[Zawgyi]

Facebook ေပၚမွာ တင္လုိက္တဲ့ ဓာတ္ပုံေၾကာင့္ အဖမ္းခံလုိက္ရတဲ့ ယာကူဇာဂုိဏ္းေခါင္းေဆာင္

ဂ်ပန္ယာကူဇာဂုိဏ္းေခါင္းေဆာင္ေဟာင္း ရွိဂါဟာရူ ရွီရုိင္း (Shigeharu Shirai) ဟာ ဇန္နဝါရီလ (၁ဝ) ရက္ေန႔တုန္းက ထုိင္းႏုိင္ငံ ေလာ့ဗူရီျပည္နယ္ (Lopburi) မွာ ေစ်းဝယ္ေနတုန္း အဖမ္းခံလုိက္ရပါတယ္။ သူဟာ ကုိဒုိကုိင္ဂုိဏ္းခြဲ (Kodokai Sub – gang) ရဲ႕ေခါင္းေဆာင္ျဖစ္ပါတယ္။ ‘ကုိဒုိကုိင္ဂုိဏ္း’ ဆုိတာ ဂ်ပန္ႏုိင္ငံရဲ႕အႀကီးဆုံး ယာမာဂူခ်ီဂူမိ ယာကူဇာဂုိဏ္း (Yamaguchi-gumi Yakuza) ရဲ႕အဖြဲ႕ခြဲျဖစ္ၿပီး မူးယစ္ေဆးဝါးလုပ္ငန္း၊ ျပည့္တန္ဆာလုပ္ငန္း၊ လူကုန္ကူးမႈ၊ လက္နက္ေရာင္းဝယ္မႈ၊ ျပန္ေပးဆြဲမႈနဲ႔ တျခားဒုစရုိက္မႈေတြကုိ လုပ္ေဆာင္ၾကပါတယ္။ ဂ်ပန္အစုိးရဟာ ‘ရွိဂါဟာရူ ရွီရုိင္း’ ကုိ ၂ဝဝ၃ခုႏွစ္တုန္းက လူသတ္မႈနဲ႔ တရားစြဲဆုိခဲ့ပါတယ္။

ရွိဂါဟာရူ ရွီရုိင္း (Shigeharu Shirai)

ရွိဂါဟာရူ ရွီရုိင္း (Shigeharu Shirai)

Read Also – ကမၻာ့အႀကီးမားဆုံး မာဖီးယားဒုစရုိက္ဂုိဏ္း (၅) ခု

ဒါေပမယ့္ ၂ဝဝ၅ခုႏွစ္မွာ ‘ရွိဂါဟာရူ ရွီရုိင္း’ ဟာ ထုိင္းႏုိင္ငံကုိ ဝင္ေရာက္ၿပီး ေဒသခံအမ်ိဳးသမီးတစ္ဦးကုိ လက္ထပ္ခဲ့ကာ ဒုစရုိက္လုပ္ငန္းမွ အနားယူခဲ့ပါတယ္။

Heineken Beer

Heineken Beer

Heineken Facebook Page သို႔

လမ္းေဘးမွာ မိတ္ေဆြေတြနဲ႔ က်ားကစားေနတဲ့ပုံရိပ္ကုိ ေဒသခံတစ္ဦးက Facebook ေပၚမွာ တင္ခဲ့ရာ Share လုပ္သူ တစ္ေသာင္းေက်ာ္ရွိခဲ့ၿပီး တခ်ိဳ႕လူေတြက ေဆးမင္ေၾကာင္အျပည့္ထုိးထားတဲ့ ‘ရွိဂါဟာရူ ရွီရုိင္း’ ကုိ သတိထားမိၾကပါတယ္။

က်ားထုိးေနတဲ့ ပုံရိပ္

က်ားထုိးေနတဲ့ ပုံရိပ္

ေဆးမင္ေၾကာင္နဲ႔ လက္သန္းျပတ္ေနတဲ့ ပုံရိပ္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး ဒါဟာ ဂ်ပန္ယာကူဇာဂုိဏ္းဝင္ေတြအေနနဲ႔ အျပစ္လုပ္မိရင္ ကုိယ့္ကုိယ္ကုိ လက္သန္းျဖတ္ပစ္တဲ့သေကၤတပဲျဖစ္ပါတယ္။

ရွိဂါဟာရူ ရွီရုိင္း (Shigeharu Shirai)

ရွိဂါဟာရူ ရွီရုိင္း (Shigeharu Shirai)

