ဘယ်သူတွေ ဘာဖုန်းထုတ်ထုတ်၊ ဘယ်လို Marketing Campaign တွေနဲ့ သူ့ထက်ငါသာအောင် အပြိုင်ထုတ်နေချိန် Xiaomi ကတော့ အေးအေးလူးလူးနဲ့ ဒေါ်လာ ၃၀၀ ပေး ဖုန်းတလုံးယူ ပုံစံနဲ့ ရောင်းချပါတော့မယ်။ သွားရင်းလာရင်း အမောပြေ အအေးဝယ်သောက်သလို Shopping ထွက်ရင်း ဒီဖုန်းလိုချင်တယ်ဆိုရင် ဘာဆိုင်မှ သွားနေစရာမလိုဘဲ Vending Machine ကနေ ဝယ်ယူနိုင်မယ့် Xiaomi အိုင်ဒီယာက ကောင်းတယ်လို့ပဲပြောရမလား?

India Flagship Store (Photo: Xiaomi)

ဒီအစီစဉ်ကို အိန္ဒိယမှာဖွင့်လှစ်လိုက်တဲ့ Xiaomi Flagship အရောင်းဆိုင်မှာ အကောင်ထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ ကြားလူမလို၊ ဖုန်းကို ဒါရိုက်ဝယ်ယူနိုင်ဖို့ Plan ဆွဲထားတာဖြစ်ပြိး တနိုင်ငံလုံးမှာရှိတဲ့ Public Place နေရာတွေမှာ ထားရှိသွားဦးမယ်လို့ ပြောဆိုထားပါတယ်။

Photo: Your Story

ဒါဆိုရင် ပန်းခြံ၊ ဘူတာရုံ၊ လေဆိပ်နဲ့ Shopping Center ကြီးတွေမှာ Xiaomi Vending Machine တွေ မြင်တေတွ့လာရမှာဖြစ်ပြီး Customer တွေအနေနဲ့ Credit Card ၊ Debit Card ၊ ငွေသားနဲ့ UPI စနစ်တွေနဲ့ ငွေချေဝယ်ယူနိုင်မယ်လို့ ဆိုထားပါတယ်။

Photo (The Ideal Mobile)

Xiaomi အနေနဲ့ အိန္ဒိယစာမျက်နှာမှာ ရောင်းအားအကောင်းဆုံး Brand ဖြစ်နေတော့လည်း အခုလို ဒါနအင်အား တောင့်တောင်းတင်းတင်းနဲ့ Mi Express Kiosks သို့ Vending Machine လုပ်ပေးတာ ကျေးဇူးတင်ရမှာပါ။ Mi Website နဲ့ Retail Store တွေမှာ တကူးတက ဝယ်စရာမလို၊ အကုန်ကျလည်းပိုသက်သာတဲ့အပြင် အရောင်းဝန်ထမ်း သပ်သပ်ခန့်ထားစရာ မလိုပါဘူး။

ဒီအားသာချက်တွေကြောင့် အိန္ဒယိတခွင် Vending Machine တွေ ပိုကျယ်ပြန့်လာဦးမယ်ထင်ပါတယ်။ ဒါနဲ့စကားမစပ် မြန်မာနိုင်ငံမှာလည်း Mi Express Kiosks လာထားပေးမယ်ဆိုရင် ဘယ်လိုမြင်လဲ ပရိသတ်ကြီး?

Source: GSMArena
2B (Akhayar)
www.akhayar.com