အလံုက မႏၲေလးအစားအစာေကာင္းတဲ့ ဆိုင္တစ္ဆိုင္ “မန္းမုန္႔တီေတာ္ေတာ္ေကာင္းေကာင္း” [Review,Photos]

[Zawgyi]

အလံုက မႏၲေလးအစားအစာေကာင္းတဲ့ ဆိုင္တစ္ဆိုင္
“မန္းမုန္႔တီေတာ္ေတာ္ေကာင္းေကာင္း”[Review,Photos]

Menu Card
Menu Card

ဆိုင္အျပင္အဆင္က အဲကြန္းနဲ႔ အလံုပိတ္ခန္း။ ေအးေဆးစားလို႔ အဆင္ေျပတယ္။ ဒါေပမယ့္ ဆိုင္အနည္းငယ္ က်ဥ္းတယ္။ ဆိုင္ရဲ႕ေနရာက လူသူသိပ္မသိဆဲ့ အတြင္းဘက္ က်တယ္။ ကားရပ္ရတာ အဆင္မေျပတဲ့ လမ္းဆံု လမ္းခြမွာ ရွိတယ္။ နံရံမွာ မန္းေလး နန္းေတာ္ရာ ပံုေတြ က်ံဳး၊ ၿမိဳ႕႐ိုးေတြပံု ဗီႏိုင္းေလးေတြ အစီအရီဆြဲထားတယ္။ မီႏူးကို စာခၽြန္လႊာပံုစံ ပလပ္စတစ္ကဒ္ကေလးနဲ႔ ျပဳလုပ္ထားတယ္။

ေစ်းနွုန္းမ်ား နွင့္ လိပ္စာကဒ္
ေစ်းနွုန္းမ်ား နွင့္ လိပ္စာကဒ္

ဒီဆိုင္မွာ ဘာေတြ ရလဲ?
-မႏၲေလး မုန္႔တီ
-ခိုေတာင္ မုန္႔တီ
-မႏၲေလး ၿမႇီးရွည္
-မႏၲေလး ၾကာဇံခ်က္
-ငါးဖယ္လံုးဟင္းရည္
-အုန္းထမင္း (ၾကက္၊ ဆိတ္)
-ခနံုထုပ္
-မတ္ပဲေၾကာ္
အညာအသုပ္စံု ကိုမွ ထူးထူးဆန္းဆန္းအရြက္ မ်ိဳးစံုနဲ႔ ရသဗ်။
-ေၾကာင္ရွာပြင့္
-သခြပ္ပြင့္
-ျမဴရြက္
-တ႐ုတ္စကားပြင့္
-သမုန္းပြင့္
-ၾကက္တရြက္
-ငါးရံပလူရြက္
-မယ္ဇလီဖူး
-မက်ည္းရြက္
(အသုပ္ေတြ ရတာ ေရးျပတာ မစားခဲ့ရေသးဘူး)

ကိုယ္သြားစားခဲ့တာ မနက္ ၉ နာရီေတာ့ ရွိၿပီဗ်။ ဆိုင္က ဝန္ထမ္းေကာင္ေလးက ပုဆိုးနဲ႔ အက်ႌအျဖဴ ေခါင္းက စားဖိုေဆာင္ေတြမွာ ဝတ္တဲ့ ေခါင္းစြပ္နဲ႔ တံခါးလာဖြင့္ေပးတယ္။ အထဲက အဲကြန္းနဲ႔ ေအးတယ္။ဒါေပမယ့္ ျမန္မာအစားအစာဆိုင္မို႔ အနံ႕က မလတ္ဆတ္ဘူး ျဖစ္ေနတယ္။ ႏွစ္ေယာက္ဆိုေတာ့ မုန္႔တီ (နန္းႀကီး) နဲ႔ တစ္ပြဲ၊ ၿမႇီးရွည္ တစ္ပြဲ၊ ၾကာဇံခ်က္တစ္ပြဲနဲ႔ မတ္ပဲေၾကာ္တစ္ပြဲ မွာလိုက္တယ္။ အျခား အသုပါေတြက ေန႔လည္မွ စားလို႔ေျပမွာမို႔ မမွာလိုက္ေတာ့ဘူး။

