Xiaomi ဟာ မကြာခင်မှာ Mi Note 2 ကို အရောင်အသစ်နဲ့  ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။  Mi Note 2 ကိုပြီးခဲ့တဲ့ နှစ်အောက်တိုဘာမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ အရောင်တွေကတော့ Black ၊ Silver ၊ Gold တို့ပဲဖြစ်ပါတယ်။Weibo User တစ်ယောက်ဖြစ်တဲ့ @Zheng Shaoyou Janice ဟာ အသစ်ထုတ်လုပ်မယ့် Cherry Pink Version ပုံကို Mydrivers.com မှာတင်ခဲ့ပါတယ်။

အခရာပရိတ်သတ်တွေထဲက Xiaomi ချစ်သူတွေအတွက် Mi Note 2 ရဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Xiaomi Mi Note 2 ဟာ Dual-Sim အမျိုးအစားဖြစ်ပြီး မျက်နှာပြင်အကျယ်အ၀န်းကတော့  ၅.၇လက်မ ဖြစ်ပါတယ်။ Display ပုံစံကတော့ AMOLED Capacitive Touchscreen ၊ 16M Colours ပါ။ ရုပ်သံတွေကို ကြည်လင်ပြတ်သားစွာကြည့်နိုင်တဲ့ စွမ်းရည်ကတော့ 1080×1920 ရှိပြီး Pixels သိပ်သည်းဆပမာဏကတော့ 386ppi ဖြစ်ပါတယ်။ လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပြီး MIUI ကတော့ 8.0 ပါ။

Android Version ကတော့ 6.0 ဖြစ်ပြီး သုံးထားတဲ့ Chipset ကတော့ Qualcomm MSM8996 Snapdragon 821 ဖြစ်ပါတယ်။ CPU ကို Quad-Core ( 2×2.35 GHz Kyro & 2×1.6 GHz Kyro ) သုံးထားတာကြောင့် အသုံးပြုတဲ့အခါ မြန်ဆန်တဲ့ အထိအတွေ့ကို ခံစားစေမှာပါ။ GPU ကိုတော့ Adreno 530 သုံးထားပါတယ်။ Ram 4GB ၊ Internal Memory 64GB နဲ့ Ram 6GB ၊ Internal Memory 128GB ဆိုပြီး နှစ်မျိုးထွက်ပါတယ်။ ဒီဖုန်းမှာတော့ မှာတ်ဥာဏ်ကို ထပ်တိုးအသုံးပြုလို့မရပါဘူး။ နောက်ဘက်ကင်မရာ 22.5MP ရှိပြီး ရှေ့ဘက်ကင်မရာ 8MP ရှိတဲ့အပြင် Geo-Tagging နဲ့ ½.6’’ Sensor Size တို့ပါဝင်ပါသေးတယ်။ ဗီဒီယို ရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့ 1080p ဖြစ်ပြီး တစ်စက္ကန့်မှ ဖရိန်၃၀ ရိုက်ကူးနိုင်ပါတယ်။

Cherry Pink Version သာတစ်ကယ်ထွက်ရှိမယ်ဆိုရင်တော့ ဈေးနှုန်းအနေနဲ့ Ram 4GB အတွက် ဒေါ်လာ ၄၁၅ ဖြစ်ပြီး Ram 6GB အတွက် ဒေါ်လာ ၅၁၆ ဖြစ်တယ်လို့သိရပါတယ်။

Jan ( Akhayar)

Ref : ibtimes