ပရိတ္သတ္ေတြအေပၚ လွွွ်ဳိ႕ဝွက္မထားတတ္ဘူးဆိုတဲ႔ ရတနာျဖဴျဖဴေအာင္

Yadnar Phyu Phyu Aung

[Zawgyi]

ပရိတ္သတ္ေတြအေပၚ လွွွ်ဳိ႕ဝွက္မထားတတ္ဘူးဆိုတဲ႔ ရတနာျဖဴျဖဴေအာင္

ရခိုင္တိုင္းရင္းသူေလး ရတနာျဖဴျဖဴေအာင္ဆီမွာ ဘယ္လိုလ်ိဳ႕ဝွက္ခ်က္ေလးေတြရွိေနလဲဆိုတာကို ေမးထားတာေလးကေတာ့…

အခ်စ္ေရးဘာထူးျခားဖို႔ရွိလဲ…

ညီမရဲ႕အခ်စ္ေရးက ေလာေလာဆယ္အေနနဲ႔ Single ကေန ထူးျခားဖို႔မရွိေသးပါဘူး။

ကိုယ္လိုခ်င္တဲ့အိမ္ေထာင္ဘက္ပုံစံကေရာ…

ညီမကိုတကယ္ခ်စ္တဲ့သူ၊ ခ်စ္ရင္သစၥာရွိတာတို႔ နားလည္ေပးတာတို႔ စသျဖင့္ အကုန္လုံးကပ္ပါလာမွာေလ။ ေနာက္ၿပီးေတာ့ ကိုယ္ခ်င္းစာစိတ္ရွိတဲ့သူျဖစ္ရမယ္။ ဒါေလးကေတာ့ ညီမလိုခ်င္တဲ့အိမ္ေထာင္ဘက္ပုံစံေပ့ါ။

ပ်င္းရင္ဘာလုပ္လဲ…

ပ်င္းရင္မိသားစု ဒါမွမဟုတ္သူငယ္ခ်င္းေတြနဲ႔ မုန္႔ထြက္စားတယ္။ အျပင္မထြက္ခ်င္ဘူးဆိုရင္ အိမ္ကေမာင္ေလးကို ဂစ္တာတီးခိုင္းၿပီး သီခ်င္းေတြေအာ္ဆိုတယ္။ ဒါကေတာ႔ ညီမရဲ႕အပ်င္းေျပနည္းေပ့ါ။

စိတ္ဖိစီးမႈေျပေပ်ာက္ဖို႔ ဘာေတြလုပ္ျဖစ္လဲ…

စိတ္ဖိစီးမႈေျဖေဖ်ာက္တဲ့နည္းက ငိုစရာရွိရင္ငိုခ်လိုက္တယ္(အသံက်ယ္ႀကီး ေအာ္ငိုတာေန္ာ)။ မငိုခ်င္ဘူးဆို ဒရာမာဇာတ္ကားေတြရွာၾကည့္ၿပီး ထိုင္ Feel ၿပီး ငိုတယ္ ငိုၿပီးရင္ေတာ့ Fresh ပဲ။

မနက္မိုးလင္းအိပ္ရာႏိုးတာနဲ႔ ဘာအရင္ဆုံးလုပ္တတ္လဲ…

မနက္မိုးလင္းအိပ္ရာႏိုးတာနဲ႔ အိမ္ကေၾကာင္ေလးေတြ၊ ေခြးေလးေတြကို တစ္ေကာင္ခ်င္းစီခ်ီတယ္။ ႏႈတ္ဆက္အစာေကြၽး (သားသမီးတာဝန္အရင္ထမ္းရတာ)တယ္။ ဒါကေတာ့ မနက္တိုင္းလုပ္ေနက်ေပ့ါ။

ဘယ္လိုအစားအစာကိုအႀကိဳက္ဆုံးလဲ…

အစားကေတာ့ အကုန္ႀကိဳက္ပါတယ္။ အစပ္ႀကိဳက္တယ္။ ရခိုင္လူမ်ိဳးဆိုေတာ့ သေရစာဆိုရင္ေတာ့ ရခိုင္မုန္႔တီရယ္၊ ေရခဲမုန္႔ရယ္ စားျဖစ္တယ္။