မုန္႔တီ
မုန္႔တီ

မုန္႔တီ – ⭐️⭐️⭐️⭐️
ၾကယ္ငါးလံုးမွာ ေလးလံုးေပးသင့္တဲ့ မုန္႔တီပါ။ နန္းႀကီးကိုယ့္အႀကိဳက္ ပဲမွဳန္႕ေစးေစးေလး သုပ္ခိုင္းလိုက္တယ္။ ၾကက္သားနဲ႔ ငါးဖယ္ အေရာပါ။ ငါးဖယ္ကို အေခ်ာင္းရွည္လွီးထားတယ္။ ၾကက္သားမွ်င္ႀကီးတယ္။ ေခါက္ဆြဲႂကြပ္ေၾကာ္၊ ပဲပင္ေပါက္၊ နံနံပင္ ပါတယ္။ ေဘးက အခ်ဥ္က ၾကက္သြန္ကြင္းစိတ္နဲ႔ သံပရာသီး။ အရသာပိုင္း လက္ရာ အရမ္းေကာင္း။ မႏၲေလးလက္ရာမွီတယ္။ လံုးဝ သြားစားသင့္တဲ့ မုန္႔တီပါ။ ဟင္းရည္ အားမရဘူး။

ၿမွီးရွည္
ၿမွီးရွည္

ၿမႇီးရွည္ – ⭐️⭐️
အားမရဘူး။ အႀကိဳက္ဆံုးက အလံုက ေရႊနန္းေတာ္နဲ႔ ရန္ကင္းက နန္းေတာ္ေရွ႕။ ဒါေပမယ့္ ၿမႇီးရွည္အတြက္ ပဲပုတ္ေစ့အခ်ိဳတစ္ခြက္၊ မုန္႔ၫွင္းခ်ဥ္တစ္ခြက္၊ ေပးပါတယ။္ ခုနကေျပာသလို ဟင္းရည္အားမရ။ ၿမႇီးရွည္ထဲ ဂ်ံဳလံုးေၾကာ္ကိုက္ထည့္ထားတယ္။ ဝက္ၿမႇီးရွည္ဆိုေတာ အဆီအေခါက္အနည္းငယ္ပါမယ္။ ထူးထူးဆန္းဆန္း ႂကြက္နားရြက္ ပါမယ္။ စားလို႔ေကာင္းတယ္။ အရမ္းအေကာင္းဆံုးဆိုင္ေတြ ေတြ႕ထားေတာ့ ဒါက ပံုမွန္အရသာပဲ။ စားၾကည့္သင့္ပါတယ္။

မႏၲေလးၾကာဇံခ်က္

မႏၲေလးၾကာဇံခ်က္ – ⭐️⭐️⭐️⭐️⭐️
ၾကယ္ငါးလံုးေပးရတာ အရမ္းေကာင္းလို႔ဗ်။ ပ်စ္မေန က်ဲမေနဘူး။ ပူပူေလးနဲ႔ အစံုပါတယ္။ ၾကက္သားလည္း မ်ားတယ္။ အထဲပါ ပါသင့္တဲ့ ပါဝင္ပစၥည္းစံုလင္တယ္။ အရသာက ပူပူေလးနဲ႔ေကာင္းတယ္လို႔ ေျပာရမယ္။ ဒီအရသာေလး ေသာက္ၿပီး မႏၲေလး အိမ္မွာ အၿမဲလုပ္စားျဖစ္တဲ့ ၾကာဇံခ်က္ အိုးႀကီးကို လြမ္းမိတယ္။