ဂ်ပန္အစုိးရဟာ ‘ရွိဂါဟာရူ ရွီရုိင္း’ ကုိ ေျခရာခံမိသြားၿပီး ထုိင္းရဲတပ္ဖြဲ႕ကုိ ဆက္သြယ္လုိက္ရာမွ အခုလုိ ဖမ္းမိသြားတာျဖစ္ပါတယ္။ သူဟာ ယာကူဇာဂုိဏ္းဝင္ျဖစ္ေၾကာင္းကုိ ဝန္ခံခဲ့ေပမယ့္ လူသတ္မႈကုိေတာ့ ျငင္းဆုိခဲ့ပါတယ္။ သူဟာ (၇၂) ႏွစ္ရွိၿပီျဖစ္လုိ႔ ဒုစရုိက္လုပ္ငန္းကေန အနားယူၿပီဆုိေပမယ့္ ရာဇဝတ္ေဘးဟာ ‘ရွိဂါဟာရူ ရွီရုိင္း’ အတြက္ ေျပးမလြတ္ခဲ့ပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Facebook ပေါ်မှာ တင်လိုက်တဲ့ ဓာတ်ပုံကြောင့် အဖမ်းခံလိုက်ရတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်

ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ဟောင်း ရှိဂါဟာရူ ရှီရိုင်း (Shigeharu Shirai) ဟာ ဇန်နဝါရီလ (၁ဝ) ရက်နေ့တုန်းက ထိုင်းနိုင်ငံ လော့ဗူရီပြည်နယ် (Lopburi) မှာ ဈေးဝယ်နေတုန်း အဖမ်းခံလိုက်ရပါတယ်။ သူဟာ ကိုဒိုကိုင်ဂိုဏ်းခွဲ (Kodokai Sub – gang) ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ‘ကိုဒိုကိုင်ဂိုဏ်း’ ဆိုတာ ဂျပန်နိုင်ငံရဲ့အကြီးဆုံး ယာမာဂူချီဂူမိ ယာကူဇာဂိုဏ်း (Yamaguchi-gumi Yakuza) ရဲ့အဖွဲ့ခွဲဖြစ်ပြီး မူးယစ်ဆေးဝါးလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု၊ လက်နက်ရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနဲ့ တခြားဒုစရိုက်မှုတွေကို လုပ်ဆောင်ကြပါတယ်။ ဂျပန်အစိုးရဟာ ‘ရှိဂါဟာရူ ရှီရိုင်း’ ကို ၂ဝဝ၃ခုနှစ်တုန်းက လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ရှိဂါဟာရူ ရှီရိုင်း (Shigeharu Shirai)

ရှိဂါဟာရူ ရှီရိုင်း (Shigeharu Shirai)

Read Also – ကမ္ဘာ့အကြီးမားဆုံး မာဖီးယားဒုစရိုက်ဂိုဏ်း (၅) ခု

ဒါပေမယ့် ၂ဝဝ၅ခုနှစ်မှာ ‘ရှိဂါဟာရူ ရှီရိုင်း’ ဟာ ထိုင်းနိုင်ငံကို ဝင်ရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ကာ ဒုစရိုက်လုပ်ငန်းမှ အနားယူခဲ့ပါတယ်။

Heineken Beer

Heineken Beer

Heineken Facebook Page သို့

လမ်းဘေးမှာ မိတ်ဆွေတွေနဲ့ ကျားကစားနေတဲ့ပုံရိပ်ကို ဒေသခံတစ်ဦးက Facebook ပေါ်မှာ တင်ခဲ့ရာ Share လုပ်သူ တစ်သောင်းကျော်ရှိခဲ့ပြီး တချို့လူတွေက ဆေးမင်ကြောင်အပြည့်ထိုးထားတဲ့ ‘ရှိဂါဟာရူ ရှီရိုင်း’ ကို သတိထားမိကြပါတယ်။

ကျားထိုးနေတဲ့ ပုံရိပ်

ကျားထိုးနေတဲ့ ပုံရိပ်

ဆေးမင်ကြောင်နဲ့ လက်သန်းပြတ်နေတဲ့ ပုံရိပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ဒါဟာ ဂျပန်ယာကူဇာဂိုဏ်းဝင်တွေအနေနဲ့ အပြစ်လုပ်မိရင် ကိုယ့်ကိုယ်ကို လက်သန်းဖြတ်ပစ်တဲ့သင်္ကေတပဲဖြစ်ပါတယ်။

ရှိဂါဟာရူ ရှီရိုင်း (Shigeharu Shirai)

ရှိဂါဟာရူ ရှီရိုင်း (Shigeharu Shirai)

ဂျပန်အစိုးရဟာ ‘ရှိဂါဟာရူ ရှီရိုင်း’ ကို ခြေရာခံမိသွားပြီး ထိုင်းရဲတပ်ဖွဲ့ကို ဆက်သွယ်လိုက်ရာမှ အခုလို ဖမ်းမိသွားတာဖြစ်ပါတယ်။ သူဟာ ယာကူဇာဂိုဏ်းဝင်ဖြစ်ကြောင်းကို ဝန်ခံခဲ့ပေမယ့် လူသတ်မှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။ သူဟာ (၇၂) နှစ်ရှိပြီဖြစ်လို့ ဒုစရိုက်လုပ်ငန်းကနေ အနားယူပြီဆိုပေမယ့် ရာဇဝတ်ဘေးဟာ ‘ရှိဂါဟာရူ ရှီရိုင်း’ အတွက် ပြေးမလွတ်ခဲ့ပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။