ဘယ္လိုအေရာင္ေတြခေရဇီျဖစ္လဲ…

အေရာင္ေတြထဲမွာ ငယ္ငယ္ကေန အခုထိအႀကိဳက္ဆုံးအေရာင္က အစိမ္းေရာင္၊ ညီမ ၉ တန္းႏွစ္ေလာက္မွာ ေနာက္ထပ္ႀကိဳက္တဲ့ အေရာင္တိုးလာတယ္။ အဲဒါက အျဖဴေရာင္ေပါ့။

အႀကိဳက္ဆုံးဖက္ရွင္ဒီဇိုင္းကေရာ…

ညီမအႀကိဳက္ဆုံးဖက္ရွင္ကေတာ့ ျမန္မာဝတ္စုံ၊ ၿပီးေတာ့ ဂါဝန္ေလးေတြဝတ္ရတာ သေဘာက်တယ္။

လတ္တေလာဘယ္လိုဖက္ရွင္ဒီဇိုင္းမ်ိဳးဝတ္ျဖစ္လဲ…

လတ္တေလာဆိုရင္လည္း ျမန္မာဝတ္စုံနဲ႔ ဂါဝန္နဲ႔ကို အလွည့္က်စီဝတ္ျဖစ္တယ္။

ခႏၶာကိုယ္အခ်ိဳးအစားဆိုက္က ဘယ္ေလာက္လဲ….

ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ ဝေနလို႔ ဒီေမးခြန္းကိုေတာ့ ေက်ာ္လိုက္ပါၿပီ။

ကာတြန္းကားေတြေရာၾကည့္လား.ဘယ္ဇာတ္ေကာင္ကိုႀကိဳက္လဲ…

ကာတြန္းကား ၾကည့္ျဖစ္တယ္။ အႀကိဳက္ဆုံးက Beauty And The Beast ထဲက Belle ၊ Tom & Jerry ထဲကဆိုရင္ Tom ၊ Scooby-Doo ေခြးေလး အဲဒီဇာတ္ေကာင္ေလးေတြႀကိဳက္တယ္။

မိသားစုထဲမွာ လိမ္မာတဲ့သမီးတစ္ေယာက္လား…

မိသားစုထဲမွာ လိမၼာတယ္။ ဒါေပမယ့္ ငယ္ငယ္တုန္းကေတာ့ အ႐ိုက္ခံရတာခဏခဏပါပဲ။

သရဲေၾကာက္တတ္လား…

သရဲေၾကာက္တယ္။ ဘယ္နားကထြက္လာၿပီး ဘယ္လို႐ုပ္ေတြနဲ႔လာေျခာက္မလဲဆိုတာကို ေတြးေတြးၿပီးေၾကာက္တာ။

ပရိသတ္ေတြကိုဘာလ်ိဳ႕ဝွက္ထားတာရွိလဲ…

ပရိသတ္ကိုလ်ိဳ႕ဝွက္ထားတာဘာမွမရွိပါဘူး။

ေဖေဖနဲ႔ ေမေမနဲ႔ ဘယ္သူကိုပိုခ်စ္လဲ…

ေမႀကီးကိုပိုခ်စ္တယ္။ ေဖႀကီးကိုလည္း ေလ်ာ႔ေတာ့မေလ်ာ႔ပါဘူး။

ပိုခ်စ္ရတဲ့ အေၾကာင္းအရင္းကဘာလို႔လဲ…

ေမႀကီးကိုပိုခ်စ္ရတဲ့ အေၾကာင္းရင္းက ေဆာ္ပေလာ္တီးလို႔ျဖစ္မယ္ထင္တယ္။

လတ္တေလာဘာေတြလုပ္ျဖစ္ေနလဲ…

အခုသီခ်င္းေခြအတြက္ အသံသြင္းေနပါတယ္။ MTVေလးေတြ႐ိုက္တယ္။ ဓာတ္ပုံေတြ႐ိုက္ေပးျဖစ္တယ္။ ဒီေလာက္ပါပဲ။