မတ္ပဲေၾကာ္
မတ္ပဲေၾကာ္

မတ္ပဲေၾကာ္ – ⭐️⭐️⭐️
စားလို႔ေကာင္းတယ္။ ရြရြေလး။ေဖာင္းေဖာင္းေလးနဲ႔ ဆီစစ္ထားတယ္။ မပူဘူး။ ၿပီးေတာ့ မတ္ပဲ ကို ႀကိတ္ထားတာ က်စ္တယ္။ အေၾကာ္က အနည္းငယ္ အသားက်စ္လို႔ ပြပြေလးဆို ဒီထပ္ ပိုေကာင္းမွာ။ မႏၲေလးစတိုင္ မန္းက်ည္းခ်ဥ္နဲ႔ ေပးတယ္ဗ်။

အားသာခ်က္မ်ား
-ဆိုင္ရဲ႕ဝန္ေဆာင္မွဳေကာင္းတယ္။
-တစ္ပြဲ တစ္ပြဲ အေတာ္မ်ားတယ္။
-ေစ်းတန္တယ္။
-အဲကြန္းရတယ္။

စားဖြယ္အစံု
စားဖြယ္အစံု

အားနည္းခ်က္မ်ား
-ဆိုင္က ျမန္မာဆိုင္မို႔ အဲကြန္းခန္းထဲမွာ သိပ္ Fresh မျဖစ္ဘူး။
-ကားရပ္ရ အဆင္မေျပဘူး။
-ဆိုင္အနည္းငယ္ က်ဥ္းတယ္။

“ရတနာေအာင္ မႏၲေလးစားဖြယ္စံု”

ဆိုင္ဖြင့္ခ်ိန္ – မနက္ ၆ နာရီမွ ညေန ၅ နာရီ အထိ
☎️09 45330 2414

📪အမွတ္ (၉၃)၊ ငုဝါလမ္း၊ အလံုၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

Google Map : https://goo.gl/maps/mghpmdtpwLJ2

ဆိုင္ရဲ႕ ရရွိေသာ Menu (ေစ်းႏွဳန္းအပါအဝင္)ႏွင့္ ဆိုင္လိပ္စာကဒ္အား ပံုတြင္ ၾကည့္ရွဳ႕ပါ။ Akhayar – Food ကို အၿမဲ See First လုပ္ထားတဲ့သူေတြ အတြက္ ထူးထူးဆန္းဆန္း စားေကာင္းတဲ့ ဆိုင္မ်ားကို ဆက္လက္ေဖာ္ျပေပးမွာပါ။ ☺️
ရေကာက္ – Akhayar

=========
[Unicode]

အလုံက မန္တလေးအစားအစာကောင်းတဲ့ ဆိုင်တစ်ဆိုင်
“မန်းမုန့်တီတော်တော်ကောင်းကောင်း”[Review,Photos]

Menu Card
Menu Card

ဆိုင်အပြင်အဆင်က အဲကွန်းနဲ့ အလုံပိတ်ခန်း။ အေးဆေးစားလို့ အဆင်ပြေတယ်။ ဒါပေမယ့် ဆိုင်အနည်းငယ် ကျဉ်းတယ်။ ဆိုင်ရဲ့နေရာက လူသူသိပ်မသိဆဲ့ အတွင်းဘက် ကျတယ်။ ကားရပ်ရတာ အဆင်မပြေတဲ့ လမ်းဆုံ လမ်းခွမှာ ရှိတယ်။ နံရံမှာ မန်းလေး နန်းတော်ရာ ပုံတွေ ကျုံး၊ မြို့ရိုးတွေပုံ ဗီနိုင်းလေးတွေ အစီအရီဆွဲထားတယ်။ မီနူးကို စာချွန်လွှာပုံစံ ပလပ်စတစ်ကဒ်ကလေးနဲ့ ပြုလုပ်ထားတယ်။

