[Zawgyi]
Yandex’s Web Design
Michael Levin
Yandex Taxi Service
Kyaw Zaw (Akhayar)
www.akhayar.com
Ref: Business Insider
[Unicode]
Russia မှာ Amazon လို အကြီးဆုံး အွန်လိုင်းဝန်ဆောင်မှု ပေးသွားမယ်ဆိုတဲ့ Yandex
Yandex ဆိုတာဟာ ရှရုားလူမျိုးတွေ အသုံးပြုလျက်ရှိနေတဲ့ Search Engine တစ်ခုပဲဖြစ်ပြီး နိုင်ငံအတွင်းမှာတော့ Russia’s Google လို့ နာမည်တွင်နေတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ “Yandex” Search Engine ကို လူဦးရေ သန်း ၅၀ ခန့် ပုံမှန် အသုံးပြုနေတယ်လို့ AITC (Association of Internet Trade Companies) မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Yandex ဟာ Russia နိုင်ငံအတွင်း အီလက်ထရောနစ် စီးပွားရေး စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး Business Insider ကသွားရောက်တွေ့ဆုံခဲ့တဲ့ Interview မှာ အခုလို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Yandex’s Web Design
“ကျွန်တော်တို့ အနေနဲ့ လျှပ်စစ်ပစ္စည်း အသုံးဆောင်တွေ၊ TV နဲ့ Smart Speaker စတဲ့ ဖျော်ဖြေရေးသုံး ပစ္စည်းတွေ၊ ကစားစရာ အရုပ်တွေ၊ AI Digital Assistant Alice စတာတွေကို Yandex အွန်လိုင်းဝန်ဆောင်မှုကနေ တစ်ဆင့် ရရှိနိုင်အောင် ဈေးကွက်ချဲ့ထွင်တော့မှာပါ” လို့ အမှုဆောင်အရာရှိ Micheal Levin က ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး “Russia မှာ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ Mailru နဲ့ Vkontakte တို့ရှိပါတယ်။ နှစ် ၄၀ လုံးလုံး အင်တာနက် လုပ်ငန်းကိုပဲ လုပ်ကိုင်နေခဲ့တာဆိုပေမယ့် အခုဆိုရင် Yandex ဟာ ပိုပြီးထင်သာမြင်သာ ရှိလာပါပြီ” လို့ ဖြည့်စွက် ပြောကြားခဲ့တဲ့အတွက် Yandex ဟာ အင်တာနက် ဝန်ဆောင်မှုကတစ်ဆင့် Taxi Service ကို စ Run နိုင်ခဲ့တာဖြစ်သလို တစ်ဆက်တည်းမှာ Yandex Market ကို ဖန်တီးနိုင်ခဲ့တာပါ။ အဲ့ဒီအတွက် Warehouse ကုန်ပစ္စည်းသိုလှောင်ရေး ဝန်ဆောင်မှုကိုပါ ထောက်ပံ့နိုင်ခဲ့တာဖြစ်လို့ အောင်မြင်မှုအရှိန်အဝါနဲ့ အီလက်ထရောနစ် စီးပွားရေးစတင်ဖို့ တာဆူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Michael Levin
Yandex ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို ပြည်တွင်းဘဏ်ကြီးဖြစ်တဲ့ Sberbank က ပံ့ပိုးကူညီသွားမှာဖြစ်ပြီး Beta Testing စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် Nizhny ၊ Novgorod Kazan နဲ့ Ufa မြို့တွေမှာ Pilot Project လှုပ်ရှားနေပြီဖြစ်သလို ၂၀၁၈ နှစ်ကုန်ပိုင်းအတွင်း အွန်လိုင်းဝန်ဆောင်မှုကို စတင်နိုင်မယ်လို့ မျှော်လင့်ထားရပါတယ်။ အခုလို အီလက်ထရောနစ် စီးပွားရေး ခြေလှမ်းစတင်မယ့် Yandex အနေနဲ့ စွန့်စားရမယ့်အချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးခဲ့စဥ်က တစ်နှစ်တာ ဝင်ငွေ ရရှိခဲ့တဲ့နှုန်းအပေါ် အခြေခံမှာဖြစ်လို့ Yandex အနေနဲ့ ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ စိတ်ဝင်စားမှုများနေပါတယ်။
