Xiaomi ကေန ျပီးခဲ့တဲ့လပိုင္းေလာက္က Mi Mix Series စမတ္ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ လံုးဝ Full Screen Slider Display နဲ႔ Mi Mix 3 စမတ္ဖုန္းကို မိတ္ဆက္သြားခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက မိတ္ဆက္ခဲ့တဲ့ Xiaomi Mi Mix 3 ဟာ Qualcomm Snapdragon 845 Processor ကိုပဲ အသံုးျပဳသြားခဲ့တာပါ။

Mi Mix 3 5G

အခုအခ်ိန္မွာေတာ့ Xiaomi ကေန China Mobile Global Partner Conference မွာ Mi Mix 3 ကို Qualcomm က မၾကာေသးခင္ကမွ မိတ္ဆက္ထားခဲ့တဲ့ Snapdragon 855 Processor နဲ႔ျပသသြားခဲ့ပါတယ္။ အခု Snapdragon 855 နဲ႔ Mi Mix 3 ဟာ Qualcomm ရဲ႕ X50 Modem ကို အသံုးျပဳထားတဲ့အတြက္ 5G ကိုပါ Support ျပဳလုပ္လာမွာျဖစ္ျပီးေတာ့ Download Speed အေနနဲ႔ 2Gbps အထိ ရရွိလာမွာျဖစ္ပါတယ္။

အခုလုိမ်ိဳး Xiaomi ကေန Snapdragon 855 နဲ႔ Mi Mix 3 ကို ျပသသြားခဲ့တဲ့အတြက္ ေနာက္ႏွစ္ထဲမွာ အေစာဆံုးေရာင္းခ်မယ့္ 5G စမတ္ဖုန္းဟာ Samsung Galaxy S10 နဲ႔ OnePlus 7 မဟုတ္ေတာ့ဘဲ Xiaomi Mi Mix 3 5G Version ျဖစ္လာႏုိင္ပါတယ္။ ဒီ Mi Mix 3 5G Version ဟာ တျခားေသာ ဖုန္းဒီဇုိင္းနဲ႔ Specification ပိုင္းမွာေတာ့ လက္ရွိေရာင္းခ်ေနတဲ့ Mi Mix 3 နဲ႔ ကြာျခားမွာမဟုတ္ဘဲ Processor ပိုင္းနဲ႔ 5G Support ျပဳလုပ္တာပဲ ကြာျခားသြားမွာပါ။

Xiaomi ဟာ အခုလုိမ်ိဳး 5G စမတ္ဖုနး္ေတြကို ထုတ္လုပ္ဖုိ႔အတြက္ Qualcomm နဲ႔ အနီးကပ္ေဆာင္ရြက္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ Qualcomm ကေန ျပဳလုပ္ခဲ့တဲ့ Qualcomm Summit မွာေတာ့ Qualcomm က 5G နည္းပညာအေၾကာင္းကို Samsung နဲ႔ OnePlus ကုမၸဏီေတြနဲ႔ပဲ စင္ေပၚမွာျပသသြားခဲ့တာပါ။ Samsung က အဆိုပါ Qualcomm Summit မွာ 5G ရရွိတဲ့ Snapdragon 855 Processor သံုး Demo ဖုန္းေတြကိုပါ ျပသခဲ့တာျဖစ္ပါတယ္။

Mi Mix 3 5G

ဘာပဲျဖစ္ျဖစ္ Mi Mix 3 5G စမတ္ဖုန္းဟာ လာမယ့္ ၂၀၁၉ ခုႏွစ္အေစာပိုင္းမွာပဲ ေစ်းကြက္ထဲကို ဝင္ေရာက္လာႏုိင္ျပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ လက္ရွိ Snapdragon 845 နဲ႔ Mi Mix 3 ထက္ ဘယ္ေလာက္ကြာျခားမလဲဆုိတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref : Xiaomi Blog

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းလောက်က Mi Mix Series စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ လုံးဝ Full Screen Slider Display နဲ့ Mi Mix 3 စမတ်ဖုန်းကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Mi Mix 3 ဟာ Qualcomm Snapdragon 845 Processor ကိုပဲ အသုံးပြုသွားခဲ့တာပါ။

Mi Mix 3 5G

အခုအချိန်မှာတော့ Xiaomi ကနေ China Mobile Global Partner Conference မှာ Mi Mix 3 ကို Qualcomm က မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Snapdragon 855 Processor နဲ့ပြသသွားခဲ့ပါတယ်။ အခု Snapdragon 855 နဲ့ Mi Mix 3 ဟာ Qualcomm ရဲ့ X50 Modem ကို အသုံးပြုထားတဲ့အတွက် 5G ကိုပါ Support ပြုလုပ်လာမှာဖြစ်ပြီးတော့ Download Speed အနေနဲ့ 2Gbps အထိ ရရှိလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Xiaomi ကနေ Snapdragon 855 နဲ့ Mi Mix 3 ကို ပြသသွားခဲ့တဲ့အတွက် နောက်နှစ်ထဲမှာ အစောဆုံးရောင်းချမယ့် 5G စမတ်ဖုန်းဟာ Samsung Galaxy S10 နဲ့ OnePlus 7 မဟုတ်တော့ဘဲ Xiaomi Mi Mix 3 5G Version ဖြစ်လာနိုင်ပါတယ်။ ဒီ Mi Mix 3 5G Version ဟာ တခြားသော ဖုန်းဒီဇိုင်းနဲ့ Specification ပိုင်းမှာတော့ လက်ရှိရောင်းချနေတဲ့ Mi Mix 3 နဲ့ ကွာခြားမှာမဟုတ်ဘဲ Processor ပိုင်းနဲ့ 5G Support ပြုလုပ်တာပဲ ကွာခြားသွားမှာပါ။

Xiaomi ဟာ အခုလိုမျိုး 5G စမတ်ဖုနး်တွေကို ထုတ်လုပ်ဖို့အတွက် Qualcomm နဲ့ အနီးကပ်ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် Qualcomm ကနေ ပြုလုပ်ခဲ့တဲ့ Qualcomm Summit မှာတော့ Qualcomm က 5G နည်းပညာအကြောင်းကို Samsung နဲ့ OnePlus ကုမ္ပဏီတွေနဲ့ပဲ စင်ပေါ်မှာပြသသွားခဲ့တာပါ။ Samsung က အဆိုပါ Qualcomm Summit မှာ 5G ရရှိတဲ့ Snapdragon 855 Processor သုံး Demo ဖုန်းတွေကိုပါ ပြသခဲ့တာဖြစ်ပါတယ်။

Mi Mix 3 5G

ဘာပဲဖြစ်ဖြစ် Mi Mix 3 5G စမတ်ဖုန်းဟာ လာမယ့် ၂၀၁၉ ခုနှစ်အစောပိုင်းမှာပဲ စျေးကွက်ထဲကို ဝင်ရောက်လာနိုင်ပြီးတော့ စျေးနှုန်းအနေနဲ့ လက်ရှိ Snapdragon 845 နဲ့ Mi Mix 3 ထက် ဘယ်လောက်ကွာခြားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : Xiaomi Blog

Zawyè (Akhayar) 

www.akhayar.com