ဈေးနှုန်းများ နှင့် လိပ်စာကဒ်
ဈေးနှုန်းများ နှင့် လိပ်စာကဒ်

ဒီဆိုင်မှာ ဘာတွေ ရလဲ?
-မန္တလေး မုန့်တီ
-ခိုတောင် မုန့်တီ
-မန္တလေး မြှီးရှည်
-မန္တလေး ကြာဇံချက်
-ငါးဖယ်လုံးဟင်းရည်
-အုန်းထမင်း (ကြက်၊ ဆိတ်)
-ခနုံထုပ်
-မတ်ပဲကြော်
အညာအသုပ်စုံ ကိုမှ ထူးထူးဆန်းဆန်းအရွက် မျိုးစုံနဲ့ ရသဗျ။
-ကြောင်ရှာပွင့်
-သခွပ်ပွင့်
-မြူရွက်
-တရုတ်စကားပွင့်
-သမုန်းပွင့်
-ကြက်တရွက်
-ငါးရံပလူရွက်
-မယ်ဇလီဖူး
-မကျည်းရွက်
(အသုပ်တွေ ရတာ ရေးပြတာ မစားခဲ့ရသေးဘူး)

ကိုယ်သွားစားခဲ့တာ မနက် ၉ နာရီတော့ ရှိပြီဗျ။ ဆိုင်က ဝန်ထမ်းကောင်လေးက ပုဆိုးနဲ့ အကျႌအဖြူ ခေါင်းက စားဖိုဆောင်တွေမှာ ဝတ်တဲ့ ခေါင်းစွပ်နဲ့ တံခါးလာဖွင့်ပေးတယ်။ အထဲက အဲကွန်းနဲ့ အေးတယ်။ဒါပေမယ့် မြန်မာအစားအစာဆိုင်မို့ အနံ့က မလတ်ဆတ်ဘူး ဖြစ်နေတယ်။ နှစ်ယောက်ဆိုတော့ မုန့်တီ (နန်းကြီး) နဲ့ တစ်ပွဲ၊ မြှီးရှည် တစ်ပွဲ၊ ကြာဇံချက်တစ်ပွဲနဲ့ မတ်ပဲကြော်တစ်ပွဲ မှာလိုက်တယ်။ အခြား အသုပါတွေက နေ့လည်မှ စားလို့ပြေမှာမို့ မမှာလိုက်တော့ဘူး။

မုန့်တီ
မုန့်တီ

မုန့်တီ – ⭐️⭐️⭐️⭐️
ကြယ်ငါးလုံးမှာ လေးလုံးပေးသင့်တဲ့ မုန့်တီပါ။ နန်းကြီးကိုယ့်အကြိုက် ပဲမှုန့်စေးစေးလေး သုပ်ခိုင်းလိုက်တယ်။ ကြက်သားနဲ့ ငါးဖယ် အရောပါ။ ငါးဖယ်ကို အချောင်းရှည်လှီးထားတယ်။ ကြက်သားမျှင်ကြီးတယ်။ ခေါက်ဆွဲကြွပ်ကြော်၊ ပဲပင်ပေါက်၊ နံနံပင် ပါတယ်။ ဘေးက အချဉ်က ကြက်သွန်ကွင်းစိတ်နဲ့ သံပရာသီး။ အရသာပိုင်း လက်ရာ အရမ်းကောင်း။ မန္တလေးလက်ရာမှီတယ်။ လုံးဝ သွားစားသင့်တဲ့ မုန့်တီပါ။ ဟင်းရည် အားမရဘူး။

