အားလုံးပဲသိကြမှာပါ၊ Xiaomi နဲ့ Redmi ဖုန်းတွေရဲ့အဓိကအောင်မြင်တဲ့အချက်တွေထဲက တစ်ခုက သက်ဆိုင်ရာဖုန်းတွေရဲ့ မော်ဒယ်အလိုက် MIUI Software Update ကို ၅နှစ်အထိ အထောက်အပံ့လုပ်ပေးနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် အဲ့ဒီအစဉ်အလာဟာ အခုတော့အဆုံးသတ်သွားပါပြီ။ Company အနေနဲ့ Redmi စမတ်ဖုန်းအမျိုးအစား ၇ မျိုးကို MIUI Version Update ပေးတာတွေရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ကြေညာလိုက်ပါပြီ။
အဲ့ဒီဖုန်းတွေကတော့

Xiaomi Redmi Note 4
Xiaomi Redmi 3S
Xiaomi Redmi 3X
Xiaomi Redmi 4
Xiaomi Redmi 4A
Xiaomi Redmi Note 3
Xiaomi Redmi Pro တို့ပဲဖြစ်ပါတယ်။

Software Support ရပ်ဆိုင်းလိုက်တာကြောင့် အဲ့ဒီ ဖုန်း ၇ မျိုးဟာ MIUI 11 နဲ့ Global Beta ROM တွေရရှိနိုင်မှာမဟုတ်တော့ဘူးဆိုတဲ့သဘောမျိုးပေါ်လွင်နေပါတယ်။ Mi Community ရဲ့ Admin ကတော့ ဒီကြေညာချက်ဟာ တခြား ဖုန်းတွေနဲ့တော့သက်ဆိုင်မှာမဟုတ်သေးဘူးလို့ဆိုပါတယ်။ ရပ်ဆိုင်းလိုက်တဲ့ ဖုန်း ၇ မျိုးဟာ MIUI Update မရပေမယ့် Security Update တွေကိုတော့ရရှိနိုင်ဦးမယ်လို့ဆိုပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ MIUI 11မှာ ကြော်ငြာတွေလျှော့ချမယ့်အစီအစဉ်ထဲ ပါမလာတော့တာမလို့ လက်ရှိဖုန်း Setting ထဲမှာ ကြော်ငြာတွေအများကြီးပါနေမယ့် MIUI 10 နဲ့ပဲအဆုံးသတ်ရတော့မှာပဲဖြစ်ပါတယ်။

Ref; GSMArena
SiD (Akhayar)
www.akhayar.com