အခုျဖစ္ေနတဲ့ခံစားခ်က္…

အရင္ကထက္ အလုပ္ထဲမွာ အဆေပါင္းမ်ားစြာစိတ္ႏွစ္ထားပါတယ္။ ေပ်ာ္ေနပါတယ္။ ေအးခ်မ္းေနပါတယ္ရွင့္။

ပရိသတ္ေတြအတြက္ရာသီဥတုအေပၚအႀကံေပးခ်က္…

ရာသီဥတုကအေျပာင္းအလဲမ်ားေနေတာ့ ခ်စ္တုံးႀကီးတို႔ဂ႐ုစိုက္ပါ။ ေႏြးေႏြးေထြးေထြးေနပါလို႔။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိတ်သတ်တွေအပေါ် လှှျှို့ဝှက်မထားတတ်ဘူးဆိုတဲ့ ရတနာဖြူဖြူအောင်

ရခိုင်တိုင်းရင်းသူလေး ရတနာဖြူဖြူအောင်ဆီမှာ ဘယ်လိုလျို့ဝှက်ချက်လေးတွေရှိနေလဲဆိုတာကို မေးထားတာလေးကတော့…

အချစ်ရေးဘာထူးခြားဖို့ရှိလဲ…

ညီမရဲ့အချစ်ရေးက လောလောဆယ်အနေနဲ့ Single ကနေ ထူးခြားဖို့မရှိသေးပါဘူး။

ကိုယ်လိုချင်တဲ့အိမ်ထောင်ဘက်ပုံစံကရော…

ညီမကိုတကယ်ချစ်တဲ့သူ၊ ချစ်ရင်သစ္စာရှိတာတို့ နားလည်ပေးတာတို့ စသဖြင့် အကုန်လုံးကပ်ပါလာမှာလေ။ နောက်ပြီးတော့ ကိုယ်ချင်းစာစိတ်ရှိတဲ့သူဖြစ်ရမယ်။ ဒါလေးကတော့ ညီမလိုချင်တဲ့အိမ်ထောင်ဘက်ပုံစံပေ့ါ။

ပျင်းရင်ဘာလုပ်လဲ…

ပျင်းရင်မိသားစု ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတယ်။ အပြင်မထွက်ချင်ဘူးဆိုရင် အိမ်ကမောင်လေးကို ဂစ်တာတီးခိုင်းပြီး သီချင်းတွေအော်ဆိုတယ်။ ဒါကတော့ ညီမရဲ့အပျင်းပြေနည်းပေ့ါ။

စိတ်ဖိစီးမှုပြေပျောက်ဖို့ ဘာတွေလုပ်ဖြစ်လဲ…

စိတ်ဖိစီးမှုဖြေဖျောက်တဲ့နည်းက ငိုစရာရှိရင်ငိုချလိုက်တယ်(အသံကျယ်ကြီး အော်ငိုတာနေ်ာ)။ မငိုချင်ဘူးဆို ဒရာမာဇာတ်ကားတွေရှာကြည့်ပြီး ထိုင် Feel ပြီး ငိုတယ် ငိုပြီးရင်တော့ Fresh ပဲ။

မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ ဘာအရင်ဆုံးလုပ်တတ်လဲ…

မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ အိမ်ကကြောင်လေးတွေ၊ ခွေးလေးတွေကို တစ်ကောင်ချင်းစီချီတယ်။ နှုတ်ဆက်အစာကျွေး (သားသမီးတာဝန်အရင်ထမ်းရတာ)တယ်။ ဒါကတော့ မနက်တိုင်းလုပ်နေကျပေ့ါ။

ဘယ်လိုအစားအစာကိုအကြိုက်ဆုံးလဲ…

အစားကတော့ အကုန်ကြိုက်ပါတယ်။ အစပ်ကြိုက်တယ်။ ရခိုင်လူမျိုးဆိုတော့ သရေစာဆိုရင်တော့ ရခိုင်မုန့်တီရယ်၊ ရေခဲမုန့်ရယ် စားဖြစ်တယ်။

