါတယ်။
ရန်ကုန်မှာတော့ စက်ဘီးတော်တော်များများကို အင်းစိန်၊ စော်ဘွားကြီးကုန်းနဲ့ နံ့သာကုန်းဈေးတွေမှာ အများအားဖြင့် ဝယ်လို့ရပါတယ်။ စက်ဘီးတွေ ၊ စက်ဘီးပစ္စည်းအရောင်းဆိုင်တွေက ဆိုင်တန်းသုံးတန်း လောက်ရှိပြီး စက်ဘီးတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ဂျပန် ၊ ကိုရီးယားစတဲ့ ဖရိန်ကောင်းကောင်းဘီးတွေကို လေးငါးသောင်းလောက်နဲ့ ဝယ်ယူနိုင်ပါတယ်။
ကဲ…ဒီတော့  ရန်ကုန်မြို့တွင်း အနီးအနားနေရာတွေကို စက်ဘီးလေးနဲ့သွားလာရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း    မြို့ပြလူမှုဘဝကို မြှင့်တင်ကြပါစို့လား။

နော်ဘတ်တီဟန် (Akhayar)
Reference:
Yangon City Plan 2015, Toward Urban Growth analytics for Yangon from Landon Economic and Political school
၁၉၆၅ ခုနှစ် လမ်းအသုံးပြုသူများလက်စွဲ
Policy paper for traffic in Yangon City 2016, ၁၉၆၃ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေများ
၂၀၁၀ ခုနှစ် ရန်ကုန်မြို့တွင်း အနှေးယာဉ်သွားလာမှု စည်ပင်သာယာရေးဥပဒေ အမိန့်ကြေညာစာအမှတ် ၂/၂၀၁၀