မြှီးရှည်
မြှီးရှည်

မြှီးရှည် – ⭐️⭐️
အားမရဘူး။ အကြိုက်ဆုံးက အလုံက ရွှေနန်းတော်နဲ့ ရန်ကင်းက နန်းတော်ရှေ့။ ဒါပေမယ့် မြှီးရှည်အတွက် ပဲပုတ်စေ့အချိုတစ်ခွက်၊ မုန့်ညှင်းချဉ်တစ်ခွက်၊ ပေးပါတယ။် ခုနကပြောသလို ဟင်းရည်အားမရ။ မြှီးရှည်ထဲ ဂျုံလုံးကြော်ကိုက်ထည့်ထားတယ်။ ဝက်မြှီးရှည်ဆိုတော အဆီအခေါက်အနည်းငယ်ပါမယ်။ ထူးထူးဆန်းဆန်း ကြွက်နားရွက် ပါမယ်။ စားလို့ကောင်းတယ်။ အရမ်းအကောင်းဆုံးဆိုင်တွေ တွေ့ထားတော့ ဒါက ပုံမှန်အရသာပဲ။ စားကြည့်သင့်ပါတယ်။

မန္တလေးကြာဇံချက်

မန္တလေးကြာဇံချက် – ⭐️⭐️⭐️⭐️⭐️
ကြယ်ငါးလုံးပေးရတာ အရမ်းကောင်းလို့ဗျ။ ပျစ်မနေ ကျဲမနေဘူး။ ပူပူလေးနဲ့ အစုံပါတယ်။ ကြက်သားလည်း များတယ်။ အထဲပါ ပါသင့်တဲ့ ပါဝင်ပစ္စည်းစုံလင်တယ်။ အရသာက ပူပူလေးနဲ့ကောင်းတယ်လို့ ပြောရမယ်။ ဒီအရသာလေး သောက်ပြီး မန္တလေး အိမ်မှာ အမြဲလုပ်စားဖြစ်တဲ့ ကြာဇံချက် အိုးကြီးကို လွမ်းမိတယ်။

မတ်ပဲကြော်
မတ်ပဲကြော်

မတ်ပဲကြော် – ⭐️⭐️⭐️
စားလို့ကောင်းတယ်။ ရွရွလေး။ဖောင်းဖောင်းလေးနဲ့ ဆီစစ်ထားတယ်။ မပူဘူး။ ပြီးတော့ မတ်ပဲ ကို ကြိတ်ထားတာ ကျစ်တယ်။ အကြော်က အနည်းငယ် အသားကျစ်လို့ ပွပွလေးဆို ဒီထပ် ပိုကောင်းမှာ။ မန္တလေးစတိုင် မန်းကျည်းချဉ်နဲ့ ပေးတယ်ဗျ။

အားသာချက်များ
-ဆိုင်ရဲ့ဝန်ဆောင်မှုကောင်းတယ်။
-တစ်ပွဲ တစ်ပွဲ အတော်များတယ်။
-ဈေးတန်တယ်။
-အဲကွန်းရတယ်။

စားဖွယ်အစုံ
စားဖွယ်အစုံ

အားနည်းချက်များ
-ဆိုင်က မြန်မာဆိုင်မို့ အဲကွန်းခန်းထဲမှာ သိပ် Fresh မဖြစ်ဘူး။
-ကားရပ်ရ အဆင်မပြေဘူး။
-ဆိုင်အနည်းငယ် ကျဉ်းတယ်။

“ရတနာအောင် မန္တလေးစားဖွယ်စုံ”

ဆိုင်ဖွင့်ချိန် – မနက် ၆ နာရီမှ ညနေ ၅ နာရီ အထိ
☎️09 45330 2414

📪အမှတ် (၉၃)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

Google Map : https://goo.gl/maps/mghpmdtpwLJ2

ဆိုင်ရဲ့ ရရှိသော Menu (ဈေးနှုန်းအပါအဝင်)နှင့် ဆိုင်လိပ်စာကဒ်အား ပုံတွင် ကြည့်ရှု့ပါ။ Akhayar – Food ကို အမြဲ See First လုပ်ထားတဲ့သူတွေ အတွက် ထူးထူးဆန်းဆန်း စားကောင်းတဲ့ ဆိုင်များကို ဆက်လက်ဖော်ပြပေးမှာပါ။ ☺️
ရကောက် – Akhayar

=========