
Yahoo Messenger



Yahoo Messenger



Yahoo Messenger


Ref : TechCrunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ယနေ့ခေတ်မှာ Messaging Services တွေက လူသုံးများနေတဲ့ Facebook Messenger ၊ Twitter နဲ့ iMessage တွေကလွဲရင် ဟိုးအရင်ကလိုမျိုး Messenger တွေ အများအပြား အသုံးပြုတာ နည်းပါးသွားပြီဖြစ်ပါတယ်။

Yahoo Messenger

အစောပိုင်းတုန်းကလည်း လူသုံးများခဲ့တဲ့ AOL Messenger တွေက ပိတ်သိမ်းခဲ့ပြီး အခုအချိန်မှာတော့ နောက်ထပ် Messaging Service တစ်ခုလည်း နောက်လမှာ ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါပြီ။

အခု သေဆုံးတော့မယ့် Messaging Service ကတော့ Yahoo Messenger ပဲဖြစ်ပြီးတော့ လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ အဆိုပါ Messaging Service ကို လုံးဝ Shutdown ပြုလုပ်သွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Yahoo Messenger

Verizon က ပိုင်ဆိုင်တဲ့ အခု Yahoo Messenger ဟာ မကြာခင် ပိတ်သိမ်းတော့မှာဖြစ်ပေမယ့် လောလောဆယ်မှာ အစားထိုးစရာ Messaging Service မရှိသေးပဲ Yahoo Squirrel လို့နာမည်ပေးထားတဲ့ Beta Version Group Messaging App ကိုပဲ ပြောင်းလဲအသုံးပြုဖို့ ညွှန်းနေတာဖြစ်ပါတယ်။

Yahoo Messenger ဟာ ပြီးခဲ့တဲ့ ၁၉၉၈ ခုနှစ်ထဲက စတင်ခဲ့တဲ့ Instant Messaging Service တစ်ခုဖြစ်ပြီးတော့ အခုဆိုရင် သုံးတဲ့သူမရှိသလောက်ကို နည်းပါးသွားပြီဖြစ်ပါတယ်။

Yahoo Messenger

ဘာပဲဖြစ်ဖြစ် အရင်တုန်းက အင်တာနက်ဆိုင်တွေမှာ သွားပြီး အင်တာနက်သုံးခဲ့ရတဲ့ Messaging Service တစ်ခုကတော့ ပျောက်ကွယ်သွားပါပြီ။

Ref : TechCrunch

Zawyè (Akhayar) 

www.akhayar.com