ဘယ်လိုအရောင်တွေခရေဇီဖြစ်လဲ…

အရောင်တွေထဲမှာ ငယ်ငယ်ကနေ အခုထိအကြိုက်ဆုံးအရောင်က အစိမ်းရောင်၊ ညီမ ၉ တန်းနှစ်လောက်မှာ နောက်ထပ်ကြိုက်တဲ့ အရောင်တိုးလာတယ်။ အဲဒါက အဖြူရောင်ပေါ့။

အကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းကရော…

ညီမအကြိုက်ဆုံးဖက်ရှင်ကတော့ မြန်မာဝတ်စုံ၊ ပြီးတော့ ဂါဝန်လေးတွေဝတ်ရတာ သဘောကျတယ်။

လတ်တလောဘယ်လိုဖက်ရှင်ဒီဇိုင်းမျိုးဝတ်ဖြစ်လဲ…

လတ်တလောဆိုရင်လည်း မြန်မာဝတ်စုံနဲ့ ဂါဝန်နဲ့ကို အလှည့်ကျစီဝတ်ဖြစ်တယ်။

ခန္ဓာကိုယ်အချိုးအစားဆိုက်က ဘယ်လောက်လဲ….

ခန္ဓာကိုယ်အချိုးအစားကတော့ ဝနေလို့ ဒီမေးခွန်းကိုတော့ ကျော်လိုက်ပါပြီ။

ကာတွန်းကားတွေရောကြည့်လား.ဘယ်ဇာတ်ကောင်ကိုကြိုက်လဲ…

ကာတွန်းကား ကြည့်ဖြစ်တယ်။ အကြိုက်ဆုံးက Beauty And The Beast ထဲက Belle ၊ Tom & Jerry ထဲကဆိုရင် Tom ၊ Scooby-Doo ခွေးလေး အဲဒီဇာတ်ကောင်လေးတွေကြိုက်တယ်။

မိသားစုထဲမှာ လိမ်မာတဲ့သမီးတစ်ယောက်လား…

မိသားစုထဲမှာ လိမ္မာတယ်။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ အရိုက်ခံရတာခဏခဏပါပဲ။

သရဲကြောက်တတ်လား…

သရဲကြောက်တယ်။ ဘယ်နားကထွက်လာပြီး ဘယ်လိုရုပ်တွေနဲ့လာခြောက်မလဲဆိုတာကို တွေးတွေးပြီးကြောက်တာ။

ပရိသတ်တွေကိုဘာလျို့ဝှက်ထားတာရှိလဲ…

ပရိသတ်ကိုလျို့ဝှက်ထားတာဘာမှမရှိပါဘူး။

ဖေဖေနဲ့ မေမေနဲ့ ဘယ်သူကိုပိုချစ်လဲ…

မေကြီးကိုပိုချစ်တယ်။ ဖေကြီးကိုလည်း လျော့တော့မလျော့ပါဘူး။

ပိုချစ်ရတဲ့ အကြောင်းအရင်းကဘာလို့လဲ…

မေကြီးကိုပိုချစ်ရတဲ့ အကြောင်းရင်းက ဆော်ပလော်တီးလို့ဖြစ်မယ်ထင်တယ်။

လတ်တလောဘာတွေလုပ်ဖြစ်နေလဲ…

အခုသီချင်းခွေအတွက် အသံသွင်းနေပါတယ်။ MTVလေးတွေရိုက်တယ်။ ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။ ဒီလောက်ပါပဲ။

အခုဖြစ်နေတဲ့ခံစားချက်…

အရင်ကထက် အလုပ်ထဲမှာ အဆပေါင်းများစွာစိတ်နှစ်ထားပါတယ်။ ပျော်နေပါတယ်။ အေးချမ်းနေပါတယ်ရှင့်။

ပရိသတ်တွေအတွက်ရာသီဥတုအပေါ်အကြံပေးချက်…

ရာသီဥတုကအပြောင်းအလဲများနေတော့ ချစ်တုံးကြီးတို့ဂရုစိုက်ပါ။ နွေးနွေးထွေးထွေးနေပါလို့။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။