Xiaomi ကနေ Redmi ကို သီးသန့် Brand တစ်ခုအနေနဲ့ ခွဲထုတ်ခဲ့ပြီး ပထမဆုံးဖုန်းတစ်ခုအနေနဲ့ မိတ်ဆက်ခဲ့တဲ့ Redmi Note 7 က လက်ရှိ Xiaomi ကနေ ထုတ်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာ အအောင်မြင်ဆုံးလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ ဒီ Redmi Note 7 Series စမတ်ဖုန်းတွေရဲ့ ရောင်းအားကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက Xiaomi ကနေ ဒီ Redmi Note 7 Series စမတ်ဖုန်းတွေက အလုံးရေ ၁၀ သန်းကို ၁၂၉ ရက်အတွင်း ရောင်းချခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးတော့ အခုအချိန်မှာဆိုရင် မိတ်ဆက်ပြီး ၆ လအတွင်းမှာတင် အလုံးရေ ၁၅ သန်းရောင်းချခဲ့ရပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ကနေ ဒီ Redmi Note 7 စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းကိုပါ လျော့ချပေးခဲ့ပါတယ်။

Xiaomi ကနေ အခုအချိန်မှာ Redmi Note 7 RAM 6GB + 64GB Version ကို 1,399 Yuan ကနေ 1,199 Yuan ကို ချပေးခဲ့ပြီး RAM 6GB + 128HB Version Redmi Note 7 Pro ကိုလည်း 1,599 Yuan ကနေ 1,399 Yuan အထိ ချပေးသွားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Xiaomi Redmi Note 7 Series ဖုန်းတွေရဲ့ ရောင်းအားကတော့ မတရားကောင်းနေတာကတော့ ငြင်းလို့မရပါဘူး။

Ref : Gizmo China