[Zawgyi]

ျမန္မာျပည္သိန္းတန္အေၾကာင္းကို ရန္ေအာင္ဘာေတြေျပာျပခဲ့သလဲ

လာမယ့္ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္ ၃ မွာ အကဲျဖတ္ဒိုင္အျဖစ္ပါဝင္ေဆာင္ရြက္ေပးေနတဲ့ ထပ္ဆင့္အကယ္ဒမီရန္ေအာင္က ဂီတေလာကမွာ ဝါရင့္သမာၻရင့္ျဖစ္တဲ့ ျမန္မာျပည္သိန္းတန္ရဲ႕အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။

“ကၽြန္ေတာ္တုိ႔အစ္ကိုႀကီးက ေသခ်ာေပါင္းၾကည္႔ရင္ေတာ့ စိတ္ရင္းသိပ္ကာင္းတယ္။ စိတ္ထားျဖဴတယ္။ ရိုးသားတယ္၊ ခ်စ္ဖို႔သိပ္ေကာင္းပါတယ္။ အစ္ကုိႀကီးတစ္ေယာက္လည္းျဖစ္သလို ဆရာႀကီဆိုလည္းဟုတ္ပါတယ္။ သမာၻေရာ၊ ဝါေရာရင့္တယ္။ ၿပိဳင္ပြဲဝင္တစ္ေယာက္က သီခ်င္းစဆိုၿပီဆိုတာနဲ႔ကို သူဘယ္လိုသံစဥ္နဲ႔ဆိုလဲ။ ဘယ္လိုျဖစ္ေနတယ္ဆုိတာကို တန္းၿပီးသိတယ္။ တန္းၿပီးေဝဖန္ႏိုင္တယ္။ ကုိမ်ိဳးေက်ာ့က အသံပိုင္းရက္ပ္ပါပံုစံကို ပိုနားလည္တယ္။ မတင္ဇာေမာ္ကေတာ့ ဂီတမ်ိဳးစံုကိုေတာ္ေတာ္ပိုင္ပါတယ္။ ကၽြန္ေတာ္ကက်ေတာ့ သံစဥ္ေပၚမွာထားရမယ့္အိုက္တင္ေလးေတြကိုၾကည့္တယ္။ ရုပ္ရွင္ဘက္ကလည္း ကိုယ္တစ္ယာက္တည္းပါတာဆိုေတာ့ေလ။ အျပင္ပံုစံမွာလည္း အုိက္တင္ရွိသလို၊ အသံပိုင္းမွာလည္းအိုက္တင္ရွိပါတယ္။ ကၽြန္ေတာ္ကေတာ့ အဲဒီအေပၚကို ပိုေဇာင္ေပးၿပီးေျပာျဖစ္ပါတယ္” လို႔ ရန္ေအာင္ကဆိုပါတယ္။

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲက ပရိသတ္ေတြေတာ္ေတာ္္မ်ားမ်ားစိတ္ဝင္စားၾကတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ေၾကာင္း၊ အႏုပညာနဲ႔ပတ္သက္တဲ့ဘယ္အရာကိုမဆို ဝါသနာပါၾကတဲ့သူေတြအားလံုးကိုလည္း အားေပးေၾကာင္းကိုလည္း “ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲကို ေတာ္ေတာ္စိတ္ဝင္စားၾကတယ္။ ကၽြန္ေတာ္တို႔အသံစစ္ေဆးတဲ့နယ္ေတြမွာလည္း ၿပိဳင္ပြဲဝင္အမ်ိဳးမ်ိဳးကိုေတြ႔ရတယ္။ တကယ္ကိုဝါသနာပါလို႔လာ စစ္ေဆးတဲ့သူေတြေရာ၊ တကယ္ကိုအရည္အခ်င္းရွိၿပီး ေတာ္တဲ့ၿပိဳင္ပြဲဝင္ေတြ၊ အခုမွစၿပီး ဂီတကိုစိတ္ဝင္စားၿပီးလာၿပိဳင္တဲ့သူေတြ အမ်ားႀကီးပါ။ ဘယ္လုိပဲျဖစ္ျဖစ္ပါ။ ကၽြန္ေတာ္ကေတာ့ ကေလးေတြအားလံုးကိုအားေပးတယ္။ အဆိုၿပိဳင္ပြဲေတြကေနမွတဆင္႔ ဂီတအႏုပညာမ်ိဳးဆက္သစ္ေတြကို ေမြးထုတ္ေပးႏိုင္မယ္” လို႔ ရန္ေအာင္ကေျပာျပပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာပြည်သိန်းတန်အကြောင်းကို ရန်အောင်ဘာတွေပြောပြခဲ့သလဲ

