Yan Aung
[Zawgyi]
Heineken Beer
Heineken Beer
www.akhayar.com
[Unicode]
မြန်မာအိုင်ဒေါမှာ ဖက်ရှင်အမိုက်စားတွေနဲ့တွေ့ရမယ်လို့ဆိုတဲ့ ရန်အောင်
မကြာမီစတင်ကျင်းပတော့မယ့် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ်(၃)မှာ ဖက်ရှင်အမိုက်စား တွေနဲ့တွေ့မြင်ရမှာဖြစ်တယ်လို့ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီများရှင်ရန်အောင်က ပြောပါတယ်။
Heineken Beer
Heineken Beer
Heineken Facebook Page သို့
“လာမယ့်မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဖက်ရှင်အမိုက်စားတွေ တွေ့ရမယ်။ အခုကတည်းကလည်းစပြီးရွေးချယ်ထားတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အစ်ကိုကြီးကိုတော့ မှီမယ်မထင်ပါဘူး။ ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ ကျွန်တော်ရဲ့ပရိသတ်ကြီးက စောင့်ကြည့်ပေးပါဦး” လို့ ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ရန်အောင်ကဆိုပါတယ်။
သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ရတာနဲ့ပတ်သက်ပြီးလည်း ရန်အောင်က “အစီအစဉ် (၁) နဲ့ (၂) ကတည်းက ကမ်းလှမ်းခဲ့ဖူးတာပါ။ ကျွန်တော်အတွက် အချိန်သိပ်မရှိတဲ့အတွက်ရယ်၊ ကားရိုက်တွေနဲ့ကျပ်နေတာရယ်ကြောင့် မလုပ်ဖြစ်တာပါ။ အခုဒီအစီအစဉ်ရောက်မှ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ခဲ့တယ်ပေ့ါ။ သီချင်းဆိုပြိုင်ပွဲတွေအားလုံးကိုလည်း ကြည့်ဖြစ်တယ်။ မြန်မာပြည်က အဆိုပြိုင်ပွဲတွေမကဘူး။ နိုင်ငံခြားကပြိုင်ပွဲတွေလည်း ကြည့်ဖြစ်တယ်။ ဝေဖန်သုံးသပ်ဖို့ကိုလည်း အမြဲစဉ်းစားဖြစ်တယ်။ အနုပညာတစ်ခုကို ဝေဖန်ဖို့က တကယ်ကိုခက်ပါတယ်” လို့ထပ်မံပြောပြပါတယ်။
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။