[Zawgyi]

YouTube မွာ Trending No.1 ျဖစ္ေနတဲ့ Rapper XXXTentacion ရဲ႕ ‘SAD!’ သီခ်င္းဗီဒီယို

Rapper XXXTentacion တစ္ေယာက္ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရျပီး ၁၀ ရက္အၾကာမွာ သူ႔ရဲ႕ ‘SAD!’ Music Video က ထြက္ရွိလာခဲ့ပါျပီ။ ဒီ ဗီဒီယိုကို ၾကာသပေတးေန႔ မနက္က စတင္ထုတ္လႊင့္ခဲ့ျပီး ထြက္ရွိျပီး ၁၆နာရီအတြင္းမွာ ၾကည့္ရႈမႈ ၂၄ သန္းေက်ာ္နဲ႔ YouTube မွာ Trending No.1 ျဖစ္ေနပါတယ္။

XXXTentacion

XXXTentacion

XXXTentaction ရဲ႕ ‘SAD!’ သီခ်င္းဟာ သူ႔ရဲ႕ေသဆံုးမႈကို အေၾကာင္းျပဳျပီး စိတ္ဝင္စားမႈျမင့္တက္လာတဲ့အတြက္ Billboard Hot 100 မွာ နံပါတ္ ၅၂ ေနရာကေန နံပါတ္ ၁ ေနရာကို ခ်က္ခ်င္းေရာက္ရွိလာခဲ့ပါတယ္။

Video ကို ရိုက္ျပထားပံုကလည္း လံုးဝအလြင့္ၾကီးျဖစ္ျပီး XXXTentacion ဟာ သူ႔ရဲ႕စ်ာပနကို တက္ေရာက္လာပံုနဲ႔ စဖြင့္ပါတယ္။ ျပီးေတာ့ အေခါင္းထဲက သူ႔ရုပ္အေလာင္းကို ၾကည့္ေနစဥ္မွာပဲ သူ႔႔ရဲ႕ ရုပ္အေလာင္းက ႏုိးထလာျပီး သူနဲ႔ ျပန္လည္သတ္ပုတ္ၾကတာကို ရိုက္ကူးထားတာပါ။ ဒီဘဲ ျမန္မာလူမ်ိဳးသာ ျဖစ္လို႔ကေတာ့ နမိတ္ေတြ ျပေနတာလို႔ ဝုိင္းေျပာၾကႏုိင္ပါတယ္။

ဒီ Music Video ဟာ XXXTentacion အတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ဖေလာ္ရီဒါမွာ ျပဳလုပ္ျပီး ေနာက္တစ္ရက္မွာ ထြက္ရွိလာတာ ျဖစ္ပါတယ္။ New York Times ရဲ႕ သတင္းအရေတာ့ XXXTentacion ရဲ႕ အေခါင္းကို ဖြင့္ထားျပီး လာေရာက္ႏႈတ္ဆက္ၾကတဲ့အခါမွာ XXXTentacion ကို အနက္ေရာင္အေခါင္းထဲမွာ အျပာေရာင္ဂ်င္းဂ်က္ကက္ကို ဆင္ယင္ေပးထားပါတယ္။

Memorial Service

Memorial Service

XXXTentacion's Memorial Service

XXXTentacion’s Memorial Service

XXXTentacion's Memorial Service

XXXTentacion’s Memorial Service

XXXTentacion ရဲ႕အမႈအတြက္ ေနာက္ဆံုးသတင္းကေတာ့ Dedrick D.Williams ဆိုတဲ့သူကို ဖမ္းဆီးျပီး လူသတ္မႈနဲ႔ တရားစြဲဆိုထားခဲ့သလို တျခားလူတစ္ေယာက္ကုိလည္း သံသယရွိမႈနဲ႔ စြဲဆိုထားျပီး ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : people.com
[Unicode]

YouTube မှာ Trending No.1 ဖြစ်နေတဲ့ Rapper XXXTentacion ရဲ့ ‘SAD!’ သီချင်းဗီဒီယို

Rapper XXXTentacion တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ၁၀ ရက်အကြာမှာ သူ့ရဲ့ ‘SAD!’ Music Video က ထွက်ရှိလာခဲ့ပါပြီ။ ဒီ ဗီဒီယိုကို ကြာသပတေးနေ့ မနက်က စတင်ထုတ်လွှင့်ခဲ့ပြီး ထွက်ရှိပြီး ၁၆နာရီအတွင်းမှာ ကြည့်ရှုမှု ၂၄ သန်းကျော်နဲ့ YouTube မှာ Trending No.1 ဖြစ်နေပါတယ်။

XXXTentacion

XXXTentacion

XXXTentaction ရဲ့ ‘SAD!’ သီချင်းဟာ သူ့ရဲ့သေဆုံးမှုကို အကြောင်းပြုပြီး စိတ်ဝင်စားမှုမြင့်တက်လာတဲ့အတွက် Billboard Hot 100 မှာ နံပါတ် ၅၂ နေရာကနေ နံပါတ် ၁ နေရာကို ချက်ချင်းရောက်ရှိလာခဲ့ပါတယ်။

Video ကို ရိုက်ပြထားပုံကလည်း လုံးဝအလွင့်ကြီးဖြစ်ပြီး XXXTentacion ဟာ သူ့ရဲ့ဈာပနကို တက်ရောက်လာပုံနဲ့ စဖွင့်ပါတယ်။ ပြီးတော့ အခေါင်းထဲက သူ့ရုပ်အလောင်းကို ကြည့်နေစဉ်မှာပဲ သူ့ရဲ့ ရုပ်အလောင်းက နိုးထလာပြီး သူနဲ့ ပြန်လည်သတ်ပုတ်ကြတာကို ရိုက်ကူးထားတာပါ။ ဒီဘဲ မြန်မာလူမျိုးသာ ဖြစ်လို့ကတော့ နမိတ်တွေ ပြနေတာလို့ ဝိုင်းပြောကြနိုင်ပါတယ်။

ဒီ Music Video ဟာ XXXTentacion အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဖလော်ရီဒါမှာ ပြုလုပ်ပြီး နောက်တစ်ရက်မှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။ New York Times ရဲ့ သတင်းအရတော့ XXXTentacion ရဲ့ အခေါင်းကို ဖွင့်ထားပြီး လာရောက်နှုတ်ဆက်ကြတဲ့အခါမှာ XXXTentacion ကို အနက်ရောင်အခေါင်းထဲမှာ အပြာရောင်ဂျင်းဂျက်ကက်ကို ဆင်ယင်ပေးထားပါတယ်။

Memorial Service

Memorial Service

XXXTentacion's Memorial Service

XXXTentacion’s Memorial Service

XXXTentacion's Memorial Service

XXXTentacion’s Memorial Service

XXXTentacion ရဲ့အမှုအတွက် နောက်ဆုံးသတင်းကတော့ Dedrick D.Williams ဆိုတဲ့သူကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားခဲ့သလို တခြားလူတစ်ယောက်ကိုလည်း သံသယရှိမှုနဲ့ စွဲဆိုထားပြီး ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : people.com