Xiaomi Mi 6 ရဲ့ ပုံရိပ်တစ်ချို့ အွန်လိုင်းပေါ်ပေါက်ကြားခဲ့တယ်လို့သိရပါတယ်။ အသစ်ထွက်မယ့် Mi 6 ရဲ့ ကြည်လင်ပြတ်သားတဲ့ ဒီဇိုင်းကို အခရာပရိတ်သတ်တွေအတွက် akhayar.comမှ ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် အွန်လိုင်းမှာပေါက်ကြားတဲ့ ပုံရိပ်ဆိုတော့ မှန်မမှန်အတိအကျ မသိတာကြောင့် ဘာမှ မျှော်လင့်ထားလို့မရသေးပါဘူး။ တကယ်လို့သာ ဒီပုံရိပ်နဲ့ Specification တွေသာ အမှန်အတိုင်းဖြစ်မယ်ဆိုရင်တော့ Mi ချစ်သူတွေ အကြိုက်တွေ့မယ့် ဒီဇိုင်းပဲ ဖြစ်ပါတယ်။

Mi 6 ဟာ လှပ သေသပ်ပြီး နှစ်ကဒ် သုံးနိုင်တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖန်သားပြင် ဟာကွေးညွတ်တဲ့ဒီဇိုင်းရှိပြီး IPS LCD Capacitive Touchscreen ၊ 16M Colours အမျိုးအစားဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ ၅.၂လက်မရှိပြီး ရုပ်ပုံတွေ ကိုကြည်လင်ပြတ်သားစွာ ကြည့်နိုင်တဲ့စွမ်းရည်ကတော့ 4096×2190 Pixels ရှိမယ်မျှော်မှန်းထားကြောင်းသိရပါတယ်။ တစ်လက်မမှာပါဝင်တဲ့ Pixel သိပ်သည်းဆကတော့ 700ppi ဖြစ်ပါတယ်။ ဒီသိပ်သည်းဆကိုတော့ တခြား စမတ်ဖုန်းတွေမှာ မတွေ့ရသေးပါဘူး။လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပြီး ဖန်သားပြင်ကို Corning Gorilla Glass 4 နဲ့ ကာကွယ်ပေးထားပါတယ်။ Mi ဖုန်းတွေမှာပါတဲ့ MIUI Version ကတော့ 8.0 ဖြစ်ပြီးတော့ 3D Touch Display စနစ်ပါဝင်ပါတယ်။

Android Version ကတော့ 6.0 Marshmallow အမျိုးအစားဖြစ်ပြီး သုံးထားတဲ့ Chipset ကတော့ Qualcomm MSM8998 Snapdragon 835 ဖြစ်ပါတယ်။ ကောလဟလ တွေအရကတော့ အစပိုင်းမှာ Snapdragon 821 ကို အသုံးပြုမယ်ကြေငြာပြီးနောက်မှာမှ Snapdrgaon 835 ပြန်ပြောင်းသုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။  CPU အနေနဲ့ Octa-Core ( 4×2.45GHz Kyro & 4×1.9GHz Kyro) အသုံးပြုထားတာကြောင့်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကိုမြန်ဆန်စေမှာပါ။ GPU ကတော့ Adreno 540 သုံးထားပါတယ်။ Internal Memory ကတော့ နှစ်မျိုးထွက်လာမှာဖြစ်ပါတယ်။RAM 6GB နဲ့ Internal Memory 32GB ၊ 64GB ၊ 128GB ထွက်လာမယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။  နောက်ဘက်ကင်မရာကတော့ 23MP ရှိပြီး focus 1.8 ရှိပါတယ်။ Sensor Size ½.3” ရှိပြီး Geo-Tagging ၊ Touch Focus ၊ Face /Smile Detection စတဲ့ Features တွေပါဝင်ပါတယ်။

ဗီဒီယိုရိုက်ကူးနိုင်တဲ့ စွမ်းရည်ကတော့ 2160p ရှိပြီး တစ်စက္ကန့်မှာ ဖရိန်ပေါင်း၃၀ ရိုက်ကူးနိုင်ပါတယ်။ 1080P ဆိုရင်တော့ တစ်စက္ကန့်မှာ ဖရိန်၁၂၀ ထိရိုက်ကူးနိုင်ပါတယ်။ ဒါတွေကတော့ Internal Memory ပေါ်မူတည်ပြီး နှစ်မျိုးနှစ်စား ထွက်လာမှာပါ။ ရှေ့ဘက်ကင်မရာ 7MP ရှိပြီး focus 2.0 ရှိကာ Sensor Size ကတော့ 1/3” ဖြစ်ပြီး ပုံရိပ်ကြည်လင်ပြတ်သားမှု စွမ်းရည်ကတော့ 1080P ရှိတယ်လို့သိရပါတယ်။ USB ကတော့ Type C 1.0 Reversible Connector ဖြစ်ပါတယ်။ Finger Print Sensor ပါဝင်ပြီး အသုံးပြုထားတဲ့ Battery ကတော့ Li-Po 4000mAh  ဖြစ်ပါတယ်။ ၁၀နာရီကြာစကားပြောနိုင်ပြီး Stand-By အနေနဲ့ဆိုရင်တော့ ၁၂နာရီအထားခံပါတယ်။စတင်ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းအတိအကျကိုတော့သိရခြင်းမရှိသေးပါဘူး။

Jan ( Akhayar )

Ref : xiaomimi6phone.com