Xiaomi ဟာ ထုတ်ကုန်သစ်တစ်မျိုးကို CES 1017 ပွဲကြီးမှာ ထုတ်ဖော်လိုက်ပါတယ်။ Mi TV 4 ဆိုပြီး အမည်ပေးထားတဲ့ အပါးလွန် (Ultra-thin) Modular TV ပဲ ဖြစ်ပါတယ်။ CES 2017 ဟာ TV နှစ်လို့ ပြောနိုင်လောက်အောင် TV အမိုက်စားတွေကို ထုတ်ဖော်နေတာဖြစ်ပြီး Xiaomi Mi TV 4 ဟာ ပြိုင်ဘက်ကင်းဒီဇိုင်းနဲ့ လုပ်ဆောင်ချက်နှစ်မျိုးလုံးကို ပြည့်စုံတဲ့ TV တစ်မျိုးပဲ ဖြစ်ပါတယ်။

Xiaomi Mi TV 4 ဟာ Xiaomi ဒုဥက္ကဌ Hugo Barra ရဲ့ ပြောကြားချက်အဗရ လက်ရှိမှာ အပါးလွှာဆုံး TV ဖြစ်ပြီး အထူ ၄.၉မီလီသာရှိပါတယ်။ Bara ရဲ့ ပြောကြားချက်အရ Mi TV 4 ဟာ iPhone 7 ထက် ၃၀ရာခိုင်နှုန်း ပိုမိုပါးလွှာပြီး Mi Mix ထက် ၃၇ရာခိုင်နှုန်း ပိုမိုပါးလွှာကြောင်း သိရပါတယ်။ Frame မပါဝင်တဲ့ မျက်နှာပြင်အကျယ်ကတော့ ၄၉လက်မ၊ ၅၅လက်မနဲ့ ၆၅လက်မဆိုပြီး သုံးမျိုးရှိမှာပါ။

Xiaomi Mi TV 4 ဟာ ရိုးရှင်းတဲ့ Ultra Thin TV ဖြစ်ပြီး အထဲမှာ နှစ်မျိုးခွဲထားတာဖြစ်ပါတယ်။ ပထမပါဝင်တဲ့ Ultra Thin panel တစ်လွှာနဲ့ ဒုတိယတစ်လွှာမှာတော့ မျက်နှာပြင်အောက်မှာ ဘားတွေပါဝင်တဲ့ TV တွင်း အစိတ်အပိုင်းတွေကိုထည့်သွင်းထာတာဖြစ်ပါတယ်။ ဒီအလွှာနှစ်ခုကို ကေဘယ်လ်ကြိုးတစ်ချောင်းတည်းနဲ့ ဆက်သွယ်ပေးမှာပါ။

ဒါကြောင့် Modular ဆိုတဲ့အတိုင်း Mi TV 4 အသုံးပြုသူတွေဟာ ကိုယ့် TV အတွက် အစိတ်အပိုင်းသစ် တစ်ရပ်ကို ထည့်သွင်းပြီး Upgrade လုပ်လိုတာနဲ့ ဖြုတ်တပ်ပြီး လဲလိုက်ရုံသာဖြစ်ပြီး မူရင်းဈေးထက် ၂၀ရာခိုင်နှုန်းခန့်သာ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Xiaomi ဟာ Android OS စနစ်ကို အသုံးပြုထားတာဖြစ်ပြီး Dolby Atmos ရဲ့ အသံစနစ်ကို ထောက်ပံ့ထားတာပါ။ အသုံးပြုသူဟာ TV ကနေ 3D ပုံစံအသံ၊ ရုပ်ထွက်ကို ခံစားရစေနိုင်မှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Mi TV 4 ဟာ ဈေးနှုန်းအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပဲ Barra ရဲ့ ပြောကြားချက်အရ ၆၅လက်မမော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၂၀၀၀၊ နဲ့ အဆိုပါဗားရှင်းအတိုင်း Dolby Atmos အသံစနစ်မပါခဲ့ရင် ဒေါ်လာ ၁၅၀၀အောက်ရှိနိုင်ကြောင်း သိရပါတယ်။

Ref: Tech Times