Xiaomi ကနေ အခုအချိန်မှာ 64MP Primary Sensor အပြင် Quad Camera Setup ပါဝင်တဲ့စမတ်ဖုန်းကို ထုတ်လုပ်နေပြီဆိုတာကို အတည်ပြုထားပြီးဖြစ်ပါတယ်။ အဆိုပါ 64MP Camera ဖုန်းဟာ လာမယ့် ၂၀၁၉ ခုနှစ်ရဲ့ စတုတ္ထ ၃ လပတ်မှာ မိတ်ဆက်လာမှာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ဒီ 64MP Quad Camera Setup က ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို မြင်တွေ့ခဲ့ရပါပြီ။

 

Xiaomi ရဲ့ Vice President ဖြစ်တဲ့ Lu Weibing ကနေ အခု 64MP Quad Camera ဖုန်းရဲ့ Mass Production Video ကို Weibo Account မှာ တင်ထားခဲ့တာပါ။ Weibing ရဲ့ ပြောကြားချက်အရတော့ ယခု 64MP Quad Camera ပါတဲ့ Xiaomi ဖုန်းကို ပြီးခဲ့တဲ့ လဝက်ထဲက Mass Production စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Camera Setup ရဲ့ ပုံစံအရတော့ Vertical ပုံစံ Triple Camera Setup အပြင် ဘေးမှာ နောက်ထပ် Camera တစ်ခုပါဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘေးက ကင်မရာက လက်ရှိစမတ်ဖုန်းအများစုမှာသုံးနေသလိုမျိုး ToF Camera ဖြစ်လာနိုင်ပါတယ်။

ဒီ 64MP Quad Camera ပါဝင်တဲ့ စမတ်ဖုန်းဟာ Redmi Note 8 ဒါမှမဟုတ် Note 8 Pro ဖြစ်လာနိုင်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မကြာခင်မှာ သိရှိရမယ်လို့ ယူဆရပါတယ်။

Ref : GSM Arena