[Zawgyi] 

သတင္းေၾကညာတဲ့အလုပ္ဆိုတာ လြယ္တယ္လို႔ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ ခက္ခဲပါတယ္။ အမွားမပါဖို႔၊ အခ်ိန္အၾကာႀကီး ေျပာႏိုင္ဖို႔နဲ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာႏိုင္ဖို႔ဆိုတာ တကယ္ကို ပင္ပန္းတဲ့အလုပ္ပါ။ အဲ့ဒီလို ပင္ပန္းၿပီး ခက္ခဲတဲ့ အလုပ္ေနရာအတြက္ လူအစားထိုး AI သတင္းေၾကညာသူကို သံုးဖို႔ တ႐ုတ္ျပည္က ရွင္ဟြာ (Xinhua) သတင္းဌာနက စီစဥ္လိုက္ပါၿပီ။ 

Xinhua News Agency

Artificial Intelligence News Anchor လို႔ေခၚတဲ့ AI သတင္းေၾကညာသူကို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ပရိသတ္ကိို ထုတ္ျပခဲ့ပါတယ္။ “Hello, you are watching English news program. I am AI news anchor in Beijing” ဆိုၿပီး English ပိုင္း အစီအစဥ္ထုတ္လႊင့္မႈအစီအစဥ္မွာ ေျပာသြားခဲ့ပါတယ္။ ဒီ Virtual သတင္းေၾကညာသူက ကမၻာ့ပထမဦးဆံုးျဖစ္တယ္လို႔ Xinhua ကဆိုပါတယ္။ 

ဒီ AI သတင္းေၾကညာသူကိုေတာ့ Xinhua နဲ႔ တ႐ုတ္ Search Engine Company ျဖစ္တဲ့ Sogou တို႔ ပူးေပါင္းၿပီး ဖန္တီးထားတာျဖစ္ပါတယ္။ လူတစ္ေယာေျပာေနတဲ့ ေလသံအတိုင္းအနီးစပ္ဆံုးျဖစ္ေအာင္ ဖန္တီးထားၿပီး မ်က္ႏွာအမူအရာေတြနဲ႔ ကိုယ္အမူအရာေတြပါ သဘာဝက်ေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။ အခုေတြ႕ရတဲ့ ဝတ္စံုျပည့္နဲ႔ English သတင္းေၾကညာသူကေတာ့ လူအစစ္ Xinhua သတင္းေၾကညာသူ Zhang Zhao ကိုပဲ Model ယူထားတာပါ။ 

Xinhua ရဲ႕ေၾကညာခ်က္အရေတာ့ AI က တျခား လူအစစ္ေတြေျပာထားတဲ့ Live သတင္း အစီအစဥ္ေတြကိုၾကည့္ၿပီး ေလ့လာႏိုင္သလို စာေတြကိုလည္း ကၽြမ္းက်င္တဲ့ ဝါရင့္သတင္းေၾကညာသူတစ္ေယာက္လို ေကာင္းေကာင္းဖတ္ျပႏိုင္တယ္လို႔ သိရပါတယ္။ အခုလို AI ကိုသံုးလိုက္တာေၾကာင့္ Webiste နဲ႔ Social Media Platform ေတြအတြက္ သတင္းထုတ္လႊင့္မႈအပိုင္းမွာ အကုအက်သက္သာသြားမွာျဖစ္သလို အရည္အေသြးပိုင္းမထိေရာက္တိုးတက္မႈလည္း ပိုမ်ားလာမွာပါ။ ေနာက္ပိုင္းမွာေတာ့ သတင္းေၾကညာတဲ့အလုပ္ဆိုတာ လူေတြအတြက္ျဖစ္ႏိုင္ပါဦးမလားဆိုတာ စဥ္းစားစရာပါပဲ။ 

Ref: Engadget | CNN 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

သတင်းကြေညာဖို့အတွက် လူအစား AI တွေကို အစားထိုးလိုက်တဲ့ ရှင်ဟွာသတင်းဌာန

သတင်းကြေညာတဲ့အလုပ်ဆိုတာ လွယ်တယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ ခက်ခဲပါတယ်။ အမှားမပါဖို့၊ အချိန်အကြာကြီး ပြောနိုင်ဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်ဖို့ဆိုတာ တကယ်ကို ပင်ပန်းတဲ့အလုပ်ပါ။ အဲ့ဒီလို ပင်ပန်းပြီး ခက်ခဲတဲ့ အလုပ်နေရာအတွက် လူအစားထိုး AI သတင်းကြေညာသူကို သုံးဖို့ တရုတ်ပြည်က ရှင်ဟွာ (Xinhua) သတင်းဌာနက စီစဉ်လိုက်ပါပြီ။ 

Xinhua News Agency

Artificial Intelligence News Anchor လို့ခေါ်တဲ့ AI သတင်းကြေညာသူကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပရိသတ်ကို ထုတ်ပြခဲ့ပါတယ်။ “Hello, you are watching English news program. I am AI news anchor in Beijing” ဆိုပြီး English ပိုင်း အစီအစဉ်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။ ဒီ Virtual သတင်းကြေညာသူက ကမ္ဘာ့ပထမဦးဆုံးဖြစ်တယ်လို့ Xinhua ကဆိုပါတယ်။ 

ဒီ AI သတင်းကြေညာသူကိုတော့ Xinhua နဲ့ တရုတ် Search Engine Company ဖြစ်တဲ့ Sogou တို့ ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်ပါတယ်။ လူတစ်ယောပြောနေတဲ့ လေသံအတိုင်းအနီးစပ်ဆုံးဖြစ်အောင် ဖန်တီးထားပြီး မျက်နှာအမူအရာတွေနဲ့ ကိုယ်အမူအရာတွေပါ သဘာဝကျအောင် ဖန်တီးထားတာဖြစ်ပါတယ်။ အခုတွေ့ရတဲ့ ဝတ်စုံပြည့်နဲ့ English သတင်းကြေညာသူကတော့ လူအစစ် Xinhua သတင်းကြေညာသူ Zhang Zhao ကိုပဲ Model ယူထားတာပါ။ 

Xinhua ရဲ့ကြေညာချက်အရတော့ AI က တခြား လူအစစ်တွေပြောထားတဲ့ Live သတင်း အစီအစဉ်တွေကိုကြည့်ပြီး လေ့လာနိုင်သလို စာတွေကိုလည်း ကျွမ်းကျင်တဲ့ ဝါရင့်သတင်းကြေညာသူတစ်ယောက်လို ကောင်းကောင်းဖတ်ပြနိုင်တယ်လို့ သိရပါတယ်။ အခုလို AI ကိုသုံးလိုက်တာကြောင့် Webiste နဲ့ Social Media Platform တွေအတွက် သတင်းထုတ်လွှင့်မှုအပိုင်းမှာ အကုအကျသက်သာသွားမှာဖြစ်သလို အရည်အသွေးပိုင်းမထိရောက်တိုးတက်မှုလည်း ပိုများလာမှာပါ။ နောက်ပိုင်းမှာတော့ သတင်းကြေညာတဲ့အလုပ်ဆိုတာ လူတွေအတွက်ဖြစ်နိုင်ပါဦးမလားဆိုတာ စဉ်းစားစရာပါပဲ။ 

Ref: Engadget | CNN 

Min Than Htike (Akhayar)

www.akhayar.com