[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဖွေးဖွေးအပေါ်သူ့ရဲ့အမြင်ကိုပြောပြခဲ့တဲ့ ရတနာဗိုလ်

ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်လမ်းတွဲထဲမှာ အတူတူသရုပ်ဆောင်ခဲ့ကြတဲ့ ရတနာဗိုလ်က ဖွေးဖွေးအပေါ်သူမရဲ့အမြင်ကို အခုလိုဖော်ပြထားတာတွေ့ရပါတယ်။ရတနာဗိုလ် က ဖွေးဖွေးကို အရမ်းချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ ဖွေးဖွေးဟာ အပြင်မှာလည်း အရမ်းကို ချစ်ဖို့ကောင်းသလို ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားထဲက သာယာလေး အဖြစ်နဲ့လည်း ချစ်ဖို့ကောင်းနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖွေးဖွေးဟာ ချစ်ဖို့ကောင်းသလို အရမ်းလည်းတော်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ရတနာဗိုလ်က သူမရဲ့လူမှုကွန်ရက်အကောင့်မှာဖော်ပြထားတာဖြစ်ပါတယ်။

အခုချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင် ဇာတ်ကားကလည်း အောင်မြင်မှုတွေရရှိနေပြီး ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ အလင်းရောင် ၊ ဖွေးဖွေး ၊ ရတနာဗိုလ် နဲ့ ကျော်ထက်အောင်တို့ကြောင့်လည်း ကြည့်ရှုသူပရိသတ်တွေပိုများခဲ့တာလို့ ဆိုရပါမယ်။

Photo Credit:Yandanar Bo (Amazing Grace)(CO2 Page)

ကြည်သာ (Akhayar)

www.akhayar.com