ဒါ့အပြင် စီးပွားရေးကျွမ်းကျင်ပညာရှင် Mitch Mitchell က Russia ရဲ့ အီလက်ထရောနစ် စီးပွားရေးဟာ UK နဲ့ US တို့နဲ့စာရင် တွင်ကျယ်မှုမရှိသေးပါဘူး။ အဓိကပြဿနာဟာ Logistics နဲ့ Supply Chain တို့လို ထောက်ပံ့ပို့ဆောင်ရေးတွေမှာ ငွေကိုတစ်ခါတည်း ပေးချေတဲ့ စနစ်သာ ပဓာနကျနေတာပါ။ ဒါကို Mitchell က “ကိုယ်မှာလိုက်တဲ့ ပစ္စည်းကိုကြည့်ပြီး ကြိုက်တယ်ဆိုရင် Delivery ကို ကျသင့်ငွေပေးမယ်၊ အကယ်၍ မကြိုက်လို့ဆိုရင်တော့ ခေါင်းခဲရမလား” ဆိုပြီး ရှရုားနိုင်ငံရဲ့ ငွေပေးချေစနစ် သဘောသဘာဝကို ထောက်ပြထားပါတယ်။
Yandex Taxi Service
ဒါ့အပြင် နိုင်ငံထဲမှာ အီလက်ထရောနစ် စီးပွားရေးဝန်ဆောင်မှု ပေးစွမ်းနေတဲ့ Amzon လို ကုမ္ပဏီမျိုးမရှိတာ Yandex အနေနဲ့ စဥ်းစားရမှာပါ။ အကယ်လို့များ Russia တစ်နိုင်ငံထဲ အွန်လိုင်းဝန်ဆောင်မှုပေးမယ်ဆိုရင်တောင် ယူရို ၁၅ ဘီလီယံလောက် ကုန်ကျနိုင်ဖွယ်ရှိတယ်လို့ AITC ခန့်မှန်းထားပါတယ်။ ဒီပမာဏကို အီလက်ထရောနစ် စီးပွားရေးသမားတွေရဲ့ ခန့်မှန်းချက်နဲ့ နှိုင်းယှဥ်ထားတာဖြစ်ပြီး UK မှာ ဝန်ဆောင်မှုပေးချင်တယ်ဆိုရင် ယူရို ၉၃.၈၂ ဘီလီယံလောက် သုံးစွဲသွားရဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီအချက်နဲ့ ပတ်သက်လို့လည်း Levin က “ကျွန်တော်တို့ နိုင်ငံထဲ Amazon လို ဝန်ဆောင်မှုမျိုးနဲ့ မယှဥ်ပါဘူး၊ အဓိက လက်လီရောင်းချနေတဲ့ ပုဂ္ဂိုလ်တွေနဲ့သာ ကျွန်တော်တို့ရဲ့ Machine Learning နဲ့ Data Science ကို အခြေခံထားတဲ့ ဝန်ဆောင်မှုမျိုးနဲ့ပဲ ယှဥ်ပြိုင်သွားမှာပါ” လို့ ပြောကြားထားပါတယ်။ ချွင်းချက်အနေနဲ့ Russia မှာ Amazon လို ဝန်ဆောင်မှုပေးနေတဲ့ Ozone နဲ့ AliExpress တို့ရှိပေမယ့် တရုတ်ပစ္စည်းတွေကို နယ်စပ်ကနေ စျေးသက်သက်သာသာ တင်သွင်းနေတာဖြစ်လို့ ဒီလိုအွန်လိုင်းဝန်ဆောင်မှုမျိုးဟာ အကျုံးမဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။
Internet Service in Russia
ဒါကို Levin က “ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုရဲ့ အယုံအကြည်ရဖို့ “Yandex” Brand နာမည်အရှိန်အဝါနဲ့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ရဲ့ ပြည့်ဝပြီး ယုံကြည်လို့ရတဲ့ အင်တာနက် ဝန်ဆောင်မှုဟာ တိုင်းသိပြည်သိဖြစ်သလို ရှရုားပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ ထမင်းရှင်လည်းဖြစ်ပါတယ်” လို့ ယုံကြည်ချက်အပြည့်အဝနဲ့ အားတက်သရော ပြောဆိုခဲ့တာ တွေ့ရပါတယ်။
အခုလို Russia နိုင်ငံတစ်နိုင်ငံအတွက် Yandex ဖော်ပြထားချက်ကို Mitchell က သဘောတူလက်ခံခဲ့ပြီး “Yandex အနေနဲ့ လူတွေလိုအပ်မယ့် ပစ္စည်းတွေ အဆင်သင့်ထောက်ပံ့နိုင်မလား၊ အကယ်၍ ပစ္စည်းရှိတယ်ထားပါဦး လျှင်လျှင်မြန်မြန် ပို့ပေးနိင်မလား ဆိုတဲ့အချက်တွေအပြင် ပြဿနာတစ်စုံတစ်ရာရှိလို့ တန်ရာတန်ကြေးနဲ့ အလျော်အစားလုပ်ရင် ဝယ်ယူသူက ပိုက်ဆံပြန်ရနိုင်မလား” ဆိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနေသရွေ့ အောင်မြင်မှာပါလို့ သုံးသပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Kyaw Zaw (Akhayar)
www.akhayar.com
Ref: Business Insider
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။