လာမယ့်မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် ၃ မှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ပေးနေတဲ့ ထပ်ဆင့်အကယ်ဒမီရန်အောင်က ဂီတလောကမှာ ဝါရင့်သမ္ဘာရင့်ဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

“ကျွန်တော်တို့အစ်ကိုကြီးက သေချာပေါင်းကြည့်ရင်တော့ စိတ်ရင်းသိပ်ကာင်းတယ်။ စိတ်ထားဖြူတယ်။ ရိုးသားတယ်၊ ချစ်ဖို့သိပ်ကောင်းပါတယ်။ အစ်ကိုကြီးတစ်ယောက်လည်းဖြစ်သလို ဆရာကြီဆိုလည်းဟုတ်ပါတယ်။ သမ္ဘာရော၊ ဝါရောရင့်တယ်။ ပြိုင်ပွဲဝင်တစ်ယောက်က သီချင်းစဆိုပြီဆိုတာနဲ့ကို သူဘယ်လိုသံစဉ်နဲ့ဆိုလဲ။ ဘယ်လိုဖြစ်နေတယ်ဆိုတာကို တန်းပြီးသိတယ်။ တန်းပြီးဝေဖန်နိုင်တယ်။ ကိုမျိုးကျော့က အသံပိုင်းရက်ပ်ပါပုံစံကို ပိုနားလည်တယ်။ မတင်ဇာမော်ကတော့ ဂီတမျိုးစုံကိုတော်တော်ပိုင်ပါတယ်။ ကျွန်တော်ကကျတော့ သံစဉ်ပေါ်မှာထားရမယ့်အိုက်တင်လေးတွေကိုကြည့်တယ်။ ရုပ်ရှင်ဘက်ကလည်း ကိုယ်တစ်ယာက်တည်းပါတာဆိုတော့လေ။ အပြင်ပုံစံမှာလည်း အိုက်တင်ရှိသလို၊ အသံပိုင်းမှာလည်းအိုက်တင်ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအပေါ်ကို ပိုဇောင်ပေးပြီးပြောဖြစ်ပါတယ်” လို့ ရန်အောင်ကဆိုပါတယ်။

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲက ပရိသတ်တွေတော်တော်များများစိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ အနုပညာနဲ့ပတ်သက်တဲ့ဘယ်အရာကိုမဆို ဝါသနာပါကြတဲ့သူတွေအားလုံးကိုလည်း အားပေးကြောင်းကိုလည်း “မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကို တော်တော်စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့အသံစစ်ဆေးတဲ့နယ်တွေမှာလည်း ပြိုင်ပွဲဝင်အမျိုးမျိုးကိုတွေ့ရတယ်။ တကယ်ကိုဝါသနာပါလို့လာ စစ်ဆေးတဲ့သူတွေရော၊ တကယ်ကိုအရည်အချင်းရှိပြီး တော်တဲ့ပြိုင်ပွဲဝင်တွေ၊ အခုမှစပြီး ဂီတကိုစိတ်ဝင်စားပြီးလာပြိုင်တဲ့သူတွေ အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ ကလေးတွေအားလုံးကိုအားပေးတယ်။ အဆိုပြိုင်ပွဲတွေကနေမှတဆင့် ဂီတအနုပညာမျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်မယ်” လို့ ရန်အောင်ကပြောပြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။