Xiaomi ရဲ႕ Original Mi Max ဟာ ကုမၸဏီအတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခု ရရွိေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ထုတ္လုပ္ခဲ့တဲ့ ဖုန္းကုိ ဆက္ခံတဲ့ဖုန္းသစ္တစ္မ်ိဳးကုိ ဒီတစ္ေခါက္မွာ Xiaomi ဟာ Bezel-less မ်က္ႏွာျပင္လုိ ပံုစံမ်ိဳးနဲ႔ ထပ္မံ ထုတ္လုပ္ခဲ့ပါတယ္။

Mi Max 2 ကုိ ေဘဂ်ငး္မွာ ထုတ္ေဖာ္ျပသခဲ့ၿပီး လာမယ့္ ဇြန္လ ၁ရက္ေန႔ကစလုိ႔ တရုတ္ႏုိင္ငံမွာ ေဒၚလာ ၂၄၇နဲ႔ စတင္ေရာင္းခ်သြားမွာ ျဖစ္ေၾကာင္းလဲ သိရပါတယ္။

 

Xiaomi ရဲ႕ ေျပာၾကားခ်က္အရ Mi Max ဖုန္းဟာ အလံုးေရ သံုးသန္းေက်ာ္ေရာင္းခ်ခဲ့ရေၾကာင္း သိရၿပီးေတာ့ ဒုတိယေျမာက္ ဗားရွင္းမွာေတာ့ မ်ားျပားလွတဲ့ ဘက္ထရီပမာဏျဖစ္တဲ့ 5300mAh ဘက္ထရီပါဝင္ၿပီး တစ္ခါအားသြင္းၿပီးတာနဲ႔ ႏွစ္ရက္ေလာက္ထိ ဘက္ထရီက တာရွည္ခံမွာျဖစ္ေၾကာင္း ကုမၸဏီက ဆုိပါတယ္။ ေျပာၾကားခ်က္အရ ပစၥည္းဟာ တစ္နာရီၾကာအားသြင္းရင္ ၆၈ရာခုိင္ႏႈန္းေလာက္အထိ ဝင္သြားမွာ ျဖစ္ၿပီး ဒီပမာဏနဲ႔ ဗီဒီယိုၾကည့္ခ်ိန္ ၁၈နာရီ၊ Call Time ခ်ည္းပဲဆုိ ၅၇နာရီေလာက္ အသံုးျပဳႏုိင္တယ္လုိ႔ ဆုိပါတယ္။

Mi Max 2 ဟာ Unibody Metal ဒီဇုိင္းနဲ႔ ထြက္လာတာျဖစ္ၿပီး ပထမေမာ္ဒယ္အတုိင္း မ်က္ႏွာျပင္အက်ယ္ ၆.၄၄လက္မအရြယ္အစားနဲ႔ 4GB RAM, 64GB ဒါမွမဟုတ္ 128GB Storage ေတြပါဝင္ၿပီး Storage ပုိမ်ားတဲ့ ေမာ္ဒယ္ဟာ ေဒၚလာ ၂၉၀သာ က်သင့္မွာပါ။ ပစၥည္းဟာ 12MP ေက်ာဘက္ကင္မရာ၊ 5MP ေရွ႕မ်က္ႏွာကင္မရာ၊ Stereo စပီကာနဲ႔ Fingerprint ဆင္ဆာေတြ ပါဝင္ပါတယ္။ Processor အေနနဲ႔ 2.0 GHz Qualcomm Snapdragon 625 chipset ကုိ ထည့္သြင္းထားပါတယ္။

Software ပုိင္းမွာဆုိရင္ MI UI ကုိ One-handed mode ပါဝင္တဲ့ အပုိင္းေတာ့ပါဝင္လာေပမယ့္ မၾကာခင္မွာေတာ့ multi-tasking option ပါဝင္တဲ့ Split screen ဗားရွင္းကုိ ထုတ္လုပ္ေပးဖုိ႔ စီစဥ္ေနေၾကာင္းသိရပါတယ္။

ႏုိင္ငံတကာကုိ ထုတ္လုပ္မယ့္ရက္ကုိေတာ့ မေျပာၾကားေသးပဲ ပထမဆံုး Mi Max ရဲ႕ ေက်ာ္ၾကားမႈေၾကာင့္ တရုတ္ႏုိင္ငံျပင္ပက ေရာင္းခ်မႈမွာ အာရုံစုိက္လုပ္ေဆာင္ဖုိ႔ ရွိၿပီး ဗားရွင္းအသစ္နဲ႔ ထုတ္လုပ္ဖုိ႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

Joker (Akhayar)

Ref: TechCrunch

===============

 

Xiaomi ရဲ့ Bezel-less Mi Max စမတ်ဖုန်းမှာ နှစ်ရက်လောက်အသုံးခံတဲ့ ဘက်ထရီပါဝင်မယ်

Xiaomi ရဲ့ Original Mi Max ဟာ ကုမ္ပဏီအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ ဖုန်းကို ဆက်ခံတဲ့ဖုန်းသစ်တစ်မျိုးကို ဒီတစ်ခေါက်မှာ Xiaomi ဟာ Bezel-less မျက်နှာပြင်လို ပုံစံမျိုးနဲ့ ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။

Mi Max 2 ကို ဘေဂျင်းမှာ ထုတ်ဖော်ပြသခဲ့ပြီး လာမယ့် ဇွန်လ ၁ရက်နေ့ကစလို့ တရုတ်နိုင်ငံမှာ ဒေါ်လာ ၂၄၇နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။

 

Xiaomi ရဲ့ ပြောကြားချက်အရ Mi Max ဖုန်းဟာ အလုံးရေ သုံးသန်းကျော်ရောင်းချခဲ့ရကြောင်း သိရပြီးတော့ ဒုတိယမြောက် ဗားရှင်းမှာတော့ များပြားလှတဲ့ ဘက်ထရီပမာဏဖြစ်တဲ့ 5300mAh ဘက်ထရီပါဝင်ပြီး တစ်ခါအားသွင်းပြီးတာနဲ့ နှစ်ရက်လောက်ထိ ဘက်ထရီက တာရှည်ခံမှာဖြစ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ ပြောကြားချက်အရ ပစ္စည်းဟာ တစ်နာရီကြာအားသွင်းရင် ၆၈ရာခိုင်နှုန်းလောက်အထိ ဝင်သွားမှာ ဖြစ်ပြီး ဒီပမာဏနဲ့ ဗီဒီယိုကြည့်ချိန် ၁၈နာရီ၊ Call Time ချည်းပဲဆို ၅၇နာရီလောက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

Mi Max 2 ဟာ Unibody Metal ဒီဇိုင်းနဲ့ ထွက်လာတာဖြစ်ပြီး ပထမမော်ဒယ်အတိုင်း မျက်နှာပြင်အကျယ် ၆.၄၄လက်မအရွယ်အစားနဲ့ 4GB RAM, 64GB ဒါမှမဟုတ် 128GB Storage တွေပါဝင်ပြီး Storage ပိုများတဲ့ မော်ဒယ်ဟာ ဒေါ်လာ ၂၉၀သာ ကျသင့်မှာပါ။ ပစ္စည်းဟာ 12MP ကျောဘက်ကင်မရာ၊ 5MP ရှေ့မျက်နှာကင်မရာ၊ Stereo စပီကာနဲ့ Fingerprint ဆင်ဆာတွေ ပါဝင်ပါတယ်။ Processor အနေနဲ့ 2.0 GHz Qualcomm Snapdragon 625 chipset ကို ထည့်သွင်းထားပါတယ်။

Software ပိုင်းမှာဆိုရင် MI UI ကို One-handed mode ပါဝင်တဲ့ အပိုင်းတော့ပါဝင်လာပေမယ့် မကြာခင်မှာတော့ multi-tasking option ပါဝင်တဲ့ Split screen ဗားရှင်းကို ထုတ်လုပ်ပေးဖို့ စီစဉ်နေကြောင်းသိရပါတယ်။

နိုင်ငံတကာကို ထုတ်လုပ်မယ့်ရက်ကိုတော့ မပြောကြားသေးပဲ ပထမဆုံး Mi Max ရဲ့ ကျော်ကြားမှုကြောင့် တရုတ်နိုင်ငံပြင်ပက ရောင်းချမှုမှာ အာရုံစိုက်လုပ်ဆောင်ဖို့ ရှိပြီး ဗားရှင်းအသစ်နဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Ref